Saturday, April 28, 2012

အာလူးနှင့်ဆေးပညာ




                    ယနေ့ ဂျပန်နိုင်ငံမှာ ဓာတ်စာဖျော်ရည် ခေတ်စားနေပါတယ်။ လူအများ စိတ်ဝင်စားလာအောင် စတင်ထုတ်ဖော်သူကတော့ ဂျပန်ဗုဒ္မဘာသာဘုန်းတော်ကြီး အရှင်" တိုမီဇာဝ " ပဲဖြစ်ပါတယ်။ ထင်ပေါ်ကြောကြားလာတဲ့ ဓာတ်စာဖျော်ရည်ကတော့ " အာလူးစိမ်းဖျော်ရည် " ဖြစ်ပါတယ်။
 ဂျပန်နိုင်ငံတစ်နိုင်ငံလုံးက အားလူးစိမ်းဖျော်ရည်ကြောင့် ရောဂါသက်သာပျောက်ကင်း သွားရတဲပလူနာတွေ ၊ လူနာရှင်ဆီကနေ ကျေးဇူးတင်ကြောင်း ရောက်လာတဲ့စာတွေကို လက်ခံရရှိခဲ့ပါတယ်။
            ဆရာတော်က ဒီနှစ် (2009) မှာ ကင်ဆာလူနာ အများအပြားဟာ ဒီအားလူးစိမ်းဓာတ်စာကို မှီဝဲခဲ့ပြီး ပမာဏတော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှတ်ခမ်းဝက ပြန်လာနိုင်ကြပါတယ်။
အာလူးစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။ အခွံ မခွာရပါဘူုး ။ အစို့ပေါက်လေးတွေရှိရင်တော့ ဖယ်ရှားပေးပါ ။ ပြီးတော့ အားလူးကို သခွားခြစ်လိုဟာမျိုးနဲ့ အစလေးတွေဖြစ်အောင်လုပ်ပါ ။ ပြီးမှ အဲဒီအစလေးတွေကို သန့်ရှင်းတဲ့ ပိတ်စိမ်းပါးနဲ့ ထုပ်ပြီး အရည်ရအောင် ညှစ်ယူရပါတယ်။ (အုန်းသီးညှစ်သလို ညှစ်ယူပါမယ်)။ အဲဒီအရည်ကို ခွက်ထဲမှာထည့်ပြီး အရသာကောင်းအောင်    ပျားရည်နည်းနည်းး ရောစပ်ပြီး သောက်ပါ ။   နေ့စဉ် တစ်ဖန်ခွက်ကနေ နှစ်ဖန်ခွက်အထိ မှီဝဲသွားရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ ၊ သွေးတိုးရောဂါ ၊ ခါးနာ ၊ ပခုံးနာ ၊ ကျီးပေါင်းတတ်ရောဂါတွေ ပျောက်ကင်းတယ်လို့ဆိုပါတယ်


စိတ်ချမ်းသာပြီးကိုယ်ကျန်းမာကြပါစေ။

Friday, April 20, 2012

လည်ပတ်သူတိုင်း သိစေချင်သည်၊၊

 Arakan citizens သို့ လာရောက်လည်ပတ်ကြသော မိတ်ဆွေများ အနေဖြင့် သတင်း၊ ဆေင်းပါးနှင့် အကြံဥာဏ်များပေးလို ပါက မည်သူမဆို ပေးပို့နိုင်ပါသည်၊၊
 ----------------------------------------------------------------------------------------------
 မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း

ဆေးပညာသည် ရောဂါကုသခြင်း၏ အနုပညာ နှင့် သိပ္ပံပညာ ဖြစ်သည်။ ဆေးပညာသည် ကျန်းမာရေး စေါင့်ရှောက်မှု (health care) တစ်လျှောက်တွင် လက်တွေ့ ကျကျပါဝင်ပြီး လူ့ ကျန်းမာရေးကို ကြိုတင်ကာကွယ်ရန် နှင့် ရောဂါကုသရေးတွင် အသုံးပြုခြင်းဖြစ်သည်။ ခေတ်ပေါ် ဆေးပညာသည် ကျန်းမာရေးသိပ္ပံ (health sicence)၊ ဇီဝဆေးပညာ၊ ဆေးဝါး နည်းပညာ (medical technology) တို့ကို ရောဂါ ရှာဖွေခြင်းမှသည် ခွဲစိတ်ခြင်း၊ ဆေးဝါးပေးခြင်း စသည့် ကုသခြင်းအထိ ပါဝင်သည်။ ဆေးဝါး နည်းပညာ နှင့် ဆေးခန်း နည်းစနစ် (clinical expertise) တို့သည် ခေတ်ပေါ် ဆေးပညာတွင် အမှန် အရေးကြီးသော်လည်း တကယ် အောင်မြင်ရေး အတွက်(၀ါ) [ရောဂါဝေဒနာခံစားရခြင်း] (suffering) မှ ရေရှည် လွှက်မြောက်ရေးအတွက်ဆိုလျှင် သာမန် လူသားတို့၏ စိတ်ခံစားမှု (feeling) နှင့် စာနာခြင်း (compassion) ကိုပါထဲ့သွင်း စဉ်းစားရမည်ဖြစ်ပြီး ဆိုလိုသည်မှာ ရောဂါကုသရေးတွင် အကြင်နာများလည်း လိုအပ်သေးသည်။

သမိုင်း
ရှေးလွန်ခေတ် (prehistoric) ဆေးပညာသည် သစ်ပင်၊ တိရစ္ဆာန် အပိုင်းစ နှင့် [ဓါတ်သတ္တု] တို့ ပါဝင်သည်။ များစွာသော အဖြစ်အပျက်များတွင် ၄င်းတို့ကို ဘုန်းကြီး၊ ဗိန္ဓောဆရာ၊ ဂိုဏ်းဆရာ တို့က ဂမ္ဗီရ နည်းတို့ဖြင့် ရောစပ်ပြီး ရိုးရာ ကုသမှု ပြုသည်။ လူသိများသော ဂိုဏ်းစနစ် တို့မှာ ရုပ်ပြဂိုဏ်း (animism) (အသက်မရှိသော အရာဝတ္ထု အား အသက်သွင်းခြင်း)၊ နာမ်ပြဂိုဏ်း (spiritualism) (နတ်ဘုရား၊ ဘိုးဘွား တို့အား ပသခြင်း)၊ နတ်ပူးခြင်း (shamanism) တို့ဖြစ်ကြသည်။ ဆေး မနုဿဗေဒ (medical anthropology) တွင် မျိုးစုံသော ရှေးလွန်ခေတ် ရောဂါကုထုံး တို့နှင့် လူမှုရေး တို့ကို လေ့လာသည်။

လက်တွေ့သဘော
ဆေးပညာ လက်တွေ့သဘော မှာ သိပ္ပံ နည်းကျကျ တွေ့ရှိချက်ကို အခြေခံသကဲ့သို့ ဆေးပညာ အသိသည် ပင်ကိုယ်ဉာဏ် နှင့် လူနာ တစ်ဦးချင်းစီ၏ ကုသထုံး အတွက် ဖြတ်ထိုးဉာဏ်မှာ အနုပညာပင်ဖြစ်သည်။ ဆေးပညာ၏ အဓိက သော့ချက်မှာ ကျန်းမာရေးအတွက် လူတစ်ဦးတစ်ယောက်က ဆရာဝန်၏ အကူအညီယူရာ၌ [လူနာ-ဆရာဝန်] အပေးအယူ ကောင်းဖို့ပင်ဖြစ်သည်။ အခြားဆေးပညာရှင်များ ဥပမာ သူနှာပြု၊ ဓါတ်မှန်ဆရာ၊ ရောဂါရှာဖွေသူ သည်လည်း လူနာနှင့် ထိတွေ့ရာတွင် မျိုးစုံ ပါဝင်ပတ်သက်လျှက်ရှိသည်။

ဆေးကုသမှု တွေ့ရှိချက်များ အရ၊ ကုသသူ တို့ လိုအပ်ချက်မှာ -
• လူနာနှင့် ရင်းနီးရန်
• အချက်အလက်များ စုဆောင်းရန် (ဆေးကုသမှု မှတ်တမ်း၊ ရောဂါနောက်ကြောင်း မေးမြန်းမှု (History Taking)၊ လူနာစမ်းသပ် စစ်ဆေးခြင်း[Clinical Examination]၊ ဓါတ်ခွဲခန်း နှင့် ဓါတ်မှန် စစ်ချက်[Laboratory and Radiology investigation]
• ကုထုံး ထုတ်ခြင်း (နောက်ထက် စစ်ဆေးရန်၊ ကုသထုံး၊ အသေးစိတ် လေ့လာခြင်း၊ လွဲပြောင်းပေးအပ်ခြင်း နှင့် နောက်ဆက် ချိန်းဆိုမှု)
• လူနာကို ကောင်းစွာ ကုသခြင်း
• ကျန်းမာမှု တိုးတက်ချက်ကို ကောင်းစွာ သုံးသပ်ခြင်းနှင့် လိုအပ်သလို ကုထုံး ပြောင်းလဲခြင်း
ဆေးကုသမှုကို ဆေးကုသမှု မှတ်တမ်း တွင် မှတ်ယူရမည်ဖြစ်ပြီး ၄င်းသည် တရားဝင် စာရွက်စာတမ်း ဖြစ်ကာ ဥပဒေ ဆုံးဖြတ်ရာတွင် သုံးသည်။

ဆေးပေး စနစ်
ဆေးကုသခြင်းကို ဆေးကုသမှု စနစ် (medical system) အရသာ ပြုကျင့်ရမည်ဖြစ်ပြီး၊ တရားဥပဒေ၊ ဆေးကုသမှု လက်မှတ် နှင့် ငွေကြေး ထောက်ပံ့မှု နည်းစဉ် များကို သက်ဆိုင်ရာ ယဉ်ကျေးမှု (သို့) အစိုးရက သတ်မှတ်ထားသည်။ ၄င်း ကျန်းမာရေး စေါင့်ရှောက်မှု (health care) စနစ်သည် ကုသမှု အရည်အသွေးကို များစွာ အကျိုးသက်ရောက်မှုရှိသည်။

စက်မှုနိုင်ငံ အများစု နှင့် ဖွံ့ဖြိုးပြီး နိုင်ငံ အများအပြားတွင် ကျန်းမာရေး စေါင့်ရှောက်မှုကို [တစ်ပြေးညီ ကျန်းမာရေး စေါင့်ရှောက်မှု] (universal health care) စနစ်ကျင့်သုံးပြီး ၄င်းသည် လူတိုင်း မယူမနေရ၊ သမဝါယမ(သို့) အစိုးရ၏ ကျန်းမာရေးအာမခံက ဆေးကုသမှု တန်းတူရေးကို အာမခံသည်။ (အမှန်တကယ် တော့ အခွန်မှရသော) ထိုအာမခံချက်သည် လူတိုင်း ကျန်းမာရေး စေါင့်ရှောက်မှု အပြည့်အဝရနိုင်ရန် (ငွေမရှိသော်မှ) အခြေခံ ခံစားခွင့်အဖြစ် ထားရှိခြင်းဖြစ်သည်။ ဆေးပေး စနစ် (delivery systems) သည် ပုဂ္ဂလိကပိုင်၊ အစိုးရပိုင် သို့မဟုတ် အလှူဒါနတို့မှ ကုသမှုပေးခြင်း ဖြစ်နိုင်သည်။

ဆေးပေးဌာန
ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွင် ပထမ၊ ဒုတိယ၊ တတိယ အဆင့် ဆေးပေးဌာန (delivery) ဟူ၍ ပိုင်းခြားထားသည်။
ပထမ အဆင့် ဆေးပေးဌာန တွင် ဆရာဝန်(သို့) ဆေးပညာသည် က ပထမဦးဆုံး လူနာနှင့်တွေ့ဆုံ ကုသသည်။ ၄င်းသည် ဆရာဝန် ရုံးခန်း၊ ဆေးခန်း၊ သူနာပြုရုံး၊ ကျောင်း၊ အိမ် သို့မဟုတ် လူနာရှိရာ တွင် ဖြစ်ပေါ်နိုင်သည်။ ၉၀ % ခန့်ကို ပထမ အဆင့် တွင် ကုသနိုင်သည်။ ထိုကုသမှုတွင် အပြင်းအထန် ရောဂါ၊ နာတာရှည်၊ ကြိုတင်ကာကွယ်ခြင်း နှင့် အသက်အရွယ် သို့ လိင်နှင့် ဆိုင်ရာ ပညာပေး တို့လည်း ပါဝင်သည်။

ဒုတိယ အဆင့် ဆေးပေးဌာန ကုသခြင်းတွင် အထူးကု ဆေးခန်းတွင်လည်းကောင်း သို့မဟုတ် နယ်ဆေးရုံ တွင် လည်းကောင်း ပထမ အဆင့် က လွဲအပ်လိုက်သော် ဆန်းစစ် ကုသပြီး လူနာ ကို ဆက်လက်ကုသသည်။ လက်လွဲမှုကို ဆေးပညာရှင် သို့ ကျွမ်းကျင်သူ က လူနာကို လွဲအပ်ခြင်းဖြစ်သည်။ ဒုတိယ အဆင့် တွင် လူနာတင်ယာဉ်၊ အတွင်းလူနာဆောင်၊ အရေးပေါ် ကုသခန်း၊ အသက်ကယ်စက်၊ ခွဲစိတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့် ကုသနည်း (physio therapy)၊ ကလေးမွေးဆောင်၊ မှန်ပြောင်းကြည့်ရောဂါရှဖွေခန်း (endoscopy unit)၊ ဓါက်ခွဲခန်း နှင့် ဓါတ်မှန်ခန်း ပါဝင်သည်။

တတိယ အဆင့် ဆေးပေးဌာန များသည် အထူးကုဆေးရုံများ ဖြစ်ကြပြီး နယ်ဆေးရုံ များတွင် မရရှိနိုင်သော ရောဂါ ရှာခြင်း နှင့် ကုသခြင်းတို့ကို ပေးသည်။ ၄င်းတို့မှာ အကြိတ်ကု ဌာန၊ လောင်ကျွမ်းကု ဌာန၊ အဆင့်မြင့် မွေးကင်းစ ကုသ ဌာန၊ အင်္ဂါအစားထိုး ကုသခြင်း၊ အန္တရာယ်ရှိ ကိုယ်ဝန်တည်ခြင်း၊ ကင်ဆာ ဓာတ်ကင်ခြင်း တို့ပါဝင်သည်။

ခေတ်ပေါ်ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် စာရွက်ပေါ်ကို မှတ်သားသေးသော်လည်း ယခုအခါကွန်ပျူတာနည်းစနစ်ဖြင့် မှတ်သားခြင်းက များများ လာသည်။

 ------------------------------------------------------------------------------------------------------