မြောက်ဦးခေတ်ကို သုံးပိုင်းခွဲကြည့်ကေ ခေတ်လယ်ဆိုစွာ
မင်းဘာဘုရင် သီရိသုဓမ္မရာဇါ
စိုးစံခုနှစ်ထိကို သတ်မှတ်နိုင်ပါရေ။ ခရစ်နှစ်-၁၅၃၁-က-ေ၆၃၈- ထိဖြစ်တေ။ အေ ခေတ်မာ ရခိုင်ဘုရင်ရို့  ၏ တန်ခိုးသြဇါရေ
အထွဋ်အထိပ်သို့  ရောက်ခရေ ။
နိုင်ငံရီး၊ စီးပွါးရီး စာပီ အပါအ၀င် ယိုင်ကျေးမူ စရေ အရာခပ်သိမ်းမာ ရခိုင်သားရို့  အပါအ၀င် ယိုင်ကျေးမူ စရေ အရာခပ်သိမ်းမာ ရခိုင်သားရို့ 
ရွှေထီးဆောင်း ဂုဏ်ယူနိုင်ရေ ခေတ်ဖြစ်ပါရေ။
အေ ရွှေထီးဆောင်းနိုင်ခရေခေတ်မာ စာပီရီးဟန်က ဇါပိုင်ဟိပါလေး။ ကျောက်စာပီစာ ၊ကျွန်းရွာ၊ တော၇ွာရို့ မာ လူမျိုးဓလေ့ ဘာသာဘာဝ သီဆိုကတ်တေ အရွေ့ ကဗျာတိက ကောက်နုတ်တင်ပြလားပါမေ။ ရီးဟန်ဆိုလို့  စကားပြင် ကဗျာလင်္ကကာ ရီးဟန်ရို့ ကို ခွဲခြမ်းစိတ်ဖြာတင်ပြစွာ မဟုတ်ပါ။ သဒ္ဒါဖွဲ့ စည်းပုံ သဘောကို အခြီခံဗျာ ၊ နာမ်၊ကြိယာ ၊ ၀ိဘတ်သုံးစွဲပုံလောက်ကိုရာ ချုံဗျာပြောလားပါမေ။ ယင်းပိုင်ပြောယက်ပင်း ရီးဟန်သုံးမျိုး ပုံသဏ္ဍန်ပေါ်လှာပါလိမ့်မေ။ ပထမရီးဟန်ကို ကျောက်စာနှစ်ခုက ၀ါကျအချို့ ကို ကောက်နုတ်တင်ပြဗျာ ယှင်းလင်းလားပါမေ။
(၁) ၁။ သက္ကရာဇ် -၉၁၅-တော်သလင်းလဆန်း
(၂) ငါးရက်-၅-တက်နိတပိုင် ငါးနာရီတွင် သီရိ
(၃) သူရိယဓမ္မရာဇါ အမည်တော်ဟိသော မင်းစောတည်တော်
(၄ ) ပြုခယ်သောဒုကံကျောင်းတွင် လယ်နင့်မြီ အရှေ့သျှစ်
(၅) သောင်း တောင်ခြီနင့် ( ရုပ်ရှင်တေးကဗျာ -၂၀၀၁-ခု-ဇူလိုင်-စာ-၅၃ )
၂---- သက္ကရာဇ်-၉၅၅-ခု တပိုပ်တွဲလဆန်း ငါးရက် -၄-နိ န၇ာဓိပတိရွှေနန်းသျင် မိန့် တော်မူသော ၀ါဆိုလတွင် အလိုတော်ပြည့်မည်ဟူ၍ ဆိုဝ်သည်မှန်သောကြောင့် ----လယ်ကိုသာစိုင်မြီဆက် စာစီ၍ ကံပဲထားသည်။ ရှေ့တော်ခံ ငရှူအ၊ ငရဲက္က နှစ်ယောက် အသံချချသှ် သံကျကသံပေါက်ထက်ပြင် အတောင်အမှတ်မယူပီ၏ ( ရခိုင်ညွန့် ဖူး ၊ ပညာဂုဏ်ရည် ပုံနှိပ်တိုက် ၊ရန်ကုန်၊ ၁၉၆၈-ခု-စာ-၉-)
အထက်ပါ သာဓကနှစ်ခုမာ အမှတ်((၁ ) သာဓကရေ အမေ မင်းဘာဘုရင် ( ၁၅၃၂-၁၅၅၄) လက်ထက် ရီးထိုးခစွာပါ။ အမှတ်(၂) သာဓကကို မင်းဘာမြီတော် မင်းရာဇါကြီး ( ၁၅၉၃-၁၆၁၂) က ရီးထိုးထခစွာပါ။
ကျောက်စာအရီးအသားနှစ်ခုမာ ယင်းခေတ် ရခိုင်သားတိ သုံေးရစကားလုံးတိကို သဒ္ဒါအမြင်နင့် အမျိုးအစားခွဲ ကြည့်ကေ နာမ်၊ ကြိယာ၊ ၀ိဘတ်လို့  သုံးမျိုး ထွင်လှာပါရေ။ သာဓက(၁) မာ ပါရေ နာမည် မပါဘဲ နာမ် ( ၁၆ ) လုံးပါရေ ။( သက္ကရာဇစ်၊ တော်သလင်း၊ လဆန်း၊ ရက်၊ တက်နိ၊ တပိုင်၊ နာရီ ။အမည်။ မင်းစော၊ ဒုတ်ကံ၊ ကျောင်း၊ လယ်။ မြီ။ အအခြာ၊ အရှေ့၊ သျစ်သောင်း ။ တောင်ခြီ ) ။
ကြိယာနှစ်လုံးပါရေ ။ ( ဟိ-စိ-တည်၊ ) ။ ၀ိဘတ် ( ၅ ) လုံးပါရေ ။ ( တော် - တော်၊ ခယ်၊ သော။ နှင် )
သာဓက( ၂) မာ နာမ် ( ၁၆ ) လုံ့းပါရေ ။ ( သကြစ်၊ တပို ၀်တွဲ လဆန်။ ရက်၊ နိ။ ရွှေနမ်ရှင်။ လယ်။ သာစိုင်မြီဆက် ။ ကံပဲ( ကမ`ညေ်း) ။ ရှေတော်ခံ။ ငရှအ၊ ငရဲက္က။ နှစ်။သံ။ သံကျသံပေါက်။ အတောင်အမှတ်။ ကြိယာ (၆ ) လုံးပါရေ ။ ( မိန့်။မူ။ စား။ချ။ယူ။ပီ ) ။ ၀ိဘတ် ( ၈ ) လုံးပါရေ ။ ( တော်။ကို။စီ။ဟူ၍၊ သည်။ထက်။အပြင်။ ၏ )
ကျောက်စာ ကောက်နုတ်ချက်နှစ်ခုက ထွက်လှာရေ နာမ်၊ကြိယ.ာ။ ၀ိဘတ်ရို့ နင့် နိုင်းယှဉ်ကြည့်ကေ တူစွာတိကိုလေး တွိရရေ ။ ကွဲစွာတိကိုလေး တွိရပါရေ။ တူစွာတိက နာမ်။ ကြိယာ။ စကားလုံးရို့  ဖြစ်တေ။ တစ်လုံးစီ စိစိနှံ့နှံ့ စစ်ကြည့်ကေ နာမ်စကားလုံး " အရှေ့၊ ရှေ့တော်ခံ ။ နှစ်လုံးရာ စိကေသျေ ပြောဖို့  ဟိပါရေ။ ယင်းယှင့်က ရှေ့ ဆိုရေ သရ ဖြစ်တေ။
အေနိ ရခိုင်အပြောမာ ရှိလို့ ရာ အိသရသံနင့် သုံးနီကတ်တေ။ ယင်းသရသံတခုက လွဲကေ ကျန်ရေ နာမည်စကား လုံးတိ အားလုံးမာ မြောက်ဦးခေတ်လယ်က စကားနင့် အေနိ ခေတ်စကားတူပါရေ ။ ကြိယာစကားလုံးတိကို နိုင်းယှဉ်ကြည့်ကေ လေ့သော့  ထပ်တူလို့  ပြောနိုင်ပါရေ ။ ဟိ တစ်လုံးရာ အသံစကေ တရွိရွိလျောလှာပါရေ ။ မြောက်ဦးခေတ်လယ်က ဟိ ကြိယာကို အထူးသဖြင့် စစ်တွေ တိကတော့ မသုံးကတ်ပါယာ။ သူရို့ က စံကျ မြန်မာစကားသံ ရှိ ( အသံထွက်ယှိ) လွှမ်းမိုးခံရပနာ ယှိလို့  ပြောနီကတ်ပါရေ ။ လယ်သမား ။ယာသမား ။ကျွန်းရွာလူထု အများစုကတောါ့ခါ ဟိ-ဟိန့် - လို့  သုံးနီကတ်စွာတိကို တွိရပါရေ ။ ။ ( မင်းဘာဘုရင် ကျောက်စာမာ အရှေ့သုံးစွာကို တစ်နီရာတည်းရာ တွိရပါရေ ။ ကျန်ရေ ၀ါကျတိမာ တော့ခါ အရှိ လို့ ချည်း ခုနှစ် နိရာ တောင် သုံးထားစွာ ကို တွိရပါရေ။ ယင်းခေတ်မာ အေ၇ှ့၊ အရှိ လို့  နှစ်မျိုး သုံးရေလို့  ဆိုရပါဖို့ ။ စကားချပ်။ ) နာမ်နင့် ကြိယာကို နိုင်းယှဉ်ကြည့်ပြီးကေ သဒ္ဒါကိုကိစ္စမာ ကောင်းကောင်း အရီးပါ အရာရောက်တေ ၀ိဘတ်( Particle ) စကားလုံ့း တိကို စစ်ကြည့်ကတ်ပါမေ။ ၀ိဘတ်စကားလုံး သျှေတိရေ သီးခြားအဓိပ္ပါယ် မဟိကေလဲ သော့ ၊ ၀ါကျဖွဲ့ စွာမာ တော့ ဗျာလ်။ သူမပါကေ နာမ်နင့် ကြိယာစကားလုံးတိ အသက်ဝင်လှာပါရေ ။ ၀ိဘတ်စကားလုံးသျေတိ အရီးပါပုံကို ဆရာကြီးဦးဝန် ( မင်းသုဝဏ်) ကမစ္စာတာ စတီးဝပ် ကျမ်းကိုးကားဗျာ အေပိုင် တင်ပြဖူးပါရေ ။
မြန်မာဘာသာတွင် နာမ် ၊ ကြိယာနင့် ပစ္စည်းများဟူ၍ အစိတ်အပိုင်း ( ( ၀ါစင်္ဂ) သုံးပိုင်းသာ ရှိသည်။ ပစ္စည်းများကို ( ၀ိဘတ်) များကို မှန်မှန်ကန်ကန် သုံးတတ်လျင် မြန်မာသဒ္ဒါကိစ္စ ပြီးတော့သည်။ ။( မြန်မာမူ ပထမတွဲ ။ တက္ကသိုလ်များ ပုံနှိပ်တိုက် ။ ၁၉၇၅ ။ စာ-၂၄-၂၅ )
အေအဆိုကို မှတ်ကျောက်သဘော သုံးပနာမြောက်ဦးခေတ်လယ်ကျောက်စာတိမာပါရေ ၀ိဘတ်တိကို အေခေတ်သုံး ရခိုင်စကားတိထဲက ၀ိဘတ်တိနင့် နိုင်းယှဉ်ကြည့်ကတ်ပ်ါမေ။ မှတ်ကျောက် သဘောသုံးရစွာ အကြောင်းရင်းက ရခိုင်စကားရေ ထားဝယ် ၊ အင်သား၊ ယော၊ ဓနု ၊ တောင်ရိုး၊ မွန် ရို့ ကပပိုင် မျိုးတူသံကွဲ မြန်မာဘာသာဖြစ်လို့  ၀ါစင်္ဂ သတ်မှတ်စွာမာ မြန်မာဗမာနင့် ယေဘူယျသဘောတူ နီကတ်တေလို့  ဖစ်ြပါရေ။ ကျောက်စာကောက်နုတ်ချက် တိက ၀ါကျတိမာ ( တွင် ။ တော်၊ ခယ်၊ ကို၊ စီ၊ဟူ၍ ၊ သည်။ ထက်။ အပြင်။၏) ဆိုရေ ၀ိဘတ်။ ( ၁၀ ) လုံ့းပါပါရေ ။ ယင်း(၁၀ ) လုံ့းမာ ၀ိဘတ်ကို မြောက်ဦးခေတ်မာ သုံးရေပိုင် အေနိအပြောမာလေးသော့ သုံးပါသီးရေ။ ( တွင်။ ဟူ၍ ၊ သည်။ နှင့် ။ ၏ ) ၀ိဘတ်ကိုတော့ခါ အေနိအပြောမာ မသုံးပါယာ။ ယေဇူးနင့် မြောက်ဦးခေတ်လယ်သုံးကျကေ ၀ိဘတ်သုံးနုံးးပုံရေ အေနိအပြောဝါကျက ၀ိဘတ်သုံးနုံးပုံနင့် ကွဲပြားနီခြားနားရေလို့  ဆိုနိုင်ပါရေ။ ကျောက်စာရီးဟန်နင့် အေနိအပြောဟန် ကွဲလွဲနီရေလို့  ကောက်ချက်ချနိုင်ပါရေ။ ယင်းပိုင် ၀ိဘတ်သုံးပုံ ညီစွာကို ကြည့်လို့  ယင်း ဟန်ကို အမျိုးအစားတစ်ခုလို့  သတ်မှတ်နိုင်ပါရေ ။
ပဇေါင်ဆိုကေ ယင်းကျောက်စာတိကိုက ၀ိဘတ်အသုံးဟန်နင့် ယင်းခေတ် အပြောအသုံးဟန်ရို့ က တူကတ်လား ကွဲကတ်လား ။ ရီးဟန် ကတမျိုး ပြောဟန်က တစ်မျိုးလား။
အေကိစ္စကို သိနိုင်အောင် ယင်းခေတ်က အပြောနင့် နီးစပ်တေ တေးကဗျာတိကို စိစစ်ကြည့်ကတ်ပါမေဖို့  လိုပါမေ။
မင်းရာဇါကြီးနင့် သားတော် အိမ်ရှိ မင်းခမောင်း ရို့  လက်ထက် မာ စာဆိုအမတ်ပညာဟိ အဖြစ် မင်းခမောင်းရေ စာဆိုတော်ကြီး ဥက္ကာပျံရေ မြောက်ဦးခေတ်လယ် မာ ထွန်းတောက်ခရေ ဧရာမ စာပီတန်ဆောင်ပင် ဖြစ်ပါရေ ။ ဥက္ကာပျံ၏ -၁၂- ရာသီ ရတု တေးဖက်သို့ နွယ်ရေ ကဗျာ မျိုး ဖြစ်တေအတွက် အပြောနင့် နီးစပ်ပါရေ။ ၀ိဘတ်တိသုံးရေအခါ ကျောက်စာမာပါရေ တွင် ၊ သည်။ ၏ ရို့ ကို အေနိ အပြောမာ သုံးရေ ၀ိဘတ်တိ လေးသုံးပါရေ ။ အောက်မာကြည့်ပါ။
( ၁ ) ဟေမန်ကုန်ပြောင်း ။ လတပေါင်းသည်။ ချမ်းဆောင်းနွီ ကာလ၊ တပါင်းမင်းလွင်၊ ရွက်ကျင်တောင်လီထက။ ၾကြီက်ပင္တကာ။ ပုရစ်နုဆောင်၊ သီကုံူးယောင်သို့ ၊ ခြောက်ရောင်စိမ်းခြည်ဖြာလျှက်၊ ရှူချေသော် လွမ်းဘွယ်ပင်တိ၊ ပွင့်သီးတကာပင်၊ ပင်တိုင်းမှာလည်းသည်၊ ချိန်ခါညီညှိသို့ ၊ ကြည့်သရွိလွမ်းယောင်ဖွီ။ တပေါင်းမင်း လွင်။ ရွက်ကျန်ရတုက။ ကုံးသီဟန်နှယ်မပြား၊ ဆယ်ချောင်း ထိပ်မိုး၊ ဖုန်းလျှံမျိုးကို ။ ရှိခိုးတောင်းပန်၏လေ ။ ( တပေါင်းလ )
( ၂) တန်ခူးကုန်ပြန်၊ တာသင်္ကြန်သည်၊ လွန်လတ်သည်။ ခုဆန်းမည်ကဆုန်လ၊ မောင့်ကြောင့်စိတ်ပူ၊ မွှေးသူ တတနှင့် -- ( ကဆုန်လ)
( ၃ ) --- ငှက်ဝါမူ တဌါန ။ ကြွင်းဆော်သည် လျှင်စွာ ရောက်ပျာလားဟု ---( တော်သလင်း )
( ၄ ) ရိုးခြင်းထဲတွင်း၊ အလွန်ပြင်း၍ ချမ်းခြင်းဇေါင်ဆိုးသည်တည်း -- ( နတ်တော်လ )
( ၅ ) --တမျက်တောင် မရှက်ချင်၊ ဆုမ်းရေ ဆုမ်းရေ - လမည်သည့်ကို -- ( တပိုးတွဲ )
( ဥက္ကာပျံ - ၁၂- ရာသီ ရတု- JBRS,Vol -13 part 11,1923 )
အထက်ပါကောက်နုတ်ချက်ကို လေ့လာကြည့်ကေ နာမ်၊ ကြိယာစကားလုံ့း သုံးစွဲစွာမာ အေနိအပြောနင့် မခြားနားကြောင်း တွိကတ်ပါဖို့ ။ ၀ိဘတ်သုံးစွဲပုံမာရာ ကွဲစွာကွဲ ၊ တူစွာတူ၊ ရောဗျာ သုံးစွာကို တွိရပါရေ။ နမူနာ ကောက်နုတ်ပြရကေ တွင် ။ သည်၊ သော်၊ စွာ၏ ၀ိဘတ်တိစွာ အေနိအပြောနင့် ကွဲလွဲရေစကားလုံးတိဖြစ်ပါရေ။ ယင်းစကားလုံးတိကို အထက်မာတင်ပြခရေ ကျောက်စာအရီးအသားမာလေး တွိရပါရေ။ ယင်းဝိဘတ်ကို သက်သီပြဗျာ ကျောက်စာဝိဘတ်သုံးပုံနင့် ကဗျာဝိဘတ်သုံးရေလို့  ဆိုနိုင်ပါရေ ။ ယေဒါလေးသော့ ဥက္ကာပျံရတုမာ သုံးထားရေ ဗျာ၊ ဇေါင်၊ ရေ ။ ၀ိဘတ်တိကိုတော့ခါ ကျောက်စာအရီးအသားမာ မတွိရပါ။ ယင်းဝိဘတ်ကို အေနိအပြောမာ တွိရပါရေ ။ အဖြေဇါထွက်လှာလေးဆိုပါကေ ဥက္ကာပျံ ရတုရေ ယင်းခေတ် စကားပြင်သုံး ၀ိဘတ်တိနင့် ယင်းခေတ် အပြောသုံးဝိဘတ်အပြောသုံး ၀ိဘတ်တိကို ရောနှောဗျာ သုံးစွဲခရေရေ စာမျိုးဖြစ်တေလို့  ထွက်လှပါရေ။ ယင်းပိုင်ရောနှော ရီးသားရေ စာမျိုးကို မြောက်ဦးခေတ်လယ်၏ ရီးဟန်ဒုတိယအမျိုးအစား တစ်ခုလို့  ဆိုနိုင်ပါရေ ။
ဥက္ကာပျံရတုပိုင် အ၇ီးအသားမျိုးကို ပိုးဝါဖွဲ့  ရခိုင်ကဗျာရှည်ကြီးနင့် သုတေသီအသျှင်စကိန္ဒ ဖေါ်ထုတ်တင်ပြရေ ပန်းတံမောင်နင့် သံတွဲသူဖွဲ့  ၊ သုတေသီ အသျှင် ဥာဏုတ္တရ စုဆောင်းရေ ကျီးတက်ဖွဲ့  ရို့ မာ တွိနိုင်ပါရေ ။ အောက်မာ စိသျေ ကောက်နုတ်ပြလိုက်ပါယင့်.။
( ၁ ) အရုပ်ဆင်းဝါ။ လှပိုးဝါ။ ၀တ်လတ်ပါရေ ။ ဘောင်းနက်ကေ ထမိန် ။ သုံးနှစ်သုံးလုံးပင် ၀တ်မကြီကေ ။ လက်မာ မာရေ လက်မာကြည့်လည်း ။ န၀ရတ်မျက်ရံ ။ အဘာပီး ကေ သိန်းသောင်းတန်ကို ။ နှစ်ချောင်းကိုရွှတ်၊ သျှစ်ချောင်းလက်မာ အပြည့်စွပ်လို့  ၀တ်လတ်တေလေ။
( ရိုးမခေါ်သံ ။ မောင်စံဖေါ် ။ ရခိုင်သားကြီးစာပေ ) ၁၉၈၈။ စာ-၁၆၇-၁၆၈ )
( ၂ ) --- မင်းသားရွှီရောင်၊ ပန်းတံမောင်ကကား။ ဘုန်းကြီးသခင်၊ ရွှီကျောင်းသျှင် ၊ ဓည၀တီ ၊ ရခိုင်မြို့ ကို ၊ ပြန်ရို့  လားခါ ၊ မြို့ မင်းးသမီး ၊ အထွီးလှစွာ၊ နာမေထားကေ ၊ ပန်းနီလာက ၊ တန်းကိုလက်ကိုင် တနားးမှိုင် ၊ တိုင်ကိုလက်ဆွဲ ၊ တနားနွှဲရို့  ။ နွှဲရို့  ရော်ခေါက်တက် ၊ ပန်းနီလာကား ။ မောင်လားရာကို ၊ မျော်ရို့ အပင်လေး၊
( ( ပန်းတံမောင်နင့် သံတွဲသူဖွဲ့  ) လက်ရီးမူ ။ ဦးစက္ကိန္ဒ -မြို့  သစ်ကျောင်း - ၁၉၇၇ )
( ၃ ) -- မြင့်မိုတောင်ရေ ။ လွန်ယောင်ကြီးခြင်း၊ သက်ကိုကြင်ကေ ၊ မွီးဘရင်းလေ၊ ဘရင်းတက်လည်း၊ မရချီသာ၊ ရွှီကျီးဝါနင့် ၊ မွီးကျီးဝါရေ ။ ခေါင်းခဲမှာလေ၊ ယဇေါင် ဇေါင်ရေ ယဇေါင်စကား၊ ညိုနှမမှာ ၊ ကြားလတ်ငြားလျင်၊ နှမသူငယ်၊ လှဝေသာခြေ၊ ညိုမောင်ထွီးကို ၊ ဆိုလတ်တေကား။ ငယ်ကချစ်သူ၊ ကြင်သူတက်ကေ ၊ ရွှီကျီးဝါနင့်၊ မွီကျီးဝါကို ၊ မြင်ရမေလေ။
( ဦးဥာဏုတ္တရ - လက်ရီးမူ- ဟုန်းနေဖျားကျောင်း - ဖလန်တောင် ။၁၉၇၄ )
အထက်ပါ ကောက်နုတ်ချက်တိရေ တေးခင်းဖက်သို့  နွယ်ရေစာမျိုးဖြစ်တေအတွက် အပြောညမာ သုံးရေ ၀ိဘတ် တေ။ ရေ။ လေ။ ဇေါင်၊ ရို့ ကို အားပြုဗျာ သီကုံးစထားစွာ တွိရပေါရ။ ယေဒါလေးသော့ အထက်ကျောက်စာ စကားပြင် အရီးအသားမာ တွိရရေ စွာ၊ လျင်၊ နင့် ရို့ ကိုလေး လက်မရွှတ်ဘဲ လိုကေလိုရေပိုင် အပြောသုံးဝိဘတ်နင့်ရောဗျာ သုံးလားစွာကို တွိရပါရေ။ ပိုးဝါဖွဲ့  ၊ ပန်းတံမောင်နင့် သံတွဲသူ ဖွဲ့ ရို့ ပိုင် အရွေ့ ကဗျာ ( တေးကဗျာ) ရို့ ရေ အများအားဖြင့် အပြောနင့် နီးစပ်ပါရေ ။ အပြောနင့် ထပ်တူလို့  ဆိုလောက်တေ အရွေ့ကဗျာကတော့ခါ ကျွန်းရွာက အသျှေမိတိ သီဆိုရေ သားချော့အရွေ့ ကဗျာတိုထွာ ရို့ ပင်ဖြစ်ပါရေ ။ နမူနာ စိသျှေတင်ပြပါမေ။
( ၁) ၀ရစ်တောင်စာတီ ။ လုံးပတ်ညီ၊ လုံးညီပွတ်တိုက်၊ အဖျားသျှေမှာ ရွှီခြည်ရစ်လို့ ၊ သျင်ချစ်ကေဘုရား၊ ဆယ့်ငါးပါး၊ ဖူးဇေါင်လားခါ---( စာ-၃၂-)
( ၂ ) ဒါးမကို ယူလီ ၊ ဒါးရှည်ကိုပစ်ခ၊ အဘာလာကေ၊ ပျားခွပ်ခ၊ အဘာဝါ အဘာ ဆုံခွပ် လားခယင့် ၊ ( စာ-၈၆ )
( ၃ ) -- ရိုးတောင်ကျော်လမ်း ၊ ကြက်ရိုးပင်မှာ၊ သဇင်ပန်းလေ၊ မောင်နမ်းလတ်ကေ ၊ လူမြင်ရေ ရှက်တေမချိ၊ ဗူးပွင့်ရံ ကြာတံဖဘက်ကို ရွှတ်ခဖိလေး --( စာ စာ -၈၆ )
( ၄ ) အမျေလေ ၊ ရောက်မလေ၊ မှိုဟင်းခူးဇေါင် လားကတ်မေ၊ ( စာ-၉၂ ) ( ရခိုင်သဘာဝတေးကဗျာ - အသျှင်စက္ကိန္ဒ - ရခိုင်သားကြီး စာပေ -၁၉၉၉ )
( ၅) ဇူးဝေေ၀ -- ဇူး - ဇူး
မိရင်ခွင်မာ တင်ကာယေကျူး ၊ ဖရင်ခွင်မာ တင်ကာယေကျူးကေ၊ သားဦးယေ ရတနာ ( စာ-၁၈-)
( ၆ ) အိပ်ချင်ယေကေ ။နီယေ၀င်ဖိ။ လွမ်းထိပ်တင်၊ ဖခင်သိကေ၊ ဆဲလိမေနှောင်း၊ နင်မကောင်းကေ၊ အကြောင်းတခါ ၊ ကျလီမေနှောင်း ( စာ-၂၇ )
( ၇ ) ကျောက်ရိုးစစ်ကေ တန်းတင်၊ ခယင်ကေရွတ်ရွတ်၊ ညိုမေနီ ခြင်စိုင်ယေဖြတ်၊ ရီခတ်လားခါ။ ၊ ဆွီလို့ ပါကေ။ စွာလေမောင်ယေ၊ လူလာရေကေ၊ ရှက်တေမချိ --( စာ-၆၇)
အထက်ပါအရွေ့ ကဗျာ ကောက်နုတ်ချက်တိကိုကျွန်း၇ွာအသျေမိတိပါးကစုဆောင်းသူသုတေသီရို့  ကောက်သင်းကောက် ယူစုဆောင်းပနာထားစွာဖြစ်ပါရေ။ဇါခေတ်ကပင်သီဆိုလာကတ်စွာလို့ တိတိကျကျကျမပြောနိုင်ကေ လေးသော့ ခေတ်အဆက်အဆက်လက်ဆင့်ကမ်းသီဆိုလှာကတ်စွာ အေနိဖြစ်ထိတိုင်ဖြစ်ပါရေ။ အေကဗျာသျှေတိမာ သုံးထားရေ၀ိဘတ်တိ ( ကေ ။ဇောင်၊ ခ။ယင့်လေ၊ ရေ ။ ယေစွာလေ၊ ) ကို အေနိအပြောမာ ရာ တွိရပါရေ ။ ကျောက်စာစကားပြင် တိပိုင် စကားပြင်အရီးအသားးရို့ မာ မတွိရပါ။ အထက်နမူနာ ကျော်ကစာ နှစ်ချပ်နင့် ဥက္ကာပျံ-၁၂- ရာသီ ရတုရို့ ရေ တခေတ်တည်းမှာ ရီးသားသီကုံးကတ်တေ စာတိဖြစ်ပါရေ ။ ယေဒါလေးသော့ ၀ိဘတ်သုံးပုံ ကွဲလွဲကတ်ပါရေ။ အရွေ့ ကဗျာမာသုံးရေ ၀ိဘတ်အချို့ ကို ဥက္ကာပျံကဗျာမာ တွိရေကေလေး ကျေက်စာမာ မတွိရပါ။ ယင်းခေတ် ရာဇ၀င် လျှောက်ထုံး အစဟိရေ စကားပြင်ကျမ်းတိမာ မတွိရပါ။ အေနိအပြောမာရာ တွိရပါရေ။ ယေဇူးနင့် အရွေ့ ကဗျာက ၀ိဘတ်သုံးဟန်ရေ မြောက်ဦးခေတ်လယ်မာသုံးရေ တတိယအမျိုးအစား ရီးဟန်တစ်ခု ဖြစ်တေလို့  ဆိုနိုင်ပါရေ။ ဥက္ကာပျံရတုက ကြွီက ၊ လီထ၊ လွမ်းဖွယ်တိ၊ အညီညှိ၊ ကြည့်သရွိ ၊ ရတုလီ၊ ကုံးသီ၊ စရေ အိ ။ အီး ။ သရသံ ကာရန်စပ်ဟန် ဆုမ်းရေ ဆုမ်းရေ ၊ လျှင်စွာ၊ ရောက်ပျာလား စရေ အပြောသုံးဝိဘတ် ဟန်ရို့ ရေ အရွေ့ ကဗျာတိမာ တွိရရေ သုံးဟန်နင့်တိနင့် စွပ်ပစ်တူနီပါရေ ။ အေနိပြောစကားမာလေးသော့ အိ။ အီး၊ အီး။ သရသံကရာ လွှန်းမိုးနီစွာကို တွိရပါရေ ။ ၀ိဘတ်သုံးစွာတိလေး အရွေ့ ကဗျာသုံး ၀ိဘတ်နင့် ထပ်တူပါဗျာလ်။
ယေဇူးနင့် အေနိပြောဟန်ရေ အရွေ့ ကဗျာသုံး တိနင့် တူနီညီရေလို့  ကောက်ချက်ချနိုင်ပါရေ။
မြောက်ဦးခေတ်လယ်က ပြောဟန်လေးသော့ အေနိပြောဟန်နင့် ကောင်းကောင်းမကွဲလွှဲနိုင်လို့  ဆိုသင့်ပါရေ ။ အထက်တင်ပြချက်တိကို အချုပ်သဘောပြောရကေ မြောက်ဦးခေတ်လယ်က စာရီးဟန်တိမာ ၀ိဘတ်သုံးဟန်သုံးမျိုး တွိရပါရေ ။ တမျိုးက ၏ ၊ သည်၊ ကို ၊ လည်း။ တွင်။ ဟူ၍။ ချေ။ နှယ်။ သော်။ စရေ ၀ိဘတ်သုံးဟန်မျိုး ဖြစ်တေ။ အေ၀ိဘတ်သုံးရီးဟန်ကို စကားပြင်သုံးဟန်မျိုးဖြစ်တေတေ။ ဒုတိယအမျိုးအစားက စကားပြင် သုံးဝိဘတ်နင့် အေနိဝိဘတ် အပြောသုံးဝိဘတ် က ကို လေး ( လည်း) ရေ -တေ၊ ပျာ။ယာ။ ယေ။ စွာ။ ယေ။ ဇေါင်၊ ရို့ ကို တေးဖက် သို့ နွယ်ရေ ရီး ဟန်တိမှာ အသုံးမာများပါရေ။
တတိယရီးဟန်က စကားပြင်သုံးဝိဘတ်၏ သည်။တွင်။ ဟူ၍၊ ချေ။နှယ်။ သော်၊ ရို့ ကို မသုံးဘဲ အေနိအပြောသုံးဝိဘတ်ကိုရာ အားပြုဗျာ သုံေးရ ရီးဟန်မျိုးဖြစ်ပါရေ။ အများအားဖြင့် အသျှေတိသီဆိုရေ အရွေ့ ကဗျာတိမာ တွိရပါရေ ။ အေပိုင်ရီးဟန်သုံးမျိုးမာ တတိယရီးဟန်ရေ အေနိအပြောနင့် ထပ်တူပင်ဖြစ်တေလို့  ဆိုနိုင်ပါရေ။ေ စကားနင့် စာမာ စကား ဦးဆောင်ပါရေ။ စာဆိုစွာက အက္ခရာသင်္ကေတနင့် မှတ်သားထားစွာဖြစ်တေ။ မြောက်ဦးခေတ်လယ်က စကားပြင် ရီးဟန်သုံး ၀ိဘတ်တိရေ ယင်းခေတ်က အပြောသုံးဝိဘတ်ဟန်နင့် အင်တန်များများ ခြားနားနီဗျာလို့  အထက်ကတင်ပြချက်ပါ အထောက်အထားတိက သက်သီပြနီပါရေ ။ စကားဆိုစွာ အမြဲပြောင်းရွိ နီရေအတွက် စာပီရီးဖွဲ့ ရေ ပုဂ္ဂိုလ်ရို့ က သူ့ ခေတ်အလိုက်စကားနင့် ကောင်းကောင်း အလှမ်းမကွာရအောင် ပြောင်းသင့်ယူရပါရေ။ ယင်းပိုင်မရာ ယင်းစာက ခေတ်မီနီပါဖို့  ။ သုံးရလွယ်ကူ အဆင်ပြီပါဖို့ ။
အေနိခေတ် ကိုယ့်ရခိုင်ဒေသထုတ် မဂ္ဂဇိန်းတိ မာ တွိရရေ ရခိုင်အရီးအသားတိရေ မြောက်ဦးခေတ်လယ်က တတိယအရီးအသားမျိုး ဖြစ်ပါရေ ။ မျက်မှောက်ကာလ အပြောကို အခြီခံဗျာ ရီးကတ်တေအတွက် ကိုယ့်ဘာသာစကား မကွယ်ပျောက်ရအောင် အလိုအလျှောက် ထိမ်းသိမ်းစောင့်ရှေက်ထားရေပိုင် အကျိုးသက်ရောက်စီပါရေ။ အေအရီးအသားကို ကလောင်သျင် တိုင်းက အမျိုးသားတာဝန်တရပ်နင့်  ၀ိုင်းဗျာရီးဖွဲ့ ကတ်ဖို့  ဆိုကေ ရခိုင်ကမ်းမြောင်မာ ရခိုင်စကားမအဓွန့် တည်မြဲပြီးကေ ရခိုင်စာပီလေးသော့ တရွိရွိ တိုးတက်ထွန်းပြောင်လာလိမ့်မေလို့  ယုံကြည့်ပါရေ ။။။။။။။။။။။။။

ရခိုင်ကျင် 12/01/2009
အခန်း(၁)
ကျင်အဓိပ္ပါယ်
“ကျင်” ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရွီးဖွဲ့ကတ်သည်ကို တွိရပါသည်။ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌ “လောကီဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး၊ ရှုမငြီးအောင်” ဟူ၍ူ ရွီးဖွဲ့ထားသည်။
ဆယ့်နှစ်လရာသီလင်္ကာတပိုဒ်တွင် “မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျွန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည်၊ ပန်းမဉ္စူကို၊ နီပူထိုးကေ၊ ညှိုးလတ်တေလည်း” ဟူ၍ူ ဖွဲ့ဆိုထားပြန်သည်။
လမုချောင်းဆရာကျော်မဲရွီးဖွဲ့သော မဟာဝိဟိံကရာဇဝင်လင်္ကာ (အပိုဒ်-၁၁၃) ၌ “ကခြေများဖြင့်၊ တီးကာရစ်မြည်၊ စည်ငါးမည်တည်း၊ သံရှည်ဟစ်ကြွေး၊ စုရုံးဝေးလျှက်၊ လက်ပွဲကျယင်၊ လုံးထွီးကျင်၍” ဟူ၍လည်းကောင်း
မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီးဦးကျော်ရင်သည် ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်း (၁၉၅၈-၅၉)၊ လုပ်သားပြည်သူ့နိစဉ်သတင်းစာ (၂၄-၈-၆၄) တွင် ကျင်နှင့်ပတ်သက် ဆောင်းပါးများကိုရွီးသားခရာ-
“ကျင်ဟူသည်မှာ ကျားနှင့်ယင် ဝေါဟာရနှစ်လုံးပေါင်းစပ်ဖြစ်ပေါ်လာရကြောင်း၊ “ကျားယင်၊ ယင်-ကျား” ကစပ်နည်းကိုအခြီခံ၍ ကျင်ဖြစ်ပေါ်လာရကြောင်းဆိုထားသည်။ “ကျားယင်” ကစပ်နည်း၊ ကျားကယင်ကို အုပ်ဖမ်းလိုက်၊ ယင်က ယှောင်ပြီးလိုက်နှင့် ယင်အကောင်နှစ်ဆယ်ကို ကျားနှစ်ကောင်က အနိုင်လိုက်ဖမ်းရန်အကွက် ရွှိကစပ်နည်းကိုအခြီမှီပြီး ကျင်သန်နှစ်ဦး ဖမ်းလိုက်၊ ခံလိုက်၊ ပစ်ချလိုက်နှင့် မြီသို့ကျအောင် ကစပ်ရသော နည်းအတတ်ပညာ” ဟူ၍ ယှင်းပြထားသည်။
တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများ (ရခိုင်) (၁၉၇၆) စာအုပ်၌ကား “ကျင်ဟူသည်မှာ ကျားလျှင်မှ ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ ကျားသည် သားကောင်ကိုဖမ်းသည့်အခါ လျှင်မြန်သည့်အဟုန်ဖြင့် ဖမ်းအောင်းရသကဲ့သို့ ဖြတ်လတ်လျှင်မြန်ရသည့်အတွက် “ကျားလျှင်” ဟုခေါ်ရာမှ ကျင်ဖြစ်လာသည်” ဟုဆိုထားသည်။
သဇင်နွယ် (မန္တလေးတက်ကသိုလ်) ၏ လက်နှိပ်စက်မူ ကျင်စာတမ်းငယ်၌ “ကျားကဲ့သို့ ခွန်အားဗလနှင့် ပညာကိုအသုံးချကိုင်ရသည့် အားကစပ်နည်းဖြစ်သည့် “ကျားအင်” လို့ခေါ်ရာမှ “ကျင်” ဖြစ်လာကြောင်းဆိုထားပြန်သည်။
ရမ္မာဝတီပညာစာရနှင့် လှအောင်ရွှေရို့ရွီးသားသည့် “ရမ္မာဝတီတေးကဗျာများစာအုပ်” (၁၉၉၀) တွင်းလည်း ရမ်းဗြဲဒေသိယသဘာဝတေးကဗျာတချို့ကို တွိရပြီး ထိုကဗျာများထဲတွင် ကျင်ဝေါဟာရနှင့်ပတ်သက်၍ “ကျအယင်၊ ကျီးယင်၊ ကျယင်၊ ကျအားယင်” စသည်ဖြင့် အမျိုးမျိုးအသံထွက်ကာ ဖွဲ့ဆိုရွီးသားထားသည်ကို တွိရသည်။ ကဗျာတပိုဒ်ကိုထောက်ပြရလျှင် -
“ရွာဘုံကေရာ သောင်းလဲ၊ များဘုံဆင်ကေ၊ ရွာတွင်လူများ၊ ကျအင်တိုက်တေ ထိုပွဲလယ်မှာ၊
မျှောကာကြည့်ကေ၊ ဝမ်းနည်းနည်းနှင့်” ဟူ၍ ဒေသိယလီသံဖြင့် ဖွဲ့ဆိုထားသည်ကို တွိရပါသည်။ မြောက်ဦးခေတ်တွင် ဓမ္မရာ (ထမရာ၊ အမရာ) မင်းသား ကျင်အတတ်ပညာသင်ယူပုံနှင့် ပတ်သက်၍ “ထမရာဖွဲ့” ၌ -
“ကျောက်တလင်းတွင်၊ ပျော်ပွဲရွှင်သောင်းသဲ၊ ကတူပွဲနှင့်၊ ပျော်ပွဲသဘင်၊ ကျင်ခြင်းသင်၍၊ ကာကောင်းခြင်းနှင့်၊ သိုင်းခြင်းသုံးဆယ်၊ သင်လတ်တေလေး။ ဒိုင်းခြင်းသုံးဆယ် သင်လတ်တေလေး။ စစ်ဆုတ်စစ်တက်၊ သင်လတ်တေလေး” ဟူ၍ တွိရသည်။
မဇ္ဈိမဒေသအရေးတော်ပုံကျမ်းနိဒါန်းရှည် (စာ-ငဲ) တွင်လည်း -
“ရခိုင်သားရို့သည် ဗဒုံမင်း၏ခိုင်းစေခြင်းအမျိုးမျိုးကို လုပ်ဆောင်ကတ်ရသည်။ ၎င်းရို့မှာ အမရပူရနီပြည်တော်တွင်ကျင်းပသော ပွဲလမ်းသဘင်များတွင် အတီးအမှုတ်၊ အကအခုန်၊ ကျယင်စသော ဖြေဖျော်မှုများ လားရောက်ဆောင်ရွက်ရ၏။” ရခိုင်ရာဇဝင်သစ်ကျမ်း (ဒုတွဲ)(စာ ၂၉၆) (ရခိုင်သားကြီးစာပီထုတ်) တွင်လည်း -
“ဒါးပိုင်ကြီးကျော်ပုံလည်း လေးတောင်စားလျှောက်ထားသည်ကိုသိလီလျှင် လျှောက်ထားရာသလောဟု အချက်ဝင်၍ လက်ဝှေ့ကျေးယင်ပွဲဆင်၍ သဘင်ပြုကြရာတွင် အကျူးအလွန်ပြုသည်ဟု လေးတောင်စားခေါ်မဲလွယ်ရို့ ညီအစ်ကိုသုံးယောက်ကို ဖမ်းယူလျှက် ဒါးပိုင်ကြီးကျော်ပုံသည် သတ်လီ၏။” ဟူ၍လည်းတွိရသည်။
ကျင်နှင့်ပတ်သက်၍ စကားပုံ၊ ဥပမာတချို့လည်းဟိသည်။ “အဘကျင်သန်၊ သားအင်တန်” “ကျင်သန်အို ကြက်နှင်မရ” “ကစပ်ကြီးကေ ကျင်ဖြစ်တေ” စသည်ဖြင့်ဖြစ်သည်။
မြန်မာ့အဘိဓာန်ကျမ်း (ပတွဲ) (၁၉၉၁) ၌ ကား -
ကျင် (ကြိ) ။ မြီကြီးနှင့်ရောနီသော ရွှေမှုန့်၊ ငွေမှုန့်များကို ကျင်ခွက်တွင်ထည့်ကာ ရီတွင်သဲ့ယူသည်။
ကျင် (ကြိ) ။ တတ်မြောက်လိမ်မာသည်။ “လူ့ပြည်နတ်ပြည်၊ ဘုံသုံးထပ်တွင်၊ နိုင်အံ့မထင်၊ ပညာကျင်သည်၊ ထွတ်တင်မော်ကွန်းထား၏တည်း”
ကျင်ကိုင် (ကြိ)(ရခိုင်) ။ တဦးနှင့်တဦး၊ အနိုင်အယှုံးလုံးသတ်သည်။ တောင်ကျော်ကိုင်သည်၊ နပန်းလုံးသည် - ဟူ၍ဖြစ်သည်။
သို့ဖြစ်၍ ကျင်ဝေါဟာရအဓိပ္ပါယ်ကို နိဂုံးကောက်ချက်ချပါက ကျင်ဆိုသည်မှာ ကျင်ပင်ဖြစ်သည်ဟု၍ ဆိုရပေမည်။ ကျွမ်းကျင်သည်။ ကျင်လည်သည်။ ကျင်ပစ်ချသည်ဆိုသည့် အဓိပ္ပါယ်ပင်မဟုတ်ပါလား။
အခန်း (၂)
ကျင်သမိုင်းကြောင်း
ကျင်သမိုင်းကြောင်းနှင့်ပတ်သက်၍ တောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်းအပါအဝင် ရခိုင်ရာဇဝင်ကျမ်းတချို့၏အလိုအရ လက်ပန်းသည်ရို့ လက်ပန်းသတ်ကြသည်ကို ၀ါသုဒေဝ၊ ဗလဒေဝခေတ် (ဘီစီ ၆၀၀ ကျော်လောက်က) ရှိဦးစွာ ဒွါရာတီခေတ်ကပင်ဟိကြောင်း ဖော်ပြထားသည်။ ဝါသုဒေဝ၊ ဗလဒေဝရို့ မင်းညီနောင်တကျိပ်သည် ဦးရီးတော်ကံသမင်းကြီး ထောင်ချောက်ဆင်ကျင်းပသည့် လက်ပန်းသတ်ပွဲ၌ စာရုယလက်ပန်းသည် မုဠိအလက်ပန်းသည်ရို့နှင့် လုံးသတ်အနိုင်ရပြီးနောက် ပြည်သိမ်းပုံများကို ရွီးဖွဲ့ထားသည်။ ဦးရာဇ်တောင်ဘုရားသမိုင်းလင်္ကာ “ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး ရှုမငြီးအောင်” ဟူ၍ရွီးဖွဲ့ထားသည့်အတွက် ကျင်ကိုလက်ပန်းလုံးပွဲဟုလည်းခေါ်သည်။
ပါမောက္ခချုပ်ဦးကျော်ရင်၏ “ရခိုင်ရိုးရာအတတ် ကိုယ်ပိုင်ပညာကျင်ပွဲ” (ရခိုင်တန်ဆောင် ၁၉၅၈) ဆောင်ပါးတွင် -
“ရှိရခိုင်မင်းဆက်များလက်ထက်တွင် ဘီလူးကို အသီသတ်ခသော ကျင်သမားဟုဟိသည်။ ထိုနည်းတူ မွန်မင်းများလက်ထက်တွင်လည်း အသားမင်းသားမှာ ခုနစ်တောင်မြင့်သော ကုလားလန်ဘားနှင့် နပန်းလုံးသတ်ခသည်။ မြန်မာရာဇဝင်တွင်လည်း ရန်မန်ထွေးသည် မိကျောင်း၊ ကျား၊ ဆင်ရို့နှင့်နပန်းလုံးကာ သတ်ပုတ်အောင်မြင်၍ အနန္ဒသူရိယဘွဲ့ကိုပင် ရဟိခသည်။ အသားမင်းသား ကုလားလန်ဘားနှင့် နပန်းသတ်သည်မှာ ရာဇဝင်အရ နှစ်ပေါင်းထောင်ကျော်ဟိလတ်ပြီ။ ကမ္ဘာပေါ်တွင်လည်း နပန်းလုံးအတတ်ပေါ်ပေါက် ခေတ်စားသည်မှာ နှစ်ပေါင်းထောင့်ငါးရာကျော်လတ်ပြီ။ ဤအကြောင်းနှစ်ရပ်ကိုထောက်၍် ရခိုင်ပြည်တွင်လည်း ကျင်အတတ်ပေါ်ပေါက်ခသည်မှာ နှစ်ပေါင်းတထောင်ထက်မလျော့နိုင်ဟု တွေးမိသည်။” ဟူ၍ သုံးသပ်ပြထားသည်။
ဝေသာလီခေတ် စူဠစန္ဒြားမင်းလက်ထက်၌ အမတ်ကြီးဓမ္မဇေယျသည် “ဗျည်း-၃၃ လုံးလှီလှော်သံ” ကိုစပ်ဆိုခသည်။ ယင်းလှီလှော်သံကို ကျင်သန်ကြီးများက ပြိုင်တူရွတ်ဆို၍ စည်ကြီးဗြိန်းစောင်းတီးကာ ပြိုင်လောင်းကြီးများကိုလှော်၍ ရခိုင်ရီတပ်မကြီးဖြင့် စစ်ချီထွက်ကြောင်းဆိုထားသည်။ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း (ပဉ္စမတွဲ) (ယဉ်ကျေးမှုကဏ္ဍ) စာ-၁၈၈ ၌ -
“ရှိခေတ်ရီတပ်မတော်များတွင် စစ်ချီထွက်သောခါ သန်မာထွားကျိုင်းသူကျင်သန်ကြီးများက လှီကိုလှော်ခတ်ရသည်။” ဟူ၍ ရွီးထားသည်။ ၎င်းလှီလှော်သံကိုအကြောင်းပြုလျှက် ပြိုင်လောင်းသံကျပ်များ စပ်ဆိုခသည်။
“ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တိရာတက်ပျာစီးလို့၊ မဟာလောင်းကြီးထွက်လို့လာ” (ရခိုင်ညွန်ဖူး၊ ၁၉၆၈--စာ-၈၃) “ကိုးဆယ့်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တပြီး၊ စည်တတီး” စသည်ဖြင့်ဖြစ်သည်။ မြောက်ဦးခေတ် “ထမရာဖွဲ့” ၌လည်း ကျင်ခြင်း၊ ကာခြင်း၊ သိုင်းခြင်း၊ ဒိုင်းခြင်းအတတ်ပညာများ သင်ယူပုံကိုဖွဲ့ဆိုထားဟိပြီးဖြစ်သည်။ အမရပူရနေပြည်တော်၌ ကျင်ဖြေဖျော်မှုပြုလုပ်ပုံကိုလည်း “မဇ္ဈိမဒေသအရေးတော်ပုံကျမ်း” ၌ တွိရသည်။ ရုပ်ဝတ္ထုသက်သီအဖြစ် သျှစ်သောင်းဘုရားလှိုဏ်ဂူပတ်တွင်း၌ ကျင်းအားကစပ်နည်းဆိုင်ရာ ရုပ်လုံးရုပ်ကြွများ ထွင်းထုထားသည်ကို ကနိထိ တွိမြင်နိုင်သည်။
ဤအကြောင်းအချက်များကိုဆက်စပ်၍ ကျင်အားကစပ်နည်းအတတ်ပညာသည် ရှိခေတ်အဆက်ဆက် ရခိုင်မင်းများလက်ထက်ကပင် ဆင်းသက်လာသည့် နည်းပညာရပ်ဖြစ်သည်ကို တိတိကျကျပြောနိုင်သည်။ ရှိရခိုင်မင်းများလက်ထက်ကပင် ရခိုင်ရိုးရာကျင်ပွဲများကို မင်းညီလာခံနန်းတွင်းသဘင်များ၌ ကျင်းပလာမြဲဖြစ်သည်။
တိုင်းပြည်အဝှမ်း မြို့ပြကျွန်းရွာဒေသများ၌ စည်စည်ကားကား ထူးထူးခြားခြားကျင်းပသည်။ ကျင်ပွဲ၊ ပြိုင်လောင်းပွဲများသည် ရခိုင်ရို့၏တိုက်ရေး၊ ခိုက်ရေး၊ စစ်ရေးအတွက်လည်းကောင်း၊ စည်းလုံးညီညွတ်မှု၊ အားမာန်တက်ကြွမှု၊ ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုများအတွက်လည်းကောင်း၊ နန်းတွင်းနန်းပြင်၊ မြို့ပြကျွန်းရွာမကျန် စည်ကားမြိုင်ဆိုင်စွာကျင်းပသည့် ပညာတရပ်ဖြစ်သည်။ ကျွန်းပွဲ၊ ရွာပွဲ၊ ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဈာပနပွဲ၊ မယ်တော်ပျံပွဲ၊ သင်္ကြန်ပွဲ၊ ပြိုင်လောင်းပွဲ၊ ရထားပွဲစသည့် ပွဲတော်တိုင်း၌ ကျင်ပွဲမပါလျှင်မပြီးဆိုလောက်သည်။
ရခိုင်ရိုးရာအက “ကျင်ယိမ်း” ၌ -
“ကျယင် ကျင်၊ ဖမ်းလူခံလူ၊ တူတူလုံး၊ ဒုန်းဒုန်းလည်းချ၊ အကျလည်း ယင်၊ ကျယင် ကျင်၊ ရခိုင်သားရို့ကြိုက်တေ ရခိုင်ကျင်၊ ခေါ်တွင်လာကတ်၊ အားကစပ်၊ ပွဲတိုင်းမလွတ် သူပါဝင်” ဟူ၍ စပ်ဆိုထားသည်။
ကျင်ခေတ်ဦးက တပွဲလုံး၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ဘုရင်၊ မိဖုရားရို့ကိုယ်တိုင် “ပန်းစည်းဆု” ချီးမြှင့်ကြောင်းသိရသည်။ ထိုသို့ ဆုချီးမြှင့်ပုံစနစ်သည် ရှိဂရိပြည် အိုလံပစ်ပွဲ၌ “လောရယ်” (ခေါ်) သစ်ခွပန်းစည်းဆု ချီးမြှင့်ပုံနှင့်တူကြောင်း သဇင်နွယ်၏စာတမ်းငယ်၌ ရွီးသားထားသည်။ ယခုထိကျင်သန်များအား “ပန်းဆု”ဟူ၍ူ ချီးမြှင့်သည်ကို တချို့နီရာများ၌ တွိရသိမ့်သည်။
ရှိက ကျင်ပွဲကိ ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူ၍ ခွဲခြားကျင်းပသည်။ ပထမတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ရွှေမောင်ဆု၊ ဒုတိယတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ငွေမောင်းဆုများချီးမြှင့်သည်။ ရွှေမောင်း၊ ငွေမောင်းများမှာ တစ်ကျပ်၊ တစ်ကျပ်ခွဲထိ အလီးဟိပြီး တံဆိပ်ခပ်နှိပ်ကာ ပိုးကြိုး၊ သိုးမွှီးကြိုးကျစ်၍ လိုင်ဖင်း၌စွပ်၍ ချီးမြှင့်သည်။ အင်္ဂလိပ်စာလက်ထက်က အင်္ဂလိပ် “မယ်လ်ဒေးလ်” တံဆိပ်မျိုးခပ်နှိပ်ကာ ရွှေတံဆိပ်၊ ငွေတံဆိပ်များကို ချီးမြှင့်ခကတ်သည်ဟုဆိုသည်။ ကနိခေတ်ထိ ရွှေမောင်း၊ ငွေမောင်းဆုများကို ရှိမူမပျက်ချီးမြှင့်ကျင်းပမြဲဖြစ်သည်။ ကျင်တခေတ်ဆန်းသစ်လာသော ကနိကာလ၌ ကားကျင်ပွဲများကို ခေတ်နှင့်အညီ ဆန်းသစ်တီထွင်ကာ ရွှေမောင်းဆုများကျည်း ချီးမြှင့်ကျင်းပလာလတ်သည်။
ရခိုင်တော်ဝင်ဂန္ဓဝင်မြောက် ရခိုင့်ကျင်ကို မပျောက်မပျက်၊ တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ရန်မှာ မျက်မှောက်ခေတ် ရခိုင်သားတိုင်း၏တာဝန်ဖြစ်သည်။
အခန်း(၃)
ကျင်ပညာ၏နက်နဲပုံ၊ စနစ်ကျပုံနှင့် အကျိုးသက်ရောက်ပုံ
(က) နက်နဲပုံ၊ စနစ်ကျပုံ
(၁) ကျင်ပညာသည် ပြင်းပြင်းထန်ထန် ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဖက်အား အနာတရဖြစ်အောင် ဒေါမာန်ဖြင့်ကြံဆတိုက်ခိုက်သည့် နည်းပညာမဟုတ်။ (ဦးက္ခောင်း၊ ဒူး၊ တန်းတောင်၊ ခြီဖနာင့်၊ ခြီစောင်း၊ ခြီဖဝါး၊ လက်စောင်း၊ လက်ဝါး၊ လက်ညှိုး၊ လက်သီးစသည်များကိုသုံးပြီး (ထိုး၊ ရိုက်၊ ကျောက်၊ ကန်) သတ်ပုတ်ခြင်းမျိုး လုံးဝမပါဝင်ချေ။
(၂) ကျင်ပညာ အဖမ်းသားအနီဖြင့် လက်နှင့်ခြီကို အသုံးချသည့်အခါ (ထိုး၊ ရိုက်၊ ကျောက်၊ ကန်၊ သတ်ပုတ်) တိုက်ခိုက်ရန်အတွက်မဟုတ်ပဲ (ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ်) ရန်အတွက်သာလျှင် အသုံးချရသည်။
(၃) အခံကျင်သန်သည်လည်း အဖမ်းကျင်သန်က (ဆွဲ၊ ငင်၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်) လာသည့်အခါ စည်းကမ်းနည်းလမ်းတကျ (ယှောင်၊ ထွက်၊ ချွတ်၊ ထုတ်၊ ခါ၊ ပစ်၊ ပြန်ပစ်) ရန်အတွက်သာ မိမိ၏လက်နှင့်ခြီကို အသုံးချရသည်။ နာကြင်ကျိုးပဲ့အောင် ကြံစည်တုံ့ပြန်ခွင့်လုံးဝမဟိ။
(၄) အဖမ်းသားအခွင့်အရေးအနီဖြင့် အခံသားလက်ကိုဆွဲနည်း၊ မောင်းသတ်၊ မောင်းလိမ်၊ မောင်းကျပ်၊ မောင်းဖွင့်၊ မောင်းပြန်၊ မောင်းလွှဲနည်း၊ ခြီပေါက်နည်း၊ ချိတ်နည်း၊ ကော်နည်း၊ လိမ်နည်း၊ ကျစ်နည်း၊ ပစ်နည်း စသည်ဖြင့် လက်၊ ခြီများကို ကိုင်ပုံ၊ ပေါက်ပုံ၊ ကျစ်ပုံ စနစ်တကျဟိသည်။
(၅) အခံသားအခွင့်အရေးအနီဖြင့် ထိမ်းကိုင်၊ ဆီးကိုင်နည်း၊ ရုန်းယှောင်ထွက်နည်း၊ ခြီချွတ်လက်ချွတ်နည်း၊ ခါနည်း၊ ပစ်နည်း၊ ပြန်ပစ်နည်း၊ အပြန်ပစ်နည်းများသီးခြားစီ အပြန်အလှန်စနစ်တကျဟိသည်။
(၆) အဖမ်းသားကျင်သန်ကို အခွင့်အရေးပိုပီးထားပြီး ယင်းအခွင့်အရေးကို အခြင်း၊ အကွက်ဖြင့် စနစ်တကျ ကျင်ပညာအသုံးချကိုင်ကာ အခံကျင်သန်အားအနိုင်ရအောင် ပစ်ချရန်ဖြစ်သည်။ အခံသားကျင်သန်သည်လည်း အဖမ်းသားကျင်သန် ထိုကဲ့သို့ လုံးဖမ်းကိုင်တွယ်သမျှ ငုံ့ခံနီရုံမဟုတ်ပဲ အခံကျင်သန်၏ခုခံခွင့်အတတ်ပညာကိုပါ တီထွင်ဖန်တီးထားသည်။ အဖမ်းသား၏လုံးဖမ်းကိုင်တွယ်ခွင့်နှင့် အခံသား၏ခုခံကာကွယ်ခွင့် ပညာနှစ်ရပ်ကို သူတလှည့်ကိုယ်တလှည့်၊ သူတပြန်ကိုယ်တပြန် ကိုင်ခွင့်ပြုလျှက် ပညာစွမ်းပြရသည့် အားကစပ်နည်းပညာရပ်ဖြစ်သည်။
(၇) ကျင်ကွင်းနည်းအမျိုးမျိုး ပုံစံတကျဟိသည်။
(၈) ကျင်ခြင်း၊ ကျင်ကွက်၊ ကျင်ဖမ်းနည်း၊ ကျင်ခံနည်းများ စနစ်တကျ ကျယ်ကျယ်ဝန်းဝန်း ဟိသည်။
(ခ) ကျင်ပညာ၏အကျိုးသက်ရောက်ပုံ
(၁) ကျင်ပညာသည် လူငယ်ရို့၏ တကိုယ်ရည်စွမ်းရည်ပြည့်ဝမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အရေးပါသည့် နည်းပညာရပ်ဖြစ်သည်။
(၂) ဇွဲ၊ သက္တိကိုခိုင်မာစီသည်။ အခက်အခဲကို တဦးတည်း ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ်ကျော်ရဲသည့်ုစိတ်ကို ရဟိစီသည်။
(၃) တက်ကြွမှုအားမာန်ကို ရစီသည်။
(၄) ယုံကြည်ချက်ပြည့်ဝစီပြီး ပြတ်သားခိုင်မာစီသည်။
(၅) ယုတ်ညံ့သိမ်ဖျင်းစိတ်၊ အားငယ်ကြောက်ရွံ့စိတ်များကို ကင်းပျောက်စီသည်။
(၆) မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ် မြင့်မားစီသည်။
(၇) ဆုံးဖြတ်ချက်တရပ်ကို မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာချမှတ်လုပ်ကိုင်ဆောင်ရွက်လိုစိတ်ခိုင်မြဲစီသည်။
(၈) ကျန်းမာကြံ့ခိုင်သန်စွမ်းမှု၊ လျှင်မြန်ဖျတ်လတ်မှုဖြစ်စီသည်။
(၉) လူ့ဘောင်ဝန်းကျင်နှင့် ပေါင်သင်းဆက်ဆံရေးကိုတိုးတက်စီသည်။
(၁၀) အများအကျိုး၊ ဦးဆောင်ဦးရွက်ပြု ပါဝင်ဆောင်ရွက်နိုင်ရန် ကာယ၊ ဉာဏ်စွမ်းရည်များကိုပြည့်ဝစီသည်။
သို့ဖြစ်၍ ဤအမျိုးသားရေးလက္ခဏာ၊ အမျိုးဂုဏ်ပေါ်လွင်စီသည့် အမျိုးသားယဉ်ကျေးမှု
အစစ်အမှန်ဖြစ်သည့် ကျင်အားကစပ်နည်းပညာရပ်ကို ရခိုင်လူငယ်တိုင်း နားလည်ကျွမ်းကျင်တတ်မြောက်အောင်ကြိုးစားပြီး လက်ဆင့်ကမ်းထိန်းသိမ်းရမည်။ သို့မှသာ ကျင်ပညာ၏ဂုဏ်ရည်၊ အမျိုးသားဂုဏ်ရည် ပိုမိုတိုးတက်တောက်ပြောင်လာမည်ဖြစ်သည်။
အခန်း(၄)
ကျင်သန်များနှင့် ကျင်အတန်းအစားခွဲခြားပုံ
(က) ကျင်သန်အတန်းအစားခွဲခြားပုံ
(၁) ကျင်သန်။ ။ ကျင်အတတ်ပညာတတ်ကျွမ်းပြီး ခန္ဓာကိုယ် သန်မာထွားကျိုင်းသူအားလုံးကိုပေါင်းရုံး၍ ကျင်သန်ဟုခေါ်သည်။
(၂) ကျင်သန်ချေ။ ။ ကျင်ပညာသင်စ၊ ကျင်ကိုင်စ၊ အသက်အရွယ်ငယ်နုသော သူလူငယ်များ၊ ငွေမောင်းတန်း (အငယ်တန်း) ၌ ဝင်ကိုင်စလူငယ်များကို ကျင်သန်ချေ (ကျင်သန်ငယ်) ဟုခေါ်သည်။
(၃) ကျင်သန်ကြီး။ ။ ကျင်ပညာရည်ပြည့်ဝပြီး ကျင်ပွဲများစွာကိုင်ဖူးပြီး ပွဲအတွိအကြုံရင့်ကျက်သည့် အားခွန်ဗလပြည့်စုံသည့် ကျင်သန်၊ ရွှေမောင်း၊ ငွေမောင်း အကြိမ်ကြိမ်ရဖူးသည့်ကျင်သန်မျိုးကို ကျင်သန်ကြီးဟု ခေါ်သည်။ အထူးသဖြင့် ရွှေမောင်းတန်း (အကြီးတန်း) မှ ရွှေမောင်းရကျင်သန်ကြီးများကို ခေါ်သည်။
(၄) ပြည်ကျင်သန်ကြီး။ ။ ပြည်ကျင်သန်ကြီးဆိုသည်မှာ ကျင်လောက၏ အထွတ်အထိတ်ဂုဏ်ပုဒ်ပင်ဖြစ်သည်။ ရခိုင်ပြည်ဒေသအနှံ့က ပွဲတိုင်းလိုလို၌ ရွှေမောင်းမြောက်များစွာရဟိထားပြီး၊ ပရိသတ်ကြိုက်နှစ်သက်သော ကျင်သန်ကြီး၊ အင်အားနှင့်ပညာရပ်၌ အံ့မခန်းလောက်အောင် ထူးချွန်ပြည့်စုံပြီး လေးစားချီးကျူးထိုက်သော ပုဂ္ဂိုလ်မျိုးကို ပြည်ကျင်သန်ကြီးအဖြစ် ပြည်သူရို့နှုတ်ဖျားမှ ကင်းပွန်းတပ်ပီးသည့် ဘွဲ့ဖြစ်သည်။ အဆင့်မြင့်ဆုံး ပြိုင်စံယှား ကျင်ပညာသျှင်များဖြစ်သည်။
(ခ) ကျင်အတန်းအစားခွဲခြားပုံ
(၁) ရှိအစဉ်အလာ ကျင်အတန်းအစားခွဲခြားပုံ
ရှိအစဉ်အလာအရ ကျင်ပွဲကို ရွှေမောင်းတန်း၊ ငွေမောင်းတန်း အတန်းနှစ်မျိုးခွဲခြားကျင်းပသည်။ ရွှေမောင်းတန်းမှာ ရွှေမောင်းဆု၊ ငွေမောင်းတန်းမှာ ငွေမောင်းဆု ချီးမြှင့်သည်။ ရွှေမောင်းတန်း၌ နိုင်မောင်း (ပထမဆု)၊ ကျမောင်း (ဒုတိယ) ပီးသကဲ့သို့ ငွေမောင်းတန်း၌ ထိုသို့ချီးမြှင့်သည်။ ငွေမောင်းတန်း၌ ပွဲမြောက်များစွာကိုင်ဖူးပြီး ငွေမောင်း (ပထမဆု) အကြိမ်ကြိမ်ရဖူးကာ ကျင်အတွိအကြုံရင့်ကျက်သူ၊ အားအင်လည်းပြည့်စုံသူကို ရွှေမောင်းကျင်သန်အဖြစ် တန်းတင်၍တိုက်တတ်သည်။ ရွှေမောင်းတန်းကျင်သန်မှာ ငွေမောင်းတန်း၌ဆင်းကိုင်ခွင့်မဟိ။ ငွေမောင်းတန်း၌ တက်ရောက်ယှဉ်ပြိုင်ကိုင်နိုင်ခွင့်ဟိသည်။
(၂) ခေတ်သစ်ကျင်အတန်းအစား ခွဲခြားပုံ
ကနိ ရခိုင်ပြည်၏ အထင်ကရကျင်ပွဲကြီးတချို့ ၌ ကျင်ကိုခေတ်နှင့်အညီတိုးတက်အောင် တီထွင်ကြံဆကျင်းပလာပြီးဖြစ်သည်။ မိမိအသက်အရွယ်အလိုက် ကြီးငယ်မရွီး ကျင်သန်တိုင်း ကျင်ကိုင်ခွင့်ရစီရန်စီစဉ်ပြီး ကျင်အတန်းအစားများကို အောက်ပါအတိုင်း ခွဲခြားကျင်းပလာသည်။
(က) သက်ကြီးတန်း (ကျင်အိုတန်း)
(ခ) အကြီးတန်း (ပထမတန်း)
(ဂ) အလတ်တန်း (ဒုတိယတန်း)
(ဃ) အငယ်တန်း (တတိယတန်း)
(င) တန်းသစ်
မမျှော်လင့်ပဲ မတန်တတန် ယှုံးနိမ့်လားရသည့်ကျင်သန်များ၊ မပြတ်သားအယှုံးပီးလားရသည့် ကျင်သန်များ၊ ပရိသတ်အကြိုက် (သို့မဟုတ်) ကျင်ကော်မတီများအကြိုက် ကျန်သန်များကိုလည်း (မောင်းမရပဲ ယှုံးလားရသည့်ကျင်သန်ထဲမှ) ရွီးထုတ်ပြီး တိုက်ပီးသည့် စိန်ခေါ်မောင်း (စိန်ခေါ်ပွဲ) သို့မဟုတ် (ကြည့်ချင်ပွဲ) ဟူ၍လည်း စီစဉ်ကျင်းပပီးတတ်သည်။
အန်း(၅)
ကျင်ကိုင်ပုံ
အခြီခံသဘောမိတ်ဆက်
(က) ကျင်ကိုင်ပုံ ယျေဘုယသဘော
ကျင်ကိုင်သည်ကို ကျင်လုံးသည်ဟုလည်းဆိုသည်။ ကျင်ကိုင်၊ ကျင်လုံးရန်အတွက် ကျင်သန်နှစ်ဦး ဟိရမည်။ ကျင်သန်နှစ်ဦး ကျင်ကိုင်သည်ကို ကျင်တပူး (သို့) ကျင်တည်းတတည်း (သို့) ကျင်တွဲတတွဲအဖြစ် သတ်မှတ်သည်။ ကျင်တည်း ကျင်ကိုင်ရန်အတွက် (အဖမ်း) နှင့် (အခံ) ကို ရွီးချယ်ပီးရသည်။ ကျင်သန်တဦးကဖမ်းပြီး ကျန်တဦးက ခံပီးရသည်။ ကျင်ဖမ်းသူကို အဖမ်းသား (သို့) အဖမ်းကျင်သန်(သို့) အဖမ်းလူဟုခေါ်ပြီး ကျင်ခံပီးသည့်သူကို အခံသား(သို့) အခံကျင်သန် (သို့) အဖမ်းလူဟုခေါ်သည်။ ဖမ်းလှည့်ကိုရသော ကျင်သန်က လက်မောင်းနှစ်ဖက်ကိုမြှောက်ကားကာ စဖမ်းရပြီး၊ အခံလှည့်ကျသည့်ကျင်သန်က လက်မောင်းနှစ်ဖက်ကို နံဘေးမှာကပ်၍ လက်ဖျားပိုင်းကို ရှိသို့တောင့်တောင့်ပီးထားကာ ကိုယ်ကိုကိုင်းညွတ်ဦးတည့်ပြီး သတိဖြင့်ခံပီးရသည်။
အခံသားခြီနှစ်ဖက်ကိုလည်း ပြိုင်မရပ်ဘဲ ရှိနောက်ဟန်ချက်ညီညီ ထားပြီးခံရသည်။ အဖမ်းသားကစပြီး လှန်၊ ဖက်၊ ဆွဲ၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်နိုင်သည်။ ကျင်ခြင်း၊ ကျင်ကွက်ဖြင့်ပစ်ချနိုင်သည်။ ထိုသို့ အဖမ်းသားက ဆွဲ၊ ဖမ်း၊ လှန်၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်ရန် ကြိုးစားလာသည့်အခါ ပစ်ချလာသည့်အခါ တချိန်တည်းတပြိုင်တည်းမှာ အခံကျင်သန်ကလည်း ဖြုတ်၊ ဆီး၊ ကာ၊ ချွတ်၊ တိုး၊ ကန်၊ ရုန်း၊ ထွက်၊ ကာခွင့်ဟိသည်။ ပြန်လည်ပစ်ချခွင့်ဟိသည်။
(ခ) ကျင်တည်းပုံ၊ ကျင်တိုက်ပုံ ယျေဘုယျသဘော
ကျင်သန်နှစ်ဦး ကျင်တတည်းစီးတွဲပြီးနောက် “ကျင်တလင်း” (သို့) “ကျင်ကွင်း” ထဲ၌
ကျင်တိုက်ရသည်။ “ကျင်တည်း” များကို “ကျင်တည်းအဖွဲ့” (ကျင်စာရင်းထိန်းကော်မတီ) ကတည်းပီးပြီး၊ ၎င်းကျင်တည်းများကို ကျင်ကွင်းထဲသို့ ကျင်ကိုင်ဖို့လာရောက်ပါရန် “ပြန်ကြားရေးကော်မတီ” ကဖိတ်ခေါ်ပီးရသည်။ ကျင်သန်နှစ်ဦးစလုံးရောက်ဟိက ၎င်းကျင်တည်းကို “ကျင်ဒိုင်အဖွဲ့” ထဲမှ ကျင်ဒိုင်နှစ်ဦးတာဝန်ယူကြီးကြပ်ပြီး ကျင်တိုက်ရသည်။
တာဝန်ယူကြီးကြပ်မည့် ကျင်ဒိုင်နှစ်ဦးစီကို ကျင်တွဲနှင့်တွဲဖက်၍ “ကျင်တည်းအဖွဲ့က” နာမည်ကြော်ငြာပီးရသည်။ ကျင်တလင်းအကျယ်အဝန်း၊ ကြီးကြပ်ကျင်ဒိုင် အရွီအတွက်အပေါ်မူတည်၍ ကျင်တည်းများကို တတည်းကနီ၊ လေး၊ ငါးတည်းထိ တပြိုင်တည်းတိုက်နိုင်သည်။ ကျင်တလင်း၌ ကျင်ဒိုင်အဖွဲ့က ကြီးကြပ်သည်။ တချို့ပွဲ၌ “ကျင်ဒိုင်ချုပ်” ဟူ၍ သီးသန့်ထားပီးသည်။ သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကျင်တည်းကို အဖမ်းအခံသတ်မှတ်ပီးရသည်။ ကျင်တတည်း၏အယှုံးအနိုင်ကို ကြီးကြပ်ကွင်း ကျင်ဒိုင်များ၏အဆုံးအဖြတ်ဖြင့်မကြေနပ်ပါက “ကျင်ခုံသမာဓိအဖွဲ့” (ကျင်အကဲဖြတ်လူကြီးအဖွဲ့) ထံ စောဒကဝင်တင်ပြနိုင်သည်။ ကျင်ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်သည် နောက်ဆုံးအပြီးအပြတ်အတည်ဖြစ်သည်။
(ဂ) ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်
ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်ကို အနှစ်ချုပ်သာဖော်ပြပါမည်။ အဖမ်းသားက အခံသားကို ခြီတကြိမ် ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်၍ အခံသားမကျပဲ ရုန်းလွတ်လားပါက အဖမ်းတခေါက်ပြီးလားပြီးနောက် တကြိမ်ထပ်ဖမ်းရသည်။ နောက်တကြိမ်လည်း အဖမ်းသားက ခြီတင်၊ ပေါက်ချိတ်၊ လိမ်ကျစ်ပစ်၍ အခံသားမြီပေါ်မကျပဲ လွတ်လားပါက အဖမ်းနှစ်ခေါက် ပြီးလားပြီဖြစ်သည်။ နှစ်ခေါက်ရာ ခြီတင်ပစ်ခွင့်ဟိပြီး အခံသားက ပြန်ဖမ်းရမည်ဖြစ်သည်။ ကျင်တည်းတတည်း၏အယှုံးအနိုင်သတ်မှတ်ပုံကို အောက်တွင် ဇယားဖြင်ဖော်ပြထားသည်။
ဥပမာ။
စဉ်....... မောင်ဖြူ........... မောင်နီ............ ကျသူ................... အနိုင်ရသူ
(က)
…….....အဖမ်း ...............အခံ ................မောင်နီကျ............. မောင်ဖြူနိုင်
..........အခံ ..................အဖမ်း .............မောင်နီကျ..............
(ခ)
.….... အဖမ်း ..............အခံ ...............မောင်ဖြူကျ............. မောင်နီနိုင်
..........အခံ .................အဖမ်း .............မောင်ဖြူကျ
(ဂ)
.…....အဖမ်း ..............အခံ................ မောင်နီကျ................. မောင်ဖြူနိုင်
........အခံ................ အဖမ်း................ မောင်နီဖမ်းမရ
(ဃ)
……....အဖမ်း ............အခံ ..................မောင်နီကျ
..........အခံ ...............အဖမ်း ................မောင်ဖြူကျ
..........အဖမ်း ............အခံ ...................မောင်ဖြူကျ
.........အခံ ................အဖမ်း ................မောင်နီကျ
.........အဖမ်း .............အခံ ...................မောင်ဖြူဖမ်းမရ
..........အခံ ...............အဖမ်း .................မောင်နီဖမ်းမရ
အဖမ်းတခေါက်၊ အခံတခေါက်စီ သူတလှည့်ကျနီပြီး အယှုံးအနိုင်မရဖြစ်နီပါက “အဖမ်း၊ အခံ” ကိုပြန်၍ “အသစ်တဖန် မျောက်ပန်းလှန်ပီး၍ ဖမ်းသူမှာ ခြီတခေါက်ရာ ပေါက်ချိတ်၊ လိမ်ဖမ်းခွင့်ပြုရပါသည်။ ကျသူကို အယှုံးပီးရသည်။ လုံးဝအယှုံး၊ အနိုင်မရပါက အယှုံးအနိုင်ကို မျောက်ပန်းလှန်၍ ဖြစ်စီ၊ မဲဖြင့်ဖြစ်စီ ဆုံဖြတ်နိုင်သည်။
အခန်း(၆)
ကျင်ပွဲကျင်းပရေးကော်မတီများ
ကျင်ပွဲကျင်းပရေးကော်မတီအသီးသီးသည် မိမိရို့၏လုပ်ငန်းတာဝန်ဝတ္တရားများကို ဆုံးဖြတ်လုပ်ပိုင်ခွင့်ဘောင်အတွင်းမှနီ၍ ပြည့်ပြည့်ဝဝကြိုးပမ်းဆောင်ရွက်ရသည်။ ကျင်ပွဲ၌ ဖွဲ့စည်းရမည့် လုပ်ငန်းကောမတီများမှာ --
(က) ကျင်ခုံသမာဓိအဖွဲ့ (ကျင်အကဲဖြတ်လူကြီးအဖွဲ့)
(ခ) ကျင်ဒိုင်အဖွဲ့
(ဂ) ကျင်တည်းအဖွဲ့ (ကျင်စာရင်းထိန်းအဖွဲ့)
(ဃ) ပြန်ကြားရေးအဖွဲ့
(င) ကျင်ဇေပြား ရောင်းချရေးအဖွဲ့
(စ) ကျင်ဇေပြားကို (ဆုငွေ) ပြန်ပီးရောင်းချရေးအဖွဲ့
(ဆ) ကြိုဆိုနီရာချထားရေးးအဖွဲ့
(ဇ) ကျင်တလင်း၊ ကျင်မဏ္ဍပ်ပျင်ဆင်ရေးအဖွဲ့
(ဈ) ကျင်ပွဲအခမ်းအနားပျင်ဆင်ရေးအဖွဲ့
(ည) ကျင်သန်များဆုခံစဉ် လိုက်ပါကူညီရေးအဖွဲ့
(ဋ) လျှပ်စစ်မီးတပ်ဆင်ရေးအဖွဲ့
(ဋ္ဌ) စာရင်းထိန်း၊ စာရင်းစစ်အဖွဲ့….စသည်ဖြင့်ဖြစ်သည်။
ကျင်ပွဲ၌ အဓိကကဏ္ဍမှပါဝင်ရသည့် “ကျင်ဒိုင်အဖွဲ့” ၏ တာဝန်နှင့် ကျင့်ဝတ္တရားများကို ဆက်လက်ဖော်ပြပါမည်။
(ခ) ကျင်ဒိုင်အဖွဲ့၏တာဝန်နှင့် ကျင့်ဝတ္တရားများ
(၁) တာဝန်များ
(၁) ကျင်ဒိုင်များသည် မိမိနှင့်သက်ဆိုင်ရာကျင်တည်းများကို ကျင်တလင်းသို့ ခေါ်ယူပြီး ခါးစည်းကြိုးကို မှန်ကန်စနစ်တကျနှောင်စီးရမည်။ ဘောင်းဘီဖြင့်ကျင်ကိုင်းခြင်းကို တားမြစ်ရမည်။
(၂) အန္တရာယ်ဖြစ်စီနိုင်သည့် လက်ဝတ်ထည်များကို ဝတ်ဆင်ထားသည့်ကျင်သန်ကို ယင်းလက်ဝတ်ထည်အား ချွတ်ထားဖို့ပြောရမည်။ လက်သည်းရှည်ကျင်သန်များကို ချက်ချင်းလှီးဖြတ်စီရမည်။
(၃) ကျင်သန်နှစ်ဦးအတူ ပရိသတ်ကို ရှိခိုးအရိုအသေပြုပြီးမှ ကျင်ကွင်းထဲသို့ဝင်စီရမည်။
(၄) ကျင်သန်နှစ်ဦးကို ဒေါသမပါဘဲ၊ ချစ်ကြည်ရင်းနှီးစွာဖြင့် လက်ဆွဲနှုတ်ဆက်ပြီးမှ စည်းကမ်းနှင့်အညီ ကျင်ကိုင်စီရမည်။
(၅) ကျင်သန်နှစ်ဦး ဖမ်းလှည့်၊ ခံလှည့်ကို စည်းကမ်းအတိုင်း စီစည်ဆုံးဖြတ်ပီးရမည်။
(၆) ကြီးကြပ်ကျင်ကိုင်ဒိုင်နှစ်ဦးသည် မိမိရို့နှင့်သက်ဆိုင်ရာကျင်တည်းကို မျက်ခြီမပြတ် စိစပ်သေချာစောင့်ကြည့်နီရမည်။ ထိုင်မနီရ။ တနီရာတည်း၌ ရပ်မနီရ။ ကျင်းတည်းနှင့်အတူ လိုက်ပါလှုပ်လျှားနီရသည်။
(၇) ကျင်သန်နှစ်ဦး အဖမ်းအခံကို အငြင်းပွားပါက သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ဆုံးဖြတ်ပီးရမည်၊ တွန်းပစ်ချမှုမျိုးမဖြစ်ရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်သည်။
(၈) ကျင်သန်နှစ်ဦး သတ်မှတ်ကျင်တလင်းနီရာ၌သာ ကျင်ကိုင်နိုင်စီရန်နှင့် လူထုထဲ (သို့) စည်းအပြင်သို့ တွန်းချမှုမျိုးမဖြစ်စီရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်ရမည်။
(၉) ကျင်တလင်းသည် စည်းအပြင်ဘက် လူထုထဲသို့ပစ်ချခြင်း။ ကြိုးဝိုင်းစည်းပေါ်၌ ပစ်ချခြင်းမျိုးကြောင့် ကျင်သန်တဦးကျလဲလားပါက အယှုံး၊ အနိုင်၊ မပီးပဲ ပြန်ကိုင်စီရမည်။
(၁၀) ကျင်သန်တဦးဦး ကျင်ကိုင်၍ တကြိမ်ပြီးသဖြင့် အနားယူခွင့်တောင်းပါက ပီးသင့်က ပီးရမည်။ တကြိမ်မှာ (၁၅) မနစ်ထက် ပိုအနားယူခွင့်မပီးရ။
(၁၁) ကျင်သန်တဦးဦး ကျင်ကိုင်နီစဉ် စည်းကမ်းဖောက်ဖျက်မှုဟိပါက သတိပီးတားမြစ်ရမည်၊ ထုတ်ပယ်သင့်သည်ထင်မြင်က ကျင်သမာဓိထံ တင်ပြအတည်ပြုချက်ယူရမည်။
(၁၂) ကျင်ဒိုင်သည် ကျင်တတည်းတိုက်ပြီးတိုင်း အယှုံးအနိုင်ကို ကျင်တည်းအဖွဲ့သို့ ပြန်လည်တင်ပြပီးရမည်။
(၁၃) ကျင်တွဲများကို ကျင်ကွင်းအနီအထားကိုကြည့်ပြီး ထုတ်တိုက်ရမည်။ ကျင်တည်းမများစီရ။
(၁၄) ကျင်ကွင်း၌ ကျင်တည်းမပြတ်စီရန်လည်း ဂရုစိုက်ရမည်။
(၁၅) ကျင်သန်များ ကျင်ကွင်းပြလိုက စီစဉ်ပီးရမည်။
(၁၆) ကျင်သန်များသည် ကျင်ပွဲမစမီကပင် ကျင်တလင်း၌ အဆင်သင့်ဟိနီရမည်။
၂။ ကျင်ဝတ္တရားများ
(၁) ကျင်ဒိုင်များသည် ကျင်တည်းတတည်း၏အယှုံးအနိုင်ကို ချက်ချင်းမှန်ကန်တိကျ ပြတ်သားစွာ ဆုံးဖြတ်ပီးနိုင်ရမည်။ ကျင်ဒိုင်နှစ်ဦးစလုံး ဆုံဖြတ်ချက်မှန်ရပါမည်။
(၂) ကျင်သန်များ ကျင်ကိုင်နီစဉ်ဖြစ်စီ။ အနားယူနီစဉ်ဖြစ်စီ တဦးတဖက်ကိုမျှ အားပီးအမြှောက်ပြောခြင်း၊ အကြံပီးခြင်း လုံးဝမလုပ်သင့်။
(၃) ကျင်သန်တဦးဦး ကျင်နိုင်သည့်အခါ ဝမ်းသာအားရလက်ခုပ်တီးခြင်း၊ ထပြီးကျင်ကွင်းခြင်းများ လုံးဝမလုပ်သင့်။
(၄) အဖမ်းကျင်သန်က အခံကျင်သန်၏ခါးကို ကိုင်ဖက်ထမ်းထားလျှင် အဖမ်းသားကို လွှဲပစ်မချစီရန် ချက်ချင်းတားပြီး အခံသားကိုအကျပီးရမည်။ အခံသားအကျမခံလိုက ပစ်ချခွင့်ပြုရမည်။
(၅) ကျင်ဒိုင်များသည် ကျင်ကိုင်နည်းပညာ၊ ကျင်ကိုင်းခြင်းစုံစုံလင်လင်ကို နှံ့စပ်အောင်သိထားရမည်။
(၆) ကျင်ဒိုင်အတွိအကြုံရင့်ကျက်အောင် ကြိုးစားရမည်။
(၇) ကျင်စည်းကမ်းများကို ပြည့်ပြည့်စုံစုံသိထားရမည်။
(၈) ဘက်လိုက်မှု လုံးဝကင်းယှင်းပြီး သမာသမတ်ကျရမည်။
(၉) ကျင်သန်များနှင့် ကျင်ပွဲကာလ၌ ရောရောနှောနှောမနီသင့်။
(၁၀) လာဘ်ပီးလာဘ်ယူ လုံးဝကင်းယှင်းရမည်။
(၁၁) ကျင်ဒိုင်များ ဆီးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း လုံးဝယှောင်ကြည်ရမည်။
(၁၂) ကျင်ဒိုင်များ သက်လုံကောင်စီရန် လေ့ကျင့်ခန်းများလုပ်သင့်သည်။
(၁၃) ကျင်သန်းများအပေါ်၌ ကြောသားရင်သားမခွဲခြားဘဲ စိတ်ထားစေတနာမှန်ရမည်။
(၁၄) ကျင်တိုက်နီချိန် ကျင်ဒိုင်အချင်းချင်းဖြစ်စီ၊ တခြားသူများနှင့်ဖြစ်စီ စကားပြောမနီသင့်။
(၁၅) ကျင်ဒိုင်ဝတ်စုံစနစ်တကျ၍ ဝတ်ဆင်ကြီးကြပ်သင့်သည်။
အခန်း(၇)
ကျင်ပွဲကျင်းပခြင်း
ကျင်ပွဲကို ကွင်းအဖွင့်ရတုဆို၍ မင်္ဂလာစည်တော်များတီးခတ်ကာဖွင့်လှစ်သည်။ ကျင်းကွင်းကို နံ့သာရည်များပက်ဖြန်းရသည်။ ကျင်တည်း (ကျင်တွဲ) များကို စမတင်မှီ မင်္ဂလာကျင်တည်းများကို စ၍တိုက်လေ့ဟိသည်။ ကျင်တိုက်ရာ၌ ကျင်စည်တီးပီးရသည်။ ကျင်စမတိုက်မှီ စာရင်းဝင်ကျင်သန်များ ကျင်ကွင်းထဲ၌ ကျင်ကွင်းပြရသည်။ ကျင်ကိုင်၍ ကျင်တတည်းနိုင်သူကို “နှစ်ခေါက်နိုင်” ဟု သတ်မှတ်သည်။ နှစ်တည်းနိုင်ပါက လေးခေါက်နိုင်။ သုံတည်းနိုင်ပါက ခြောက်ခေါက်နိုင်စသည်ဖြင့် မောင်းလုပွဲ၊ ဗိုလ်လုပွဲရောက်အောင်ထိ ဆက်နိုင်လားရသည်။
ကျင်တတည်း အယှုံးအနိုင်ပြီးတိုင်း ပရိသတ်ထံ ယှုံးသူရော၊ နိုင်သူပါ ဆုခံယူရသည်။ ခုံသမာဓိလူကြီးအဖွဲ့က စတင်ပြီး “ပန်းဆုငွေ” ချီးမြှင့်ပီးရသည်။ ကျင်ပွဲကျင်းပပြီးခါနီး၌ ကျင်ဒိုင်အချင်းချင်း ချစ်ကြည်ရေးကျင်ကိုင်ရသည်။ ကျင်သန်များကျင်နိုင်သည့်အခါ ကျင်ကွင်းပြရသည်။ ကျင်သန်များ နောက်ဆုံးဗိုလ်ဆွဲမောင်းရသည့်အခါလည်း ကွင်းထဲပတ်၍ ကျင်ကွင်းပြ၍ ကျင်ပွဲကြည့်ပရိသတ်များသည် ကျင်ဇေပြားများဝယ်ယူပြီး ကျင်သန်များဆုခံစဉ် ကျင်းကွင်းပြစဉ်၌ ဆုချီးမြှင့်ပီးရသည်။ ငွေသားလည်း ဆုချီးမြှင့်ပီးနိုင်သည်။ ကျင်သန်များက မဏ္ဍပ်တွင်းပရိသတ်ထံမှ ဆုချီးမြှင့်မှုခံယူပြီး ရလာသည့်ကျင်ဇေပြားများကို ကျင်ဇေပြားဖိုး ဆုငွေပြန်ပီးချေရေးအဖွဲ့ထံ၌ ဇေပြားနှင့်ငွေ ဖလှယ်ယူရသည်။ “ကျင်ခုံသမာဓိအဖွဲ့” က ကျင်ဒိုင်များထံမှတင်ပြလာသည့် ကျင်သန်များနှင့်ပတ်သက်သည့် တင်ပြချက်များကို ဆုံးဖြတ်ပီးရသည်။
ကျင်းပွဲကျင်းပရာ အငယ်တန်း၊ အလတ်တန်းစသည့် အောင်တန်းမှ ကျင်သန်များကို စတင်တိုက်ရပြီး ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်များကို ပွဲတော်နောက်ဆုံးရက်များ၌ရာ တိုက်လေ့ဟိသည်။ ကျင်တည်းများကို ယှုံးဖြုတ်စနစ်ဖြင့် ကျင်းပသော်လည်း ယခုအခါ တချို့ပွဲများ၌ ကျင်သန်ဦးရေနည်းသော ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်ကြီးများကို ပရိသတ်က အားရပါးရကြည့်ရှုနိုင်စီရန် ပတ်လည်စနစ်ဖြင့် ကျင်းပသည်လည်းဟိသည်။
အခန်း (၈)
ကျင်ကွင်းနည်းများ
ကျင်သန်များသည် ကျင်းကွင်းထဲ ကျင်ကွင်းပြရာတွင် ကျင်ပွဲအသီးသီးမှ မိမိရဟိထားသော ရွှေ၊ ငွေ ဆုတံဆိပ်များကို လိုင်တွင်ဆွဲ၍ ကျင်ကွင်းပြရသည်။ ရှိဦးစွာ မိမိ၏ကျင်ကွင်းနည်းပြဆရာများကို ကန်တော့ရသည်။ ကျင်ခုံသမာဓိ လူကြီးအဖွဲ့ကို ဂါရဝပြုရသည်။ နောက်ပရိသတ်ဘက်သို့လှည့်၍ ဂါရဝပြုရသည်။ ပြီးမှ ကွင်းတပတ်လှည့်၍ ကျင်ကွင်းပြရသည်။ ကျင်ကွင်းနည်းအမျိုးမျိုးဟိသည်။ အောင်တွင်ဖော်ပြထားသည်။
(က) ဝံ့လက်သဲ (သို့) ၀ံလက်သစ်ကွင်းနည်း
ကျင်သန်သည် မားမားမတ်မတ်ရပ်လိုက်သည်။ တည်ကြည်သောမျက်နှာထားဖြင့် မိမိလက်နှစ်ဖက်ကို လက်အုပ်ချီးပူးကပ်ထားလိုက်သည်။ နဖူးပေါ်တွင်ကပ်၍ တဖြည်းတဖြည်း ဝဲယာသို့ဆန့်တန်းထားသည်။ လက်နှစ်ချောင်းအနီအထားမှာ ငှက်တောင်များ ဖြန့်သကဲ့သို့ဖြစ်သည်။
လက်နှစ်ချောင်းကို အပေါ်သို့ ဆတ်ခနန်း မြှောက်ချီလိုက်သည်။ ပြီးနောက် တနီရာသို့ လွှားကနန်း ခုန်လိုက်သည်။ နောက်တနီရာသို့ရောက်သည်နှင့် ဘယ်-ညာလက်ဝါးနှစ်ဖက်ဖြင့် ဘယ်-ညာပေါင်ပေါ်ရိုက်ခတ်လိုက်သည်။ ထို့သို့ ရိုက်ခတ်ပြီးနောက် ငှက်ဝံလက်ပျံသကဲ့သို့ လက်များကို ဘယ်-ညာဆန့်တန်းဝှေ့ယမ်းသည်။
သို့ဖြင့် တနီရာမှတနီရာသို့ လှည့်လည်ပြီး ကွင်းတပတ်ပြည့်အောင် ကျင်ကွင်းပြသည်။
(ခ) ကျီကန်းရီချိုး ကွင်းနည်း
ကျင်သန်သည် ကိုယ်ကိုမားမားမတ်မတ်ရပ်လိုက်သည်။ ကိုယ်ဟန်အနီထားဖြင့် ကြံ့ခိုင်မှုကို ပြထားသည်။ လက်နှစ်ချောင်းကိုပူးကာ နဖူးပေါ်တွင်ကပ်၍ တဖြည်းဖြည်း ဝဲ-ယာသို့ ဆန့်တန်းထားလိုက်သည်။ ဒူးကို ကုပ်နီဟန်ထားခန္ဓာကိုယ်ကို ထက်အောက်သို့ နှိမ့်ချီမြင့်ချီ ပြုလုပ်ပြသည်။ ကျီးကန်းရီချိုးသကဲ့သို့ မြင်ရသည်။ သို့ဖြစ်၍ တနီရာမှ တနီရာသို့ပြောင်းရွှိပြီး လှည့်လည်ကျင်ကွင်းပြသည်။
(ဂ) ဥဒေါင်းဝဲ ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ ခြီထောက်ကိုစုံရပ်၍ ကိုယ်ကိုမားမားမတ်မတ်ရပ်၍ ဂါရဝပြုလိုက်သည်။ လက်နှစ်ဖက်ကို လက်ဦးချီ၍ နဖူးပေါ်တင်ကာ တဖြည်းဖြည်း ဝဲ-ယာသို့ ဆန့်တန်းလာသည်။ ခြီထောက်တချောင်းကို မ,မြှင့်၍ ဘယ်-ညာများကို ဦးက္ခောင်းပေါ်တွင် ဝဲကာနွဲ့ကာ ကွင်းပြသည်။ တနီမှ တနီရာသို့ပြောင်းရွှိ၍ ကွင်းတပတ်လည်အောင် ကွင်းပြသည်။
(ဃ) လင်းကွက် ကွင်းနည်း
ကျင်သန်သည် ခုံသမာဓိအဖွဲ့၊ ပွဲကြည့်ပရိသတ်ရို့အား ဂါရဝပြုလိုက်သည်။ ပြီးနောက် လက်ဝါးနှစ်ဖက်နှင့် ပေါင်ကို တချက်စီရိုက်ခတ်လိုက်သည်။ ကိုယ်ဟန်အနီအထားကို နွဲ့နှောင်းထားကာ လက်များကိုကွေ့ဝိုက်၍ လင်းကွက်ငှက်ပျံသည့်အလား ဝှေ့ယမ်းကာ ကွင်းပြသည်။
(င) လက်ခမောင်းခတ် ကွင်းးနည်း
ကျင်သန်သည် ခုံသမာဓိအဖွဲ့နှင့် ပရိသတ်အား ဂါရဝပြုသည်။ ခုံသမာဓိ အဖွဲ့ရှိရပ်ပြီး ဘယ်လက်ဝါးကို ညာဘက်ချိုင်းအောက်သို့ သွင်းလိုက်သည်။ ညာဘက်လက်မောင်းကို နံဘေးနှင့် “ဖြောင်းဖြောင်း” မြည်အောင်ရိုက်ခတ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ၉၀ံ ခန့် ကွေး၍ တဖြည်းဖြည်းဆန့်တန်းလာသည်။ လက်နှစ်ဖက်ကို အပေါ်သို့ ဆတ်ကနန်းမြှင့်တင်ပြီး တနီရာသို့ပြီးလွှားကာ နီရာပြောင်းရွှိလိုက်သည်။ ယင်းမှ တနီရာသို့ပြီးလွှား၍ တပတ်ပြည့်အောင် ကွင်းပြသည်။
(စ) ကင်းမြီးကောက် ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်ကို ဂါရဝပြုသည်။ ထို့နောက် လက်နှစ်ဘက်ကို မြီတွင်ထောက်၍ ကင်းမြီးကောက်ထောင်လိုက်သည်။ ကင်းမြီးကောက်ထောင်၍ ဆယ်လှမ်းခန့်လားပြီး ဂျွန်းပြန်ကာ ရပ်စောက်ရပ်လိုက်သည်။ လက်များကိုပူး၍ ရင်ဘတ်နားတွင်ထားကာ တဖြည်းဖြည်း ဝဲ-ယာသို့ဆန့်တန်းလာသည်။ ထို့နောက် နီရာပြောင်းလိုက်ပြီး ကင်းမြီးကောက်ထောင်ပြန်၍ ဆယ်လှမ်းခန့် ဆက်လားပြန်သည်။ ပြီးမှ ဂျွမ်းပြန်ကာ ရပ်စောက်ရပ်သည်။ ထိုသို့ကွင်းတပတ် ကွင်းပြသည်။
(ဆ) နောက်ဂျွမ်းပစ် ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်များကို ဂါရဝပြုသည်။ ပြီးနောက် ကျားကဲ့သို့ နောက်ဂျွမ်းပစ်ချလိုက်သည်။ နောက်ဂျွမ်းတချက်ပစ်လိုက်၊ လက်များကို ကွေးကာကွေးကာ ဝဲ-ယာ၊ ရှိ-နောက် ခန္ဓာကိုယ်ကို လှည့်လည်ကွင်းပြသည်။ ဤသို့ဖြင့် တနီရာမှ တနီရာသို့လှည့်လည်၍ ကွင်းပြသောအခါ နောက်ဂျွမ်းတချက်မှ ငါးချက်ထိ ဆက်တိုက်ဆက်တိုက်ပစ်ပြီး နီရာပြောင်းသည်။ ပွဲကြည့်ပရိသတ်က “ကျားလာရေ-ကျားလာရေ” ဟူ၍ ကြွေးကြော်ချီးမြှင့်သည်။
(ဇ) ရှိဂျွမ်းပစ် ကွင်းနည်း
ကျင်သန်သည် ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်ကို ရှိဦးစွာဂါရဝပြုပြီး ကျားကဲ့သို့ လျှင်မြန်စွာ ရှိဂျွမ်းပစ်လိုက်သည်။ ဂျွမ်းပစ်ပြီး လျှင်မြန်စွာ လက်နှစ်ဖက်ကိုဆန့်တန်းကာ စွန်များပျံဝဲသကဲ့သို့ ဝဲယာရှိနောက်လှည့်လည်၍ ကွင်းပြသည်။ ပြီးနောက် ရှိဂျွမ်းသုံးပြန်ပစ်၍ နီရာပြောင်းသည်။ ယင်းသို့ ကွင်းတပတ်ပြည့် ကွင်းပြသည်။
(ဈ) သိန်းငှက် ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ မားမားမတ်မတ်ရပ်နီရာမှ ဂါရဝပြုလိုက်သည်။ ပြီးနောက် ဝဲ-ယာ လက်နှစ်ဖက်ကို ကွေးဝိုက်ပြီး ဆန့်လိုက်သည်။ ပြီးနောက် ကိုယ်ကို နွဲ့နွဲ့ညွတ်၍ ပေါင်နှစ်ဖက်ကို ရိုက်ခတ်လိုက်ကာ လက်နှစ်ဖက်ကို သိန်းငှက်ဝဲပျံသကဲ့သို့ မာန်ဖြင့်ကွေးဝိုက်ကာ နောက်တနီရာသို့ အဟုန်ဖြင့် ရွှိပြောင်းလှည့်ပတ်ကာ ပြန်ရပ်ပြီး ပေါင်ကို လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ခတ်လိုက်သည်။ ပြီးနောက် ခြီတချောင်းကို အနည်းငယ်ကွေးမြှောက်ကာ သိန်းငှက်တောင်ဖံဝဲပျံနီပုံ လက်နှစ်ဖက်ကိုကွေးဖြန့်ဝိုက်ပြီး ကွင်းပြသည်။ ထိုသို့ ကွင်းတပတ်လှည့်ပတ် ကွင်းပြသည်။
(ည) ကြိုးကြာပျံ ကွင်းနည်း
ကျင်သန်သည် မားမားမတ်ရပ်ပြီး ကျင်ခုံသမာဓိလူကြီးများ၊ ပရိသတ်များကို ဦးညွတ်ဂါရဝပြုလိုက်သည်။ ပြီးနောက် ခြီကိုစုံရပ်၍ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ကို အထက်အောက် မြင့်ချီနိမ့်ချီပြုပြီး ခန္ဓာကိုယ်ကိုလှည့်ကာ နီရာပြောင်း ကွင်းပြသည်။ လက်နှစ်ဖက်ကွင်းဟန်မှာ ကြိုးကြာငှက်ပျံနီစဉ် တောင်ဖံနိမ့်ချီမြင့်ချီဖြစ်နီဟန် မြင်ရသည်။ ထို့သို့ ကွင်းတပတ်ပြည့်အောင် ကွင်းပြသည်။
ရခိုင်ကျင်အားကစပ်အတတ် တိုးတက်မြင့်မားပါစီ။
(လေးဝတီ ခိုင်ကျော်)
ရခိုင်စာပီနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) မှ စီစဉ်သည့် ရခိုင်ယဉ်ကျေးမှုနှင့် ရိုးရာအားကစားပွဲတော် (ဒုတိယအကြိမ်)
အောင်ဆန်းအားကစားပြိုင်ကွင်း၊ မင်္ဂလာတောင်ညွန်မြို့နယ်၊ ရန်ကုန်။
(18/12/2004) မှ (20/12/2004) ထိ ရခိုင်ရိုးရာကျင်ပွဲတော်အတွက် ရခိုင်သားကြီးစာပီမှ အခမဲ့ဖြန့်ချီသည်။
နောက်ဆက်တွဲ
စုစည်းတင်ပြသူ့၏လေ့လာသုံးသပ်ချက်
ရခိုင်တပြည်လုံးတွင် ကျင်ပွဲများကို နှစ်စဉ်ကျင်းပသည်။ အထူးသဖြင့် ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ မြောက်ဦး၊ မြေပုံမြို့နယ်များသည် အထင်ကရကျင်သန်ထွက်ရာ ဒေသများဖြစ်သည်။ ယင်းမြို့နယ်များတွင် အခြားမြို့နယ်များထက် ကျင်ပွဲများပြီးလျှင် ကျင်သန်များစွာထွက်သည်။ ကျင်စည်းကမ်းနှင့်ပတ်သက်၍ ဒေသအလိုက် ခြားနားချက်ဟိသည်။ တချို့ကျင်သန်များသည် တမြို့နယ်မှ တမြို့နယ်သို့ ကျင်လားကိုင်သောအခါ၊ မထင်မှတ်မှုများနှင့် ကြုံတွိနိုင်သည်။ အကြောင်းကား ယင်းမြို့နယ်ဒေသ၏ကျင်စည်းကမ်းကို နားမလည်သောကြောင့်ဖြစ်သည်။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မင်းပြားမြို့နယ်များ၌ ကျင်စည်းကမ်းမှာ -
မောင်နီ က (ခံ)
မောင်ဖြူက (ဖမ်း) သောအခါ အခံသား “မောင်နီ” မကျပဲ၊ အဖမ်းသား “မောင်ဖြူ” ကျသည်။
နောက်တလှည့်မှာ -
မောင်နီဖမ်း၍ “မောင်ဖြူ” ခံသောခါ “မောင်နီ” က “မောင်ဖြူ” ကိုဖမ်း၍မရသောကြောင့် ပထမအကြိမ်ကျထားသော “မောင်ဖြူ” သည် နောက်တခေါက်ပြန် ထပ်ဖမ်းခွင့်ဟိသည်။ ယင်းကျင်စည်းကမ်းစနစ်သည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်များ၌ မဟိပါ။ ကျသူကျ၊ နိုင်သူနိုင်၊ တယောက်တလှည့်စနစ်ကိုရာ ကျင့်သုံးသည်။
အရာတခု ထူးခြားချက်မှာ -
မြောက်ပိုင်းတခွင် အခံသားသည် အဖမ်းသားဘားက ထွက်ပြီးရေအခါ၊ အဖမ်းသားအတင်းလိုက်ကေလည်း အခံသားစွာ လက်ကာ၍ရာ ငြင်းပယ်ခွင့်ဟိသည်။ ယေခါ ဒိုင်လူကြီးက ကျင်စည်းကမ်းးဘောင်ကနီပြီး အဖမ်းသားကိုတားမြစ်ရသည်။ ယင်းစည်းကမ်းကို တောင်ပိုင်းတခွင်၌လည်း ကျင့်သုံးသည်။ ယေကေလည်းသော့ ခြားနားချက်မှာ ကျင်ခံသားထွက်ပြီးရေအခါ ကျင်ဖမ်းသားက ကောင်းကောင်းသတိထားရသည်။ အကြောင်းကား လိုက်လာရေကျင်ဖမ်းသားကို ကျင်ခံသားက ခုခံသည်အားဖြင့် လက်ကာရုံသာမက ပြန်ပစ်ခွင့်ဟိ၍ဖြစ်သည်။
ဥပမာ--
ကျင်အခံသား “မောင်ဖြူ” က ကျင်အဖမ်းသား “မောင်နီ” လိုက်တေအခါ ကျင်ခံသားမောင်ဖြူက ကျင်ဖမ်းသားမောင်ဖြူကို ခါးစောင်းတင်ပြန်၍ ခုခံဝေးပစ်နိုင်သည့်အတွက် ကျင်ဖမ်းသားမောင်နီကျလားရေအခါ ယင်းစွာကို အသင့်ဟုယူဆသည်။ သို့သော် မြောက်ပိုင်းတခွင်၌ ယင်းစွာကို အပြန်ဟုသတ်မှတ်သည်။ ဤကား တောင်ပိုင်းမြောက်ပိုင်း ကျင်စည်းကမ်းခြားနားချက်ဖြစ်သည်။
မှားယွင်းချက်များဟိပါက အကြောင်းကြားပီးပါ။ ပြန်စစ်ဆီးကြည့်ပါမည်။
(သျှင်ဣန္ဒောဘာသ)

ရခိုင်ပိုင်စာရွီးကေ
“ဟိ” နန့်
ကင်းလွတ်လို့ မရ။ “ချဇားရှီမှာ
ဒင်္ဂါးငါးပြား ဟိသည်”၊ “သဇင်ဖြူ”မှာ “အင်္ကျီတစ်ထည်
ဟိသည်”။ “မြတ်သာထွန်း
အခန်းထဲမှာဟိသည်”။ “ဒေနိစားမီးပွဲဟိ
သည်”။ “မောင်သာဘန်း
ရန်ကုန်လားဖို့ဟိသည်”။ “သက်ဟိလူသား” “လက်ဟိအနီအထား” အစဟိရေ “ဟိ” အသုံးတိက
ကောင်းဟိပါရေ။ အနက်က ပိုင်ဆိုင်ခြင်း တည်ဟိခြင်းကို ပီးပါရေ။
“ဟိ” အသုံးကို ရှိခေတ်ရခိုင်ကျောက်စာတိမှာ ပီပီပြင်ပြင် တွိရပါရေ။ ရခိုင်ကျောက်စာအားလုံး “ဟိ” ကိုရာသုံးကတ်တေ။ “ဟိ” အသုံးတွိရရေ ကျောက်စာတချို့ကို ဥပမာအဖြစ် ဖော်ပြပါမေ။
၁။ တပည်သာသိရိကဿဖသည် လုပ်အံ့သည်ဥစွာ ဟိလျှက် (မင်းထီးကျောက်စာ၊ သကြစ် ၆၅၇) ၂။ သာသနာငါထောင်စိအောင် ဟိစိသော (ဝေသာလီ ရွှေတောင်စေတီကျောက်စာ၊ သကြစ် ၈၈၁) ၃။ ပိုင်ရိုဝ် မဟိဟူ၍ ဆိုဝ်လတ်သှ် (မဟာဝိနိယ်ဓိုင်ကျောက်စာ၊ သကြစ် ၉၀၅) ၄။ လွန်လီပြီသောခါစောမွန်အစ ဟိသော (ကလုံတောင်ဘုရားကျောက်စာ၊ ပထမမျက်နှာ၊ သကြစ် ၉၄၇) ၅။ ၀ါးခုနစ်ဆေ ဟိရာအနက်တွင် ဆြာတော် (ကုလားတန်းစားကျောက်စာ၊ သကြစ် ၁၀၇၀) အခုခေတ် ရခိုင်ကျွန်းရွာတိမှာလည်း “ဟိ” ကို ပီပီပြင်ပြင် သုံးကတ်တုန်းသိမ့်။ ရမ်းဗြဲလီသံမှာလည်း တွိရရေ။ မြောက်ဦးလီသံမှာလည်း တွိရရေ။ အပြောဘာသာစကား မှာ “ဟိ” ကို “ဟိန့်” လို့ အသံထွက်စွာ တွိရပါရေ။
ဒေသအလိုက်အသံအယင့်၊ အယူကွဲစွာပါရာ။ မူလရုပ်ရင်းက “ဟိ” ကို ပြောစွာရာဖြစ်တေ။
ရခိုင်အသုံး “ဟိ”
(HIAE) ကို ဒေနိမြန်မာစာ၊ မြန်မာစကားမှာ “ရှိ” လို့သုံးစွာကို တွိရပါရေ။ ပုဂံခေတ် မြန်မာကျောက်စာတိမှာကတော့ “ဟိ” အသုံးရာ တွိရရေ။ ပုဂံသားတိ ပြောစကားမှာလည်း “ဟိ” ရာ ဟိလီဖို့။ ဒေနိရခိုင်ဒေသ မြို့ကြီးတိက မြို့ကြီးသားတိပါးစမှာ၊ အရွီးအသားတိမှာ “ရှိ” ကို တွိနီရပါရေ။ ရခိုင်ကျွန်းကစကား “ဟိ” ကို “ရှိ” လို့ ပြောနီကတ်စွာပါ။ “ရှိ” ကို ရခိုင်ကျွန်းစကားစစ်စစ်နန့် အသံထွက်ကေ “RHIAE” လို့ရာ ထွက်ရဖို့။ “ဟိ” ကို ကျကေ (HIAE) လို့ထွက်ရဖို့။ ( ဒေပိုင်အင်္ဂလိပ်အက္ခရာနန့် အသံထွက်ပြစွာကို Transliteration လို့ခေါ်ပါရေ။ Phonetic Symbol နန့် မတူပါသိမ့်။
Phonetic Symbol က ပညာသျှင်တိရာ နားလည်နိုင်ရေ။ အရပ်သား အင်္ဂလိပ်က Transliteration နန့်ပြကေ နားလည်နိုင်ရေ။ အင်ဒိုနီးသျှားဘာသာစကားကိုလည်း ဒေပိုင်ရွီးစာ တွိရပါရေ) “ရှိ” ကို မြို့ကြီးသားရခိုင်တိအသံနန့် ဆိုကေ “SHI ” လို့ ထွက်စွာတွိရပါရေ။ ရခိုင်ကျွန်းရွာတိစွာ ရခိုင်လူဦးရွီ၏ (၉၀) ရခိုင်နှုန်းလောက် နီထိုင်ကတ်တေ နီရာပါ။ ရခိုင်သားအများစုက ကျွန်းမှာပါ။ ယေနန့် ရခိုင်ကျွန်းရွာတိမှာပြောကတ်တေ ရခိုင်အသံထွက်ရာ အမှန်ဖြစ်ရပါဖို့။ ရခိုင်ကျွန်းရွာ အပြောစကားမှာ “ဟိ” လည်းဟိရေ။ “ရှိ” လည်း ဟိပါရေ။
၁။ နီ အရှိဘက်ကထွက်တေ။
၂။ ရဖြီးချပ်တောင်စွာ စစ်တွေ၏အရှိဘက်မှာ ဟိရေ။
၃။ မင်းရို့နှစ်ယောက် အရပ်အရှိရှိကာဝေ။
၎။ ဒေ၀ါးနှစ်ပိုင်းအရှိရှိပျာယ်။
၅။ ဆန်ကို သိုက်ဒုံနန့် ရှိရှိခြင်ခ။
၆။ ဒေနိမိုးထက် ထမင်းအရှိရှိရာကျရေ။
၇။ ရှိကိုနောက်ကို ကြည့်လို့လား။
၈။ ရှိအနာဂါတ်ကို မျှော်ကြည့်ရဖို့။
၉။ ရှိနီစောမောင်လာပျာယ်။
၁၀။ အချေတိ ရှိခိုးနီကတ်တေ။
ဒေ၀ါကျတိကိုကြည့်ကေ “ရှိ” ၏အနက်စွာ
(က) အရှိဘက်
(ခ) အရပ်အနိမ့်အမြင့် တူညီခြင်း
(ဂ) အပြည့်ဟိခြင်း
(ဃ) အပိုအလိုမဟိဖြစ်ခြင်း
(င) နောင်ဖြစ်လာဖို့ကိစ္စကို ဆိုလိုခြင်းအစဟိရေ အနက်တိထွက်စွာ တွိရရေ။ ယေနန့်
“ချဇားရှီမှာ ဒင်္ဂါးငါးပြား ရှိ သည် ။
“မြတ်သာထွန်း အခန်းထဲမှာ ရှိ သည် ။
“ဒေနိ စာမီးပွဲ ရှိသည် ။
“မောင်သာဘန်း ရန်ကုန်လားဖို့ ရှိ သည်။
“သက် ရှိ လူသား ”
“လက် ရှိ အနီအထား”
အစဟိရေ အသုံးအနှုန်းတိစွာ ရခိုင်သဒ္ဒါနန့်ကြည့်ကေ မှားယွင်းနီစွာ တွိရပါရေ။ “ဟိ” ကိုရာသုံးကတ်ရပါဖို့။
ရခိုင်မြို့ကြီးသားတချို့က “ရှိ” အသုံးမှားနီစွာကို တွိလားကတ်တေခါ နောက်ကိုတလှမ်းမဆုတ်ချင်လို့ “ယှိ”
(SHI) ဆိုပြီးပျင်လို့ ရွီးလာစွာတွိရပြန်ရေ။ ဒေနိ မြို့မှာသုံးရေ စကားသံနန့် ကိုက်ကေလည်း ရခိုင်အများစုဖြစ်တေ ကျွန်းစကားနန့်က မကိုက်။ ရုပ်ရင်းရို့၊ သဒ္ဒါရို့၊ အဘိဓာန်ရို့နန့်လည်း မကိုက်။ ယေနန့် မြို့ကြီးသားရခိုင်တိ ကျွန်းကရခိုင်တိနန့် တသားတည်းကျအောင် နောက်ကိုတလှမ်း ဆုတ်ကတ်ရဖို့ မြင်မိပါရေ။ ပြောရေခါ “ရှိ” (SHI) နန့် “ယှိ” (YHI ) ကိုဖျက်ပြီး “ဟိ” (HIAE) လို့ ပြန်ပျင်ပြောကတ်ပါမေ။ ရွီးရေခါလည်း “ရှိ” နန့် “ယှိ” ကိုဖျက်ပြီး “ဟိ” လို့ ပျင်ရွီးကတ်ကေ ရခိုင်အရွီးအသား တည်ငြိမ်လာပါဖို့။ နောက်ကို တလှမ်းဆုတ်သင့်စွာမှာ ဆုတ်ရပါဖို့။ မဟုတ်ကေ ရခိုင်စကားပျောက်လားဖို့ရာ ဟိပျာယ်။ ရခိုင်ဘာသာ အရွီးအသားကိစ္စကို လူအားနန့်လည်း ပျင်လို့မရ။ ဖေသာအားနန့်လည်း ပျင်လို့မနိုင်။ ပညာနန့်ရာ ပျင်ရဖို့။ ရခိုင်သဒ္ဒါသဘောကို စိစိကိုက်ကိုက် လေ့လာပြီးကေ၊ ပြည်သူအများပြောစကားနန့် ညှိယူလိုက်ကေ ရခိုင်အရွီးအသား တည်ငြိမ်လာဖို့ သေချာပါရေ။
(အသျှင်သူရိယ)
အကိုးအကား
(ရှိဟောင်းရခိုင်ကျောက်စာများ- ဦးဦးသာထွန်း)
အောင်တံခွန် ၀ံသရက္ခိတမဂ္ဂင်း အတွဲ(၂) အမှတ် (၁) မှ ကူးယူဖော်ပြသည်။

ရခိုင်ဖားပြုတ်ကေ၀တ္ထု 12/01/2009
ဖားပြုတ်ကေတကောင်၊ အုံးဘောင်စီးလျှက်၊ ဖြားရီတက်တွင်၊ ချောင်းကိုဝင်၍လာလတ္တံ။
ထိုရောအခါ၊ ချောင်းကမ်းသာတွင်၊
ပြားဇီးပင်တကိုင်းတွင်နားလျှက်၊ ပန်ဇင်းငှက်က၊ ခင်ပွန်းမိတ်ဆွေ၊
ဖားပြုတ်ကေ၊ ဇာပြည်ဇာရွာ၊ ဇာကလာဟု၊ သေချာစစ်စစ်မီးလတ္တံ။ ပန်ဇင်းမီးလေ၊
ဖားပြုတ်ကေက၊ တိုင်းပြည်မြို့ရွာ၊ လှည့်လို့လာဟု ဖြေလတ္တံ။
ထိုသို့ဖြေခါ၊ တိုင်းပြည်မြို့ရွာ၊ ကြားခပါသည်၊ ပဇာသတင်းထူးသနည်းဟု မီးလတ္တံ။ ထိုသို့မီးခါ၊ ဖြေသည်မှာကား၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လတ္တံ။ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ ကမ္ဘာကျောက်ကြီးကွဲလတ္တံ။ ထိုသို့ကွဲခါ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်းကျိုးလတ္တံ။ လူလည်းလေးစု ကွဲလတ္တံ။
ထိုသို့ဖြေခါ၊ ပန်ဇင်းငှက်ကမီးပြန်သည်မှာ၊ အိုအိုမိတ်ဆွေ၊ ဖားပြုတ်ကေ၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ငရို့သူငါ၊ ပဇာပြုလုပ်ရမည်နည်းဟု မီးလတ္တံ။ ထိုသို့မီးခါ၊ ဖားပြုတ်ကေက၊ အိုအိုမိတ်ဆွေ၊ ပန်ဇင်းငယ်၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကိုမြင်လိမ္မည်ဟု ဖြေလတ္တံ။ ထိုရောခါဝယ်၊ ပန်ဇင်းငယ်က၊ ကြောက်ဘွယ်စရာ၊ ကြားရပါသည်၊ ညခါတိုင်ပြီး၊ ကြောက်အားကြီး၍၊ ငှက်ကြီးရောင်းရင်၊ အိပ်ရာတွင်၌၊ ၀မ်းတွင်းဝင်မည်ကြံလတ္တံ။
ကြံစည်ထိုခါ၊ ပြုသောခါတွင်၊ ရောင်းရင်ငှက်ကြီး၊ လန့်အားကြီး၍၊ သံကြီးကျော်ကျော်အော်လတ္တံ။ သံကြီးကျော်ကျော်၊ မြည်ဟစ်အော်က၊ မျောက်ကျော်မက္ကဋ၊ နီထသစ်ပင်၊ သပြုပင်၌၊ လက်တွင်ကိုင်ပြီး၊ သပြုသီးကို၊ စားမည်ပြုထ၊ လန့်ကြောက်လှ၍၊ လက်မှလွတ်သော်၊ အောက်တွင်နီထ၊ တောဆတ်မ၏၊ နောက်ကုန်းပေါ်တွင်ကျလတ္တံ။
ထိုသို့ကျလျှင်၊ နာကြင်လန့်ကြောက်၊ ခြီစုံပေါက်၍၊ လားမြောက်ပြီးခုန်၊ နွယ်ခြုံပေါင်းမြက်၊ တောကြက်သာယာ၊ ဥပေါက်ခါဖြင့်၊ နီရာသိုက်မြုံ၊ ပြစ်ပြစ်ကုန်အောင်၊ နင်းတုံဖြိုဖျက်၊ ထောင်းထောင်းညက်၍၊ တောကြက်မမှာ၊ စိတ်ပူဆာ၍၊ လမ်းမှတွိဆုံ၊ တောခြအုံကို၊ ပြစ်ပြစ်ကုန်က၊ ပြိုတုံခြပေါင်း၊ ထောင်သောင်းမက၊ တောဝက်မ၏၊၊ ၀ပ်ထနီရာ၊ ရောက်လီပါသော်၊ ၀မ်းမှာရင်ဖတ်၊ မလွတ်နို့သီး၊ ခြကြီးခြငယ်၊ ကိုက်ပေကုန်က၊ ပြီးတုံလူးလာ၊ ၀က်မမှာလည်း၊ နာကြင်အီးလတ်၊ ပြီးမလွတ်သော်၊ ဆာမွတ်ဝမ်းစာ၊ တောင်ယာလုပ်ရင်း၊ စပါးခင်းကို၊ ၀င်၍ထိုခါစားလတ္တံ။
ဝင်၍စားကာ၊ နီတုံပါက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်လျှင်၊ တွိလီမြင်သော်၊ ယာသျှင်တသီး၊ ယာသူကြီးကို၊ အပြီးတိုင်ကြားပြောလတ္တံ။ အပြီးတိုင်မြောက်၊ ငမဲတုတ်ရောက်က၊ ငမဲတုတ်ကျာ၊ ယာကလာကေ၊ ယာမှာစပါး၊ မှည့်ပျာလားဟု မီးလတ္တံ။ မီးငြားသောခါ၊ မဲတုတ်ကျာက၊ မှည့်ကားမှည့်ယက်၊ အစပတ်လည်၊ မျောက်ဖျက်တေ၊ အလယ်တရိုး၊ ၀က်ငယ်တိုးဟု ပြောလီသောခါ၊ တောင်ယာပိုင်နင်း၊ သူကြီးမင်းက၊ ချက်ချင်းမကြာ၊ ယာမှာစားလျှက်၊ ထိုဝက်မကို၊ ဖမ်းရယူခီ၊ လားကတ်လီဟု စီလတ္တံ။
ဖမ်းရယူခီ၊ လားကတ်လီက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်က၊ သုတ်သုတ်ပြန်လာ၊ ယာမှာစားထ၊ တောဝက်မကို၊ ကြော့ကွင်းထောင်လျှက်၊ လက်ရဖမ်းယူ၊ ယာမူပိုင်နင်း၊ သူကြီးမင်းကို၊ လျှင်မြန်မနှေးပီးလတ္တံ။
ပီးအပ်လီကေ၊ လုပ်ထွေကိုင်ခင်း၊ ယာပိုင်မင်းက၊ တောတွင်းနီထ၊ တောဝက်မကို၊ ငါသာပိုင်နင်း၊ စပါးခင်းကို၊ ပဇာတွက်ကြောင့်၊ စားသနည်းဟု မီးလတ္တံ။ မီးလီသောခါ၊ ဘာသာဘာဝ၊ ကျွန်ဝက်မသည်၊ အိပ်ထနီရာ၊ ခြများစွာလျှင်၊ ရောက်လာဆိတ်ဆွ၊ ကိုက်ခဲကြ၍၊ ပြီးထယှောင်ခွာ၊ မလွတ်သာကေ၊ ရောက်ရာရောက်မိ၊ ဟိစီဘိဟု၊ ပြီးလီသောခါ၊ လမ်းမှာတွိပြီး၊ တောမျောက်ထီးက၊ အဆွေဝက်မ၊ ပဇာကြောင်းကြောင့်၊ ပြီးသနည်းဟု မီးသောကာလ၊ ကျွန်ဝက်မမှာ၊ ခြကိုက်ပါသည်၊ ပြောလီသောခါ၊ တောင်ယာလုပ်ခင်း၊ စပါးခင်းကို၊ ၀င်၍တလီ၊ စားပါခီဟု၊ ဆိုခြင်းပြုက၊ မချိခန္ဓာ၊ နွမ်းရိပါ၍၊ ၀မ်းမှာဆာမွတ်၊ တွိလတ်အစာ၊ စပါးယာကို၊ ၀င်ကာမသွေ၊ စားမိသည်ဟု ဖြေလတ္တံ။
ဖြေဆိုတုံက၊ စစ်ချက်ရ၍၊ ခြမကိုခေါ်၊ မိန့်ဆိုအာဏာ ပီးလတ္တံ။ ပီးလီသောခါ၊ မကြာခဏ၊ တောခြမနှင့်၊ များလှခြပေါင်း၊ ထောင်းသောင်းမက၊ ရောက်လာကြ၍၊ စစ်မမီးခါ၊ ကျွန်မမှာလျှင်၊ များစွာစုပုံ၊ ခြသိုက်အုံကို၊ အကုန်ဖြိုဖျက်၊ တောကြက်ယက်၍၊ ပျက်လီထောင်သောင်း၊ ခြအပေါင်းရို့၊ နီဖို့နေရာ၊ မဟိပါ၍၊ လားလာကုန်က၊ တောဝက်မ၏၊ အိပ်ထနီရာ၊ ရောက်လီပါ၍၊ ကိုက်ရသည်သာ၊ ဖြစ်ပါသည်ဟု ဆိုလတ္တံ။
မှန်ရာကိုပင်၊ စစ်တန်းဝင်၍၊ သို့စင်ဖြစ်ထ၊ တောဝက်မကို၊ အရခေါ်ခီ၊ အပြင်းစီက၊ တောနီကြက်မ၊ ခေါ်ထလာရောက်၊ ရှိတော်မှောက်သို့၊ ရောက်လတ္တံ။ ရှိမှောက်မသွေ၊ ရောက်တုံပေက၊ ဟေတောကြက်မ၊ ခြများနီရာ၊ အုံကိုသာလျှင်၊ ပဇာကြောင်းကြောင့်၊ ယက်သနည်းဟု မီးလတ္တံ။ မီးလီသောခါ၊ တောမှာနီထ၊ တောကြက်မက၊ ကျွန်မမှန်စွာ၊ ကြက်ဘာသာဖြင့်၊ သိုက်မှာဥပေါက်၊ ဥများမြောက်ကို၊ စောင့်ယှောက်နီရာ၊ ဆတ်မလာ၍၊ မညှာမထောက်၊ ခြီကျောက်ကန်လန်၊ မှောက်လှန်အသိုက်၊ ဖျက်ဆီးပစ်က၊ ကျွန်ကြက်မမှာ၊ စိတ်ကပူဆာ၊ မနီသာကေ၊ လားလာတွိကြုံ၊ တောခြအုံကို၊ အကုန်ပြစ်ပြစ်၊ ယက်ဖြိုပစ်ဟု ဖြေလတ္တံ။ ထိုသို့ဖြေခါ၊ တောဆတ်မကို၊ အရဖမ်းခီ၊ ဆင့်လီအာဏာ၊ စီသောခါလျှင်၊ မကြာခဏ၊ တောဆတ်မလျှင်၊ ရှိတော်ပြင်သို့ ရောက်လတ္တံ။
ရောက်လီသောခါ၊ မီးစစ်ရာတွင်၊ အသင်ဆတ်မ၊ ပဇာကြောင်းကြောင့်၊ ကြက်မနီတုံ၊ ဥသိုက်မြုံကို၊ အကုန်ပြစ်ပြစ်၊ နင်း၍ပစ်သည်၊ ဖြေရမည်ဟု ဆိုလတ္တံ။ ဆိုလီသောခါ၊ ဆတ်ရို့ဘာသာ၊ ညအခါတွင်၊ တောမှာပေါက်ရောက်၊ ကြီးမြောက်သစ်ပင်၊ သပြုပင်အောက်၊ အိပ်မည်ဟုပင်၊ နီလီကျင်သော်၊ သစ်ပင်ထက်က၊ မက္ကဋဟု၊ မျောက်ကနီပြီး၊၊ သပြုသီးနှင့်၊ အပြီးထိုခါ၊ ချပစ်ပါသော်၊ ကျွန်တော်မ၏၊ ကျောက်သားနောက်ကုန်း၊ ဘုံးဘုံးကျရာ၊ လန့်ကြောက်ကာဖြင့်၊ ပြီးလာခုန်ထွက်၊ တောကြက်သိုက်မြုံ၊ နင်းမိတုံက၊ ပျက်စီးရသည်၊ ဒေါသစိတ်ထွက်၊ နင်းဖျက်သည်သာ၊ မဟုတ်ပါဟု၊ ကြောင်းရာစကားပြောလတ္တံ။ ပြောငြားလီက၊ မက္ကဋကို၊ အရရှိတော်၊ ခေါ်ရမည်ဟု၊ အပြင်းတခါ စီလတ္တံ။
မျောက်ကိုတဖန်၊ ခေါ်ခီပြန်က၊ မီးမြန်းစစ်ချက်၊ မျောက်ဆိုချက်မှာ၊ ကျွန်တော့်ဘာသာ၊ ညဥ့်အခါတွင်၊ သပြုပင်၌၊ ကိုင်တွင်နီပြီး၊ သပြုသီးကို၊ စားမည်ပြုခါ၊ နီလီပါသော်၊ သံဝါကြီးလှ၊ ရောင်းရင်မက၊ လန့်ကြောက်စရာ၊ ဟစ်အော်ပါက၊ လန့်ကြောက်လှ၍၊ လက်မှာကိုင်ပြီး၊ သပြုသီးလျှင်၊ လက်မှလွတ်ကာ၊ ကျလီပါက၊ နာကြင်ရ၏၊ ဒေါသစိတ်ထွက်၊ ရည်ရွယ်ချက်ကား၊ မဟုတ်ပါဟု ဆိုလတ္တံ။
ထိုသို့ဆိုခါ၊ တောင်ယာပိုင်သျှင်၊ ယာသခင်က၊ သံလျှင်ကြီးလှ၊ ရောင်းရင်မကို၊ အရခေါ်ခီ၊ စီလတ္တံ။ ထိုသို့စီခါ၊ သံဝါကြီးလှ၊ ရောင်းရင်မလည်း၊ ယာသျှင်ရှိမှောက် ရောက်လတ္တံ။ ထိုသို့ရောက်ခါ၊ မီးစစ်ရာတွင်၊ သင်ရောင်းရင်မ၊ ကြီးလှအသံ၊ တောလုံးညံအောင်၊ ပဇာဖြစ်၍၊ အော်သနည်းဟု မီးလတ္တံ။
ထိုသို့မီးခါ၊ သံဝါကြီးထ၊ ရောင်းရင်မက၊ ငှက်ရို့ဘာသာ၊ သစ်ပင်ထက်မှာ၊ အိပ်ပျော်နီဆိုက်၊ ထိုအခိုက်တွင်၊ ငှက်ငယ်ပန်ဇင်း၊ ကျွန့်ဝမ်းတွင်းသို့၊ ၀င်မည်ဟုပင်၊ ပြုပျင်သောခါ၊ ကြောက်လန့်စွာဖြင့်၊ အော်ရပါသည်၊ သတ္တ၀ါများမြောင်၊ ကြောက်လန့်အောင်ဟု၊ ကြံဆောင်ခြင်းကား၊ မဟုတ်ပါဟု ဆိုလတ္တံ။
ထိုသောခါဝယ်၊ ပန်ဇင်းငယ်ကို၊ ရှိတော်မှောက်သို့၊ အရောက်ထိုခါ၊ ခေါ်လတ္တံ။ ယာသျှင်ရှိမှောက်၊ ပန်ဇင်းရောက်က၊ သင်ပန်ဇင်း၊ ငှက်ရို့ဘာသာ၊ မဟုတ်ပါဘဲ၊ သံဝါကြီးထ၊ ရောင်းရင်မ၏၊ ၀မ်းတွင်းကိုသာ၊ ၀င်ဖို့ရှာသည်၊ ပဇာကြောင်းရင်း၊ ဟိသနည်းဟု မီးလတ္တံ။
မီးလီသောခါ၊ ဖြေသည်မှာကား၊ ကျွန်တော့်ဘာသာ၊ ချောင်းသာမြစ်နား၊ ဇီးကိုင်းဖျားတွင်၊ နီပါသောခါ၊ ကျွန့်မှာမိတ်ဆွေ၊ ဖားပြုတ်ကေက၊ ဖြားရီတက်မှာ၊ အုံးဘောင်စီးလျှက်၊ ၀င်၍လာကေ၊ အဆွေဖားပြုတ်၊ ဇာပြည်ဇာရွာ၊ ဇာကလာကေ၊ ဇာဇာသတင်း၊ ထူးသနည်းဟု၊ မီးလီသောခါ၊ ကျွန်တော့်မိတ်ဆွေ၊ ဖားပြုတ်ကေက၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံးမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လိမ္မည်၊၊ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်း၊ ကျိုးလိမ္မည်၊၊ လူလည်းလေးစု၊ ကွဲလိမ္မည်၊၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကို၊ မြင်လိမ္မည်ဟု၊ ပြောလီသောခါ၊ ကြောက်သည်အားနှင့်၊ ကြီးသူရှာကေ၊ ရောင်းရင်ဝမ်းသို့၊ ၀င်ဖို့အမှန်၊ ကြံပါသည်ဟု ဆိုလတ္တံ။
ထိုသို့ဆိုခါ၊ ယာကိုစိုးနင်း၊ ယာပိုင်မင်းက၊ ဖားပြုတ်မိုက်ကို၊ ခေါ်ရမည်ဟု စီလတ္တံ။ စီလီသောခါ၊ ဖားပြုတ်ထံသို့၊ တမန်ထိုခါ လားလတ္တံ။ တမန်ရောက်လစ်၊ ဖားပြုတ်မိုက်က၊ ထိုကိုယောင်ယောင်၊ ဒေယောင်ယာင်နှင့် နီလတ္တံ။
ထပ်ခါထပ်ခါ၊ ခေါ်များလာ၍၊ မနီသာကေ၊ ခုန်ကာစိုက်စိုက်၊ လိုက်၍လည်းလာ၊ ရှိမှာရောက်၍၊ စစ်မီးပါကေ၊ မာယာပရိယာယ်၊ လွန်ဆန်းကြယ်၍၊ ရယ်ဘွယ်စရာ၊ ပြုသည်မှာကား၊ ခြီလက်ပြောင်းပြန်၊ မျက်ဆံသီသုတ်၊ ဖားပြုတ်ကေမှာ၊ လျှာကိုထုတ်လို့၊ သီရုပ်ပျင်ကာ၊ အဖြာဖြာနှင့်၊ မာယာပရိယာယ်၊ ညာဏ်ဆန်းကြယ်စွာ၊ ပြလီသောခါ၊ ယာကြီးသခင်၊ စပါးသျှင်က၊ အမြင်ကတ်ကေ၊ ဖားပြုတ်ကေကို၊ လိမ်လည်ပြောမှု၊ ကျောက်နှင့်ထုဟု၊ ပီးသည့်အာဏာ၊ လက်မရွန့်ရို့၊ ထုပြန်ပါကေ၊ ကျောက်နှင့်ထုယင့်၊ ဖားပြုတ်ကေမှာ၊ ကြောတက်ယင့်လည်း တက်လတ္တံ။
ထိုသည်အခါ၊ ပါးစခံတွင်း၊ ဖားပြုတ်ကေမှာ၊ သွီးဖျင်းဖျင်းနှင့်၊ ခုန်ကာခုန်ကာ၊ လားလီပါကေ၊ လမ်းမှာတွိငြား၊ လူအများက၊ အဆွေဖားပြုတ်၊ နီလွန်းလှပါ၊ ဇာကလာဟု၊ မီးခါကာလ၊ သူကြီးမြီတိုင်း၊ ကျေးကိုင်းရွာစား၊ အိမ်သို့လား၍၊ ကွမ်းစားရသည်၊ အိုမိတ်ဆွေဟု၊ ဖားပြုတ်ကေကဆိုလတ္တံ။ ။
(ဤတွင် ဖားပြုတ်ကေ၀တ္ထုဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိဆက်ပြောပါလီ။)

မိမ္မမာယာ ယောက်ကျားလေ့လာ၍မနိုင်
12/01/2009
လေ့လာ၍မရသောပညာဟူသည်မဟိဟု အများကလက်ခံယူထား၏။
ယေတာလည်းအမှန်ပင် ယောက်ကျားများလေ့လာ၍မရသောပညာမှာ မိမ္မာယာကျမ်းပင်ဖြစ်သည်။
ပဇာကြောင့်ဆိုသော် ယင်းပညာသည်
မိမ္မရို့၏ကိုယ်ပိုင်ဖြစ်သည့်အတွက် သူရို့တိရာပိုင်ပြီး ယောက်ကျားတိအမှန်ပင် လေ့လာ၍မရနိုင်ပါ။
ဥပမာအားဖြင့် ပုံပြင်ချေတပုဒ်ပြောပြပါမည်။ုအယင်ကခါ လူပျိုချေတယောက် ဒိသာပါမောက္ခဆရာပါးမှာ ပညာသင်ပြီးလို့ပြန်ရေခါ ကန်ဘောင်နား ရီခတ်ဖို့လာရေ အပျိုမချေတယောက်နှင့်တွိပါရေ။
ယေခါ ယင်းအပျိုမချေက မီးပါရေ “အမောင် အဇာကလာလို့ အဇာတို့လားဖို့ရောင်”
လူပျိုချေက “အကျွန်တော် ဒိသာပါမောက္ခဆရာပါးမှာ သုံးနှစ်သုံးမိုး အသာတမန္တလို့ခေါ်ရေ မိမ္မမာယာကျမ်းကိုသင်ပြီးလို့ ပြန်လာပါရေ” ဖြေရေ။
ယေခါ မိမ္မပျိုချေက “အမောင် သုံးနှစ်သုံးမိုး လေ့လာခပြီးယာဆိုကေ ကောင်းကောင်းမိမ္မပညာကို တတ်ကျွမ်းဖို့မလားယေ”
လူပျိုချေက “ဟုတ်ပါယင့်၊ တတ်သင့်သလောက်တတ်တေ”
ယေခါ အပျိုမချေက “ ယင်းပိုင်ဆို အကျွန်နှင့်ပြိုင်ဖို့လား”
ယေခါ လူပျိုချေကလည်း သုံးနှစ်သုံးမိုးသင်ထားရေပညာ၊ ဇာနားထားဖို့လဲဆိုပျာ “ပြိုင်ကေပြိုင်“ သဘောတူလိုက်တေ။
အပျိုမချေက မီးရေ “မောင်းမောင် အယင်ပြိုင်ဖို့လား၊ အကျွန်အယင်ပြိုင်ရဖို့လား”
လူပျိုချေက “နင်အယင်ပြိုင်” ဖြေရေ။
ယင်းပိုင်ပြောပြီးစွာနှင့် အပျိုမချေက “စပျာမောင်းမောင်” ဆိုပျာ ရွာကိုလှည့်လို့ “ကူပါကယ်ပါ” ဇကုန်အော်လိုက်တေ။ ယေခါ မိမ္မချေတယောက် ဒုက္ခရောက်နီပျာအထင်နှင့် ရွာသားတိ ဒုတ်ဆွဲဒါးဆွဲ ထွက်ပါလတ်ကတ်တေ။ ယင်းကိုမြင်ခါ လူပျိုချေက မျက်စိပြူးမျက်ဆံပြူး ကြောက်ကြီးသံဖက် ဒူးတုန်နီပျာ။
ယေခါ အပျိုမချေက ပြောရေ “အမောင် မတတ်ပျာမလား၊ အကျွန်ပြောစွာကိုရာလုပ်ဖိ” ဆိုပနာ လူပျိုချေကို ကန်ထဲသို့ ခုန်ဆင်းခိုင်းလိုက်တေ။ ဘသားကြီးမှာ မိမ္မချေပြောရေအတိုင်း ကန်ထဲသို့ ခုန်ဆင်းလိုက်ရရေ။
ရွာသားတိက “ဇာဖြစ်လဲ..ဇာဖြစ်လဲ” မီးရေခါ အပျိုမချေက “ဇာဖြစ်ဖို့လဲ ကန်ထဲမှာ ရီကူးမတက် ယောက်ကျားချေတယောက်ပြုတ်ကျလို့။ တချက်ကယ်ကတ်” ပြောလိုက်တေ။
ယေခါ ရွာသားတိ လူပျိုချေကို ဆင်းကယ်ကတ်တေ။ ယင်းနိကပင် “မိမ္မမာယာ မိမ္မရာပိုင်၊ ယောက်ကျားမနိုင်ကြောင်း” လူပျိုမောင်းမောင် ကောင်းကောင်းသဘောပေါက်လားလီပါသည်။
အသျှင် (Ashun)

နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒဿ ပဉ္စဂုဏာ အဟံ ၀န္တာမိ။
ဘုရားသမိုင်းလင်္ကာ
---------------------
ဇမ္ဗူဒီပါ၊ ကျွန်းတောင်ယာဝယ်၊ ရတနာထူပြော၊ စဉ်ပင်ပေါသည်၊ မနောရမ္မာ၊ ကျွန်းအောင်ချာထက်၊ ရှိကလူပေါင်း၊ ရှိလူဟောင်းရို့၊ ပျော်ကောင်းလူ့ဘောင်၊ သေလာတောင်ဝယ်၊ ခေါ်ဆောင်မှန်ကူ၊ ရွာကျောက်ဖြူထက်၊ ရှိမူမော်ကွန်း၊ တည်ထွန်းစဉ်လာ၊ ရွာချခါဝယ်၊ ခေါ်ရာပရေ။ ရပ်ဝယ်လူများ၊ အရပ်သားနှင့်၊ အောင်သားမည်ခါ၊ ငသထာဟု၊ ခေါ်မှုမှန်စွာ၊ ကွန်ဆရာသည်၊ လင်းခါချိန်ထေက်၊ မိုးလင်းရောက်က၊ မြစ်စယောင်ယောင်၊ ငပြီတောင်နား၊ ကွန်ပစ်လားရာ၊ ငသထာဟု၊ ခေါ်ရာထိုသူ၊ ပစ်သည်ဟူက၊ ကွန်မူထွီးယှက်၊ ငြိလျှက်ဟိရာ၊ စမ်းကြည့်ပါသော်၊ မြတ်စွာရုပ်ပွား၊ ဆင်းတုအားကို၊ တွိပြီးသောခါ၊ ရွာပြန်လာရောက်၊ ကြောက်မက်စဖွယ်၊ မြစ်ပင်လယ်မှာ၊ ဇာနှယ်ကဲ့သို့၊ ဖြစ်ဖို့သနည်း၊ ပုထိုးတဆူ၊ ဟိသည်ဟူ၍၊ လူများသိစီ၊ ပြောကြားလီသော်၊ ကြီးသူမောင်ဝမ်း၊ ရွာဆော်ရွန်း၍၊ ရွှင်လန်းအားရ၊ ရပ်သားရွာသူ၊ ကျွက်ကျွက်ဆူမျှ၊ ပင့်ယူလတ်သော်၊ ခုမူတည်ရာ၊ ရက်ခံသာက၊ ပြောင်းကာတတိတ်၊ ပင့်ဖိတ်ကြရာ၊ မရပါသော်၊ လွန်သာထယ်ဆွဲ၊ ကြိုးစားပေလည်း၊ လွန်ကြိုးပြတ်ကျ၊ ပင့်မရတည်း။
မြတ်ဗုဒ္ဓ၏၊ တေဇတောက်ထွန်း၊ ဘုန်းရောင်လျှမ်းသည်၊ ထွန်းနီပမာ၊ စောမြတ်စွာကို၊ တကာပရေ၊ တည်သည်သက္ကရာဇ်၊ နှစ်၏ကောဇာ၊ တရာ့လေးဆယ်၊ စွန်းဝယ်ခုနှစ်၊ ရတုဟေမာန်၊ တပို့တွဲလ၊ ဆန်းစပုဏ္ဏမီ၊ တိထီခြောက်ရက် ဇီဝါရက်တွင်၊ တည်ရက်မှန်လှ၊ မြတ်ဗုဒ္ဓကို၊ ခေါ်ထမိန့်မော၊ ကန့်ကော်တောဝယ်၊ မနောကြေငြာ၊ တည်ထားပါသည်။ ရောင်ဝါခြောက်သွယ်ဝင်းစီသောဝ်။
(ဤကား မြောက်ဘက်ဘုရား ရုပ်ပွားတော်ကြီး အကြောင်းအရာများပေတည်း။)
၁။ တကာပရေ = ရွာကို ကြီးကြပ်အုပ်ချုပ်သူ။
၂။ မောင်ဝမ်း(ရွာသူကြီး) = ရွာတွင် ဆော်သြသူ။
၃။ သထာ(ကွန်ဆရာ) = ကွန်ပစ်သူ (ဘုရားတွိသူ)
ဤလင်္ကာအရလည်း ကံ့ကော်တောဘုရားရုပ်ပွားတော်များမှာ ကောဇာ (၁၄၇) ခုနှစ် တပို့တွဲလဆန်း ခြောက်ရက်နိ ကိုးကွယ်သည်ဟု မှတ်ယူရပါသည်။
မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးအချိန်အခါမှစ၍ ပေါ်ပေါက်လျက်ဟိသော စကားရပ်များမှာ ကံ့ကော်တောဘုရား ရုပ်ပွားတော်များနှင့် ဆက်စပ်လျှက်ဟိသော စကားတရပ်ပင်ဖြစ်သည်။
ရှိသရောအခါ၌ ကောတုံတရစ်တိုင်းဟု၍ တိုင်းကြီးတတိုင်းမှာ ထင်ရှားစွာဟိသည်။ ၄င်းတိုင်း၏အကျယ်အ၀န်းမှာ ရှိဘက်သို့ မော်တင်စွန်းအထိနှင့် အနောက်ဘက်သို့ ဘင်္ဂလားအော်အထိ ကျယ်ပြန့်သည်။ အဆိုပါတိုင်းပြည်တွင် မဒ္ဒရာဇ်မင်းကြီးစိုးစံအုပ်ချုပ်ပြီး သားတော် (၃) ပါး ထွန်းကားသည်။ နောင်တော်ကြီး၊ နောင်တော်ချေနှင့် အာဝဟူ၍ အသီးသီးခေါ်တွင်၏။ အခါတပါးသောနိ၌ ဘခမည်းတော်မဒ္ဒရာဇ်မင်းကြီး နတ်ရွာလားသော် သားကြီးဖြစ်သော နောင်တော်ကြီးမင်းသားအား ထီးနန်းအပ်နှင်းသည်။ ညီတော်အလတ် နောင်တော်ချေက အိမ်ရှိစံအဖြစ်လည်းကောင်း၊ ညီတော်အာဝမင်းသားအား စစ်သူကြီးရာထူးဖြင့် အသီးသီးဝီမျှအုပ်ချုပ်သည်။ ထိုသို့ ညီနောင်(၃) ဦး စီးမံအုပ်ချုပ်မင်းလုပ်နီစဉ်တွင် ပြည့်သျှင်မင်းဖြစ်သော နောင်တော်ကြီးသည် ဥပုသ်ဝင်လိုလှသော အာသီသစိတ်ပြင်းပြလာသဖြင့် ညီတော်လတ်ဖြစ်သည့် နောင်တော်ချေအိမ်ရှိမင်းသားအား ထီးနန်းအပ်နှင်းတော်မူပြီး တောအရပ်သို့ ထွက်ခွာလားတော်မူသည်။ ထိုသို့ နောင်တော်ကြီးဘုရားတောထွက်၍ နှစ်များအတန်ကြာညောင်းသော် ပြည့်သျှင်မင်းနောင်တော်ချေသည်လည်း အစ်ကိုနောင်တော်ကြီးနည်းတူပင် အညရ၀ါသီတောရပ်မှီးလီတော့သည်။
ထီးနန်းအရိပ်အရာအား ညီတော်အငယ်ဆုံး အာဝမင်းအုပ်ချုပ်သည်။ သို့နှင့် နောင်တော်ချေမင်းကြီးသည် ထီးနန်းစွန့်ပြီး နောင်တော်ကြီးလားရာအရပ်ဘက်သို့ ရှိရှုပြီးလိုက်လီသော် တိုင်းပြည်တော်နှင့်အလွန်ဝီးကွာသော တောတန်းတခုတွင် တွိဆုံသည်။ ထို့သို့ တွိဆုံရာတွင် တိုင်းပြည်ရေးရာအကျိုးအကြောင်းနှင့်စပ်လျဉ်း၍ပြောဆိုပြီးသော် မိမိအားလည်း နောင်တော်နှင့်အတူတကွ တရားအားထုတ်ခွင့်ပြုပါရန် လျှောက်တောင်းပန်သော် နောင်တော်ကြီးက ငါ့ညီတော်တရားအားထုတ်လိုသော် ထိုဘက်တောင်တန်းမှာ နီလီလော့ဟုညွှန်ကြားသည်။ ညီနောင်နှစ်ဦးလည်း မိမိနီရပ်၌ပင် တရားအားထုတ်၍ အသက်ထက်ဆုံးနီလီကုန်၏။
၎င်းအရပ်သည် ရမ်းဗြဲကျွန်းမြောက်ဘက်ကျသည့် ပင်လယ်ထဲတွင်ဟိ၏။ ထိုနီရာအား နောင်တော်ကြီးတောင်နှင့် နောင်တော်ချေတောင်ဟူ၍ ယခုထက်တိုင်ခေါ်ဝေါ်လျှက်ဟိ၏။ ထိုစဉ်အခါ ကောတုံတရာဇ်တိုင်းပြည်၌ ညီငယ်တော်အာဝမင်းသားသည် မင်းကျင့်တရားဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါးနှင့် ညီညွတ်မှုမဟိသောကြောင့် တိုင်းပြည်တွင် ခိုးသားဓားမြသောင်းကျန်း၍ အငတ်ဖီးဆိုက်၍ မငြိမ်မသက်ဖြစ်လတ်၏။
တိုင်းပြည်တွင် တန်းခိုးကြီးရုပ်ပွားတဆူဟိ၏။ (တချို့က နှစ်ဆူဟိသည်ဟူ၍လည်း ပြော၏။) ထိုတန်းခိုးကြီးရုပ်ပွားတော်ကြီးအား မရိုသေမကိုင်းညွတ်ပဲ မသင့်လျှော်သောအမှုကို ပြည်သူမျာ ပြုကျင့်ကြကုန်၏။ ထိုတိုင်းပြည်၌ သီလသမာဓိမြဲသော ငပုအမည်ဟိသော အဘိုးအိုလင်မယားနှစ်ဦးကိုးကွယ်သော တန်းခိုးကြီးဘုရားအား ဤသို့ပြုကျင့်နီခြင်းမှာ မသင့်လျှော်ကြောင်း ပြောဆိုဟန့်တားသော်လည်းမရ။ ငပုလင်မယားမှလွဲ၍ ၄င်း၏သားသမီးများပင်လျှင် မကောင်းသောအမှုပြုကျင့်ကြကုန်၏။ (တချို့က ငပုနှင့် ငလာ ညီအစ်ကိုနှစ်ယောက်ဟိကြောင်းဆို၏။)
နတ်များအိမ်မက်လာပီးခြင်း။
တညသောအခါ၌ ငပုလင်မယားအိပ်နီစဉ် သမာဒေ၀နတ်များလာပြီး ဤကောတုံတရာဇ်တိုင်းအား ရက်သတ္တပါတ်အတွင်း နဂါးရီနှစ်ကဇတ်တော့မည်ဖြစ်၍ သင်ရို့လင်မယားလွတ်ရာသို့ ပြီးလီကုန်လော့။ ထိုသို့လားသောအခါ၌ သင်ရို့နှစ်ဦးမှလွဲ၍ မည်သူ့အားမှ အသိမပီးလီနှင့် အိပ်မက်ပီး၏။ ငပုအဘိုးအို အိပ်ရာမှလန့်နိုးလတ်သော် အနီးတွင် ငွေအသပြာတထောင်ထုပ်ကို တွိ၏။ မိုးသောက်အလင်းရောက်သော် အဘိုးကြီးသည် မယားသည်ဝါကြီးမအား အိမ်မက်အကြောင်းပြောကြား၍ ငွေထုပ်အားပီးပြီး တယောက်သောသူကိုမျှ မပြောရန်မှာကြား၏။ ၀ါကြီးမက မိခင်ဖြစ်ခြင်းကြောင့် သားသမီးနှစ်ဦးအား တိတ်တဆိတ်ပြောရာ လားချိန်နီးတွင် ငပုအဘိုးကြီးဘုရားလားပင့်သော် ပင့်မရဘဲဟိ၏။
ထိုအခါ ငပုအဘိုးသည် ဘုရားရုပ်ပွားတော်အား အကြိမ်ကြိမ်ပင့်သော်လည်း အချီးအနှီးဖြစ်နီလီသောကြောင့် ၀ါကြီးမအား မှန်ရာပြောရန်မီးမြန်းရာ ၀ါကြီးမက သားသမီးများအားထုတ်ဖော်ပြောမိကြောင်းဝန်ခံ၏။
ထို့ကြောင့် ဘုရားအားပင့်မရခြင်းဖြစ်ကြောင်း အမှန်သိသဖြင့် အဆိုပါ နိရက်တွင်မလားတော့ဘဲ နောင်တွင် မည်သူမျှအသိမပီးဘဲ တိတ်တဆိတ်ဘုရားအားလားရောက်ပင့်ယူရာ လွယ်ကူစွာရခြင်းကြောင့် ၀ါကြီးမအား နတ်ပီးသော ရွှေထုပ်အားရွက်စီကာ ကောတုံတရာဇ်တိုင်းပြည်မှ တိတ်တဆိတ်ထွက်ခွာလားကြလီ၏။ ထိုသို့ထွက်လားယင်းပင် ယခုအခေါ် လိပ်ခမော် ရွာဟောင်းအနီး တောင်ငယ်တခုသို့ရောက်၍ အညောင်းဖြေရပ်နား၏။ ၄င်းတောင်ငယ်ကို ယခုထက်တိုင် “ငပုတောင်မော်” ဟု ခေါ်တွင်လျှက်ဟိ၏။
ရှာမတွိသော မဟာမြတ်မုနိအရပ်
အဘိုးငပုလင်မယားသည် ၄င်းတောင်ငယ်၌ အညောင်းအညာဖြီနီကြပြီး မိမိရို့လာရာလမ်းအတိုင်း အနောက်ဘက်သို့မျှော်၍ကြည့်လီသော် ကောတုံတရာဇ်တိုင်းပြည် သမုဒ္ဒရာပင်လယ်ရီပြင်အတိဖြစ်နီသည်ကို တွိမြင်ရ၏။ ထိုပင်လယ်ကမ်းစပ်တွင် ယခု ဂေါ်တူခေါ်ရွာငယ်တခုဟိ၏။ တခါတရံ ဖြားစစ်ချိန်တွင် ပင်လယ်သမုဒ္ဒရာထဲဟိ နန်းခေါင်တိုင်အား မြင်ရကြောင်းဆို၏။
ငပုလင်မယားကား ခရီးတထောက်ဆက်လျှောက်ရပြန်သော် အလွန်ပင်ပန်းနွမ်းရိလာခြင်းကြောင့် ၀ါကြီးမက ဤဘုရားရုပ်ပွားတော်နှင့် ငွေထုပ်အားထားခရန်ပြောသော်လည်း ငပုအဘိုးအိုကား ရှိသို့ဆက်၍ယူရန်သာပြောပြီး ခရီးဆက်၏။ သို့နှင့် ယခုကျောင်းအနီး သရက်တောအုပ်ကြီးထဲသို့ ရောက်လာ၏။ ဤနီရာတွင် ရပ်တန့်အညောင်းဖြေပြီးလျှင် ငွေထုပ်အား သရက်ပင်များအောက်တွင် မြှုပ်နှံ၍၄င်း၊ ဘုရားရုပ်ပွားတော်မြတ်အား သင့်လျှော်သောနီရာတွင်ထား၍ ပူဇော်ကန်တော့ပြီး မဟာမုနိအရပ်ဘက်သို့ ထွက်လားလီ၏။ မဟာမုနိအရပ်ကား ပဇာအရပ်ကိုခေါ်သနည်း။ ကျောက်တော်ဘက် မဟာမုနိဘုရားအရပ်ကိုခေါ်လီလား ယခုတိုင် အတိအကျမသိရပေ။
“ကံ့ကော်တောဘုရား” ခေါ်တွင်ခြင်း
ရှိလွန်လီပြီးသောအခါက လူနီအိမ်ခြီ လှီကားတထောင်ဟိသော ရွာကြီးတရွာသည် ကျောက်ဖြူတောင်အနီးတွင်တည်၍ ကျောက်ဖြူရွာဟုခေါ်တွင်သည်။ ယခုတိုင် ကျောက်ဖြူတောင်ခြီရင်းတွင် အင်တန်ကြီးသော ကျောက်ဖြူလုံးကြီးနှစ်လုံးဟိသည်။ အချို့က ၄င်းကို ကျောက်မောင်နှစ်မ၊ အချို့က ကျောက်လင်မယားဟုပြောဆိုသည်။ ၄င်းကျောက်ဖြူနှစ်လုံးကိုအစွဲပြု၍ ကျောက်ဖြူတောင်၊ ကျောက်ဖြူရွာဟုခေါ်သည်။ ထိုရွာတွင် လူကြီးဖြစ်သော ငပုချေဆိုသူ တောသို့လား၍ ငပုလင်မယားထားခသော ရုပ်ပွားတော်အားတွိ၍ မိမိနီရပ်သို့ပင့်ယူလာရာ ကျောက်ဖြူရွာအနီး ချောင်းကမ်းထိပ်သို့ရောက်သော် အညောင်းအညာဖြီရပ်နားရာတွင် ဘုရားရုပ်ပွားတော်အား ပြန်လည်ပင့်ဆောင်မရဖြစ်လီ၏။ ထိုအခါရွာသားများအားခေါ်ယူပြီး ရထားပြုလုပ်၍ဆွဲလီသော် လွန်ကြိုးရအလီလီပြတ်၍ ပင့်မရခြင်းကြောင့် ထိုနီရာတွင်ပင် ကျောင်းတော်ဆောက်၍ တည်ထားကိုးကွယ်၏။ ဘုရားပင့်မရခြင်းအကြောင်းသော်ကား ထိုချောင်းငယ်သည် ရွာသားများမစင်စွန့်ရာချောင်းဖြစ်၍ မဖြတ်လိုခြင်းကြောင့်လည်းကောင်း၊ ယခုတိုင် ၄င်းချောင်းနီရာကို ချီးတောချောင်းဟုခေါ်သည်။ ဘုရားရုပ်ပွားတော် သီတင်းသုံးတော်မူရန် သင့်လျှော်လျှောက်ပတ်သော မြီသန့်မြီမြတ်သို့ရောက်တော်မူ၍လည်းကောင်း၊ ထိုနီရာမှ ပင့်ဆောင်မရခြင်းဖြစ်သည်။ ထိုနီရာတွင် ကံ့ကော်ပင်များ တောအုပ်သဖွယ် ပေါက်ခြင်းကိုအစွဲပြု၍ “ကံ့ကော်တောဘုရား” ဟု ခေါ်တွင်ခြင်းဖြစ်သည်။ ဤကား တောင်ဘက်မှ သီးတင်းသုံးနီတော်မူသော ရုပ်ပွားတော်ငယ်၏ သမိုင်းအကြောင်းတည်း။ ထို့ကြောင့် ရုပ်ပွားတော်ငယ်မှာ ကံ့ကော်တောအုပ်သို့ ဦးစွာရောက်ကြောင်းထင်ရှားသည်။
မြောက်ဘက်မှ သီတင်းသုံးတော်မူသော ရုပ်ပွားတော်ကြီးအကြောင်း
ဤရုပ်ပွားတော်ကြီးအား ကျောက်ဖြူရွာသားတံငါသည် ငသထာသည် ငပြီတောင်မော်စွန်းအနီး ပင်လယ်ကမ်းစပ်တွင် လားရောက်ငါးဖမ်းရာ ပိုက်ကွန်အတွင်း၌ အဆိုပါရုပ်ပွားတော်ကြီး ငြိတွယ်ပါလာ၏။ ငသထာသည် ကြောက်လန့်ကြီးစွာ သူ၏ပိုက်ကွန်၌ ဘုရားပုထိုးတဆူပါလာကြောင်း ရွာသားများအားပြောကြားသော် ရွာသူကြီး ငပချေနှင့် ရွာဆော်မောင်ဝန်းသည် ရွာသားများအားခေါ်ယူပြီး ဘုရားရုပ်ပွားတော်အားပင့်ဆောင်ရာ ကံ့ကော်တောအုပ်အနီး ချောင်းကမ်းစပ်တွင်ရပ်နားစဉ် ယခင်ရုပ်ပွားတော်ကဲ့သို့ပင် ပင့်ယူမရဖြစ်ပြန်သည်။
ဘုရားရုပ်ပွားတော်ကြီးသည်လည်း ဤမစင်ချောင်းကို မဖြတ်လိုခြင်းကြောင့်လည်းကောင်း၊ မြီထွက်မြီမြတ်တွင် ယခင်ရုပ်ပွားတော်နှင့်အတူ သီတင်းသုံးတော်မူလိုခြင်းကြောင့် ပင့်ဆောင်မရခြင်းဖြစ်သည်။ ထိုရုပ်ပွားတော်ကြီးအား တချို့သောသူများက သီဟိုဌ်ကျွန်းမှ ကြွလာတော်မူသည်ဟုပြောသည်။ အချို့အချို့သောသူများကမူ ကောတုံကရာဇ်တိုင်းမှ ငပုညီ ငလာဆိုသူ ပင့်ယူလာခသောဘုရားဖြစ်ပြီး လောင်းလှီမှောက်၍ ရီထဲသို့ကျလားခြင်းဖြစ်ကြောင်း အချို့သောသက်ကြီးဝါကြီးများက ပြောသည်။ ငလာနီခသဖြင့် ယခုထက်တိုင် ငပြီတောင်တဘက်တွင် ငလာကုန်းဘောင်မှာ ထင်ရှားစွာဟိသည်။
နှစ်ဆန်းတရက်နိ ဘုရားပွဲပြုလုပ်ရခြင်းအကြောင်း
ဤတန်ခိုးကြီးရုပ်ပွားတော်မြတ်နှစ်ဆူအား သမ္မာဒေ၀နတ်ကောင်းနတ်မြတ်များ အစဉ်စောင့်လျှောက်လျှက်ဟိသည်။ တခုသောနှစ်ဆန်းတရက်နိတွင် နတ်သဘင်ပေါင်းစုံ စည်းဝေးရန်ကြုံသောကြောင့် ဤဘုရားတွင် ထိုနိထိုရက်၌ အစောင့်အယှောက်များကင်းမဲ့နီမည်ဖြစ်၍ မသူတော်များလာရောက်ဖျက်ဆီးခြင်းမခံရစီရန် နှိုးဆော်စောင့်ယှောက်စီခြင်းဖြစ်သည်။
ပွဲတော်ချရန်ရေးအခက်အခဲ၊ ဟင်းအခက်အခဲများတွိရစဉ် ရီကို ဘုရားအနီးတွင်တူးဖော်ရဟိပြီး ဤပြိန်းတောကြီးမှ ခူးယူချက်ပြုတ်ခြင်းဖြင့် ဟင်းအဖြစ်ပြုလုပ်၍ ပွဲတော်ချနိုင်ကြောင်း အိပ်မက်ပီး၍ ဘုရားတန်ခိုးတော်အား ယုံကြည်ခြင်းဖြင့် ပွဲတော်ပြုလုပ်လာလတ်သည်မှာ ယခုတိုင်ဖြစ်သတည်း။ မည်သည့်အချိန်ကာလသက္ကရာဇ်တွင် ဘုရားပွဲတော်စတင်ပြုလုပ်သည် အမှတ်အသားလည်းမထားခချေ။
ရှိနှစ်ပေါင်းများစွာကပင် ထင်ပေါ်ကြော်ကြားလျှက်ရှိခလီသော ကံ့ကော်တောဘုရားဟု ခေါ်ဝေါ်သမုတ်လျှက်ဟိသော ရှိဟောင်းပေါ်တော်မူမြတ်စွာဘုရား ရုပ်ပွားတော်နှစ်ဆူသည်ကား ရခိုင်ပြည်ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်၏ ဂုံးချိန်ကျွန်းရွာတောင်ဘက် ကံ့ကော်ပင်များဟိရာအရပ်၌ တည်ဟိသည်။ အဆိုပါ တန်ခိုးကြီးရှိဟောင်း ပေါ်တော်မူရုပ်ပွားတော်မြတ်ကြီးနှစ်ဆူ သီတင်းသုံးကိန်းဝပ်တော်မူရာသိမ်တော်မှာ ကျောက်ဖြူမြို့နှင့် (၅) မိုင်ကျော်ခန့် အကွာဝီးတွင်တည်ဟိပြီး ဂုံးချိန်ကျွန်းရွာနှင့်မူ (၂) ဖာလုံခန့်လောက်ဝီးသည်။ ထိုတန်းခိုးကြီး ရှိဟောင်းရုပ်ပွားတော်မြတ်နှစ်ဆူ၏ဘုရားပူဇော်ပွဲတော်မှာ နှစ်စဉ်နှစ်ဆန်း တရက်နိတွင်သာလျှင် ပြုလုပ်ကျင်းပလေ့ဟိသည်။ ဤကဲ့သို့ သင်္ကြံန်လွန်စ ထူးမြတ်သောနှစ်ဆန်းတစ်ရက်နိတွင် ကျင်းပပြုလုပ်သော ဘုရားပူဇော်ပွဲမျိုးကား မဟိသလောက် အလွန်ပင်ယှားပါးသည်။ ဤကံ့ကော်တော်ဘုရားပွဲတော်သည်ကား ကျောက်ဖြူမြို့နယ်တခုလုံးတွင် အထူးထင်ပေါ်ကျော်ကြားသော ဘုရားပွဲတော်ကြီးဖြစ်သည်။ ရှိဟောင်းရုပ်ပွားတော်မြတ် (၂) ဆူ၏ တန်ခိုးတော်သတင်းစကားများကြောင့်လည်း အရပ်ရပ်မှ လာရောက်ဖူးမျှော်ကန်တော့ကြသည်။ ရခိုင်သက္ကရာဇ် နှစ်ဆန်း (၁) ရက်နိသည်ကား ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများအတွက် အလွန်ထူးမြတ်သော နိကောင်းနိမြတ်တရက်ဖြစ်သည်။ ထို့ကြောင့် နှစ်ဟောင်းမှ မကောင်းသောဖီးဒါဏ်၊ ရန်မာန်အပေါင်းကင်းဝီးစီကြောင်းအလို့ငှာ သင်္ကြန်အခါတွင်း၌ အိမ်ဦးခန်းတွင် အန္တရာယ်ကင်းအဖြစ် သပြီပန်းနှင့် ရီချမ်းအိုးများတည်ခြင်း၊ တချို့လူကြီးမိဘများသည် မိမိရို့သားသမီးများအား ရွှေရည်ငွေရည်၊ တရော်ကင်မွန်းရည်များဖြင့် ဂေါင်းဆီးမင်္ဂလာ ဆံလျှော်ပီးခြင်းများပြုလုပ်ပြီး အန္တရယ်အပေါင်းကင်းဝီး ကျန်းမာချမ်းသာဆုတောင်းမိတ္တာပို့ခြင်းများပြုလုပ်ပေသည်။
ဤသို့ထူးမြတ်သော နှစ်ဆန်း (၁) ရက်နိတွင် ကံ့ကော်တောဘုရားပွဲပြုလုပ်ရန်အတွက် သင်္ကြန်အတက်နောက်ဆုံးရက်တွင် လူအပေါင်းသည် မခေါ်မဖိတ်ပဲလျှက်နှင့် မိမိရို့စိတ်ဆန္ဒအလျှောက် မြို့ရောကျွန်းပါ ရွာပေါင်းများစွာမှ လူကြီးလူငယ်၊ ယောင်္ကျားမိန်းမ၊ အချေသူငယ်များပါမကျန်၊ အပျိုလူပျိုများအားလုံး စုပေါင်းပြီးလျှင် သီဆိုကခုန်တီးမှုတ်၍ ဆီမီးပန်းနံ့သာအမျိုးမျိုးဖြင့်လည်းကောင်း၊ ရီချမ်းအိုးများကိုယ်စီရွက်ကာ လာရောက်ရီသပ္ပါယ် ကန့်တော့ကတ်သည်မှာ ပွဲတော်တမျှစည်ကားလှပေသည်။
ဤကံ့ကော်တောဘုရားပွဲတော် ဖြစ်မြောက်ရေးအတွက် ဂုံချိန်ရွာမှ ဘုရားဂေါပကအဖွဲ့ဝင် ဥပသကာလူကြီးများမှာ ကြာသားပတီးနိတိုင်း ငါးခရီးဝီးကွာသော ကျောက်ဖြူမြို့ပေါ်သို့ အပါတ်စဉ်မှန်မှန်တက်ရောက် အလှူခံပေသည်။ အမျိုးသမီးကြီးများအဖွဲ့ကလည်း ပွဲတော်ရက်မတိုင်မှီ တစ်လခန့်အလို တပေါင်းလမှပင် မြို့ပေါ်သို့လားရောက်ပြီး အိမ်တိုင်းစိဝင်ကာ ဆန်နှင့်အလှူငွေများကို စေတနာပေါက် တတ်အားသမျှ ပါဝင်လှူဒါန်းရန် ပြောဆိုအလှူခံယူသည်။ ၄င်းမှရသော အလှူငွေများဖြင့် ပွဲတော်လာပရိတ်သတ်အား စတုဒီသာ နိလုံးပေါက်ထမင်းကျွေးနိုင်ရေးအတွက် လိုအပ်သောငါးပိငါးခြောက်မှအစ ပစ္စည်းများကို ပြည့်စုံစွာဝယ်ယူပေသည်။ ကျောက်ဖြူမြို့နယ်တခုလုံးနှင့် အရပ်ရပ်မှ အလှူသျှင်များကလည်း ဤကံ့ကော်တောဘုရားပွဲတော်အတွက် စေတနာထက်သန်စွာဖြင့်
ပါဝင်လှူဒါန်းပေသည်။ ဤသို့ဖြင့် တန်ခိုးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ကံ့ကော်တော ပေါ်တော်မူဘုရားပွဲတော်သည် မိုးထက် (၄) ချက်တီး အာရုံဆွမ်းတော်ကပ်လှူချိန်ကပင် စတင်ကျင်းပရာ ညဇာသား (၄) ချက်တီးအထိ တနိတာမျှပြုလုပ်သော ဘုရားပွဲတော်ဖြစ်သည်။
ဤသို့ တနိတရက်တည်းပြုလုပ်သော ဘုရားပွဲတော်ဖြစ်ခြင်းကြောင့်လည်း တခြားဘုရားပွဲတော်များကဲ့သို့ အငြိမ့်ဇတ်ပွဲများ လုံးဝမပါပေ။ သို့သော် မိုးထက်သားဆွမ်းပို့ချိန်တွင်မူ ရွာပေါင်းများစွာမှ မိမိရပ်ရွာဓလေ့ထုံးစံအလိုက် အမျိုးမျိုးသော ကခုန်သီဆိုတီးမှုတ်ခြင်းများဖြင့် လှူဒါန်းဖွယ်ရာများနှင့် ဆွမ်းအိုးများကိုယ်စီရွက်၍ ဘုရားသိမ်တော်အား သုံးခေါက်ပတ်၍ တချို့ရွာများမှ ငါးခေါက်လှည့်ပတ်၍လည်းကောင်း၊ တချို့သောရွာများမှ ခုနှစ်ခေါက်လှည့်ပတ်၍လည်းကောင်း ဘုရားသိမ်တော်အား လှည့်ပတ်ဦးခိုက် ပူဇော်ကန်တော့သိမ်ပတ်ပွဲမှာ ကြည့်ဝမဆုံးအောင် အလွန်ကြည်နူးဖွယ်ဖြစ်သည်။
ပွဲတော်နိခြင်းပိုင်းတွင် ကျင်ကိုင်ပွဲနှစ်စဉ်ပါဝင်သည်။ ကျင်ကိုင်ပွဲတွင် ပထမရသောသူသည် ရွှေမောင်း (ရွှေခွက်)၊ ဒုတိယရရှိသောသူသည် ငွေမောင်း (ငွေခွက်) ရသည်။ ရွှေမောင်းငွေမောင်းဆွဲချိတ်ပြီး အိမ်အပြန်လှလိုသော ကျင်သန်များမှာ တဦးနှင့်တဦးအကြိတ်အနှယ် ဗိုလ်လုရ၏။ ဤပွဲတော်မှာ အထူးစည်ကားသည်။ ထို့ပြင် နိလုံးပေါက်ကျွေးသော စတုဒီသာမဏ္ဏပ်ကြီး၌လည်း နာမည်ကျော်ပြိန်းဟင်းအား တိုးဝှေ့တောင်းယူစားသောက်ရသည်မှာလည်း ပျော်စရာတမျိုးဖြစ်သည်။ ဤသို့ဖြင့် ကံ့ကော်တောရှင်ရုပ်ပွားတော်မြတ်နှစ်ဆူ၏တန်းခိုးမှာ အံ့သြ၍မကုန်နိုင်လောက်အောင် များပြားခြင်းကြောင့် မိဘဘိုးဖီးအစဉ်အဆက်ဆက်ကိုးကွယ်လာကြသည်မှာ ယခုတိုင်ဖြစ်သည်။ ထို့ကြောင့်လည်း ကံ့ကော်တောဘုရားခေါ် ရှိဟောင်းရုပ်ပွားတော်နှစ်ဆူ၏ အံ့ဖွယ်ရာတန်ခိုးသတင်းများအား ရပ်နီးရပ်ဝီးနီကုန်သော ရဟန်းသျှင်လူ သူတော်စင်များအားလုံး သိဟိကုသိုလ်ပွားများနိုင်စီရန် ရွီးသားဖော်ပြလိုက်ပါသည်.။
အသက်အတိုအရှည် တိုင်းတာခြင်းနှင့် လိုရာဆုများဓိဌာန်ခြင်း
ဤကံ့ကော်ရှင်မြတ်နှစ်ဆူတွင် တောင်ဘက်မှ သီတင်းသုံးနီတော်မူသော ရုပ်ပွာတော်ငယ်အား တန်ခိုးပို၍ ထင်ရှားတော်မူသည်ဟု ယုံကြည်မှုဟိသည်။ ထိုသို့ယုံကြည်ခြင်းကြောင့် အသက်တိုင်းတာ အဓိဌာန်ပြုကြရာတွင်လည်း ရုပ်ပွားတော်ငယ်ထံတွင်၌သာ ဆုတောင်းဓိဌာန်ပြုခြင်းကိုတွိရသည်။ မည့်သည့်အချိန်အခါမဆို မိမိရို့အသက်ရှည်ခြင်း တိုခြင်းများနှင့် လိုရာဆုများတောင်းလျှင် အချိန်အနည်းငယ်အတွင်း၌ ထင်ရှားစွာ ပြတော်မူသည်။ အသက်တိုမည် ရှည်မည်သိနိုင်ရန် အသက်တိုင်းတာခြင်းများပြုလုပ်ရန် လုံးဝမသင့်တော်ပေ။ ရှိအယင်က တချို့သောသူငယ်များမှာ ဤကဲ့သို့ အသက်တိုင်းတာခြင်းပြုလုပ်ရာတွင် အသက်တိုမည်သိရသောအခါ စိတ်ဓါတ်ကျ၍ ရက်မကြာသီဆုံးလားတတ်သည်ကို တွိကြုံရ၍ အသက်တိုင်းတာပြုလုပ်ခြင်းကို လူကြီးမိဘများက ဟန့်တားထားပေသည်။
သို့ကြောင့် တခြားသောလိုလားရာဆုများကိုရာတောင်းရန်သာ မှာကြားသည်။ ဓိဌာန်ဆုတောင်းနည်းမှာကား အလွန်လွယ်ကူသည်။ ၀ါခြမ်းနှီးပြားစငယ် တခုခုကို တန်းတောင်ဆစ်မှ လက်ခလယ်ထိပ်ဖျားအထိ တိုင်းတာပိုင်းဖြတ်ပြီး ရီဖြင့်စင်ကြယ်စွာ ဆီးကြောရသည်။ ထို့နောက် ရုပ်ပွားတော်ငယ်ရှိတွင် ယုံကြည်သောစိတ်ဖြင့် ငါးပါးသီလခံယူလျှက် လိုရာဆုတောင်း၍ အသျှင်ဘုရား၏တန်ခိုးတော်အား ပြတော်မူပါဘုရားဟု ရှိခိုးကန်တော့ကာ ရုပ်ပွားတော်ငယ်၏ရင်ခွင်ပေါ်တွင်
ဝါးခြမ်းစငယ်အား ကပ်လှူရသည်။ အချိန်အနည်းငယ်ခန့်ကြာသော် ပြန်ယူပြီး မိမိလက်ဖြင့် တိုင်းတာကြည့်ရသည်။ အသက်ရှည်၍ အလိုပြည့်မည်ဆိုလျှင် ထိုဝါးခြမ်းစမှာ သိသိသာသာကြီးရှည်နီခြင်းကို တွိရပြီး၊ အသက်တို၍ အလိုမပြည့်သူများအတွက်မူ နဂိုထက် တိုနီကြောင်း ထင်ထင်ရှားရှားတွိရသည်။ ယခုခေတ်နှင့်လျှော်ညီစွာ ဤကဲ့သို့တိုင်းတာပြုလုပ်ခြင်းများ နည်းပါးလားပြီးဖြစ်သည်။ သို့သော် အကုန်စင်ကား မပျောက်သိမ့်ပေ။ ဤသို့ထူးခြားချက်များမှာ ကံ့ကော်တောဘုရား၏ အံ့သြဖွယ်ရာများပင်ဖြစ်သည်။
သိုက်ဘုရားဟု ထင်မှတ်ခံရခြင်း
ရှိအယင်က ဂုံးချိန်ကျွန်းရွာတွင် အချိန်ကာလမဟုတ်ဘဲလျှက် လီကြီးမိုးကြီးလိုက်ခြင်း၊ လျှပ်စိမ်းမိုးကြိုးပစ်ခြင်းဖြစ်ပေါ်ရာ ရွာသားများစုရုံးပြီး ဒုတ်ဒါးများကိုင်ဆောင်၍ ကံ့ကော်တောဘုရားရှိရာသို့ ပြီးလိုက်ရာ ဘုရားသိမ်တော်အတွင်း၌ သိုက်တူးသမားများ အထည်မရအထုပ်မရ ကြောက်ကြောက်ဖြင့် ထွက်ပြီးကြရသည်။ ထိုသို့သိုက်တူးရန်ကြံစဉ်ခြင်းမှာ ဘုရားငယ်အား သိုက်ဘုရားဟု ထင်မှတ်ခြင်းကြောင့်ဖြစ်သည်။ ဤအကြောင်းများကို နောင်တွင်လုပ်ကြံရာ၌ပါဝင်သူများက ဖွင့်ပြောပြ၍သိရပေသည်။ ဤသည်မှာလည်း အလွန်အံ့သြဖွယ်ရာဖြစ်ပါတော့သည်။
ဘုရားအနီး အသက်သတ်မှုယှေင်ကြည်ရခြင်း
ကံ့ကော်တော ပေါ်တော်မူဘုရားပွဲတော်တွင် မည်မျှပင် စတုဒီသာကျွေးသော အလှူမဏ္ဍပ်ဟိစီကာမူ ပွဲတော်လာပရိတ်သတ်များပြားလွန်းခြင်းကြောင့် မြို့ရောကျွန်းပါမကျန် အပိုထမင်းဆိုင်များလာရောက် ရောင်းချရသည်။ တချို့မိသားစု၊ ဆွီမျိုးစုများမှာ အိမ်မှပင် စုပေါင်းချက်ပြုတ်ယူလာကြသည်။ တချို့မှာလည်း စုပေါင်းဝယ်ခြမ်းယူလားပြီး သစ်ရိပ်ကောင်းနီရာများတွင် တပျော်တပါးချက်ပြုတ်စားသောက်ကြသည်။ မည်သို့ပင် ရောင်းချစားသောက်စီကာမူ အမဲကြက်ငှက်အစဟိသော သတ္တ၀ါများ၏အသက် သတ်ဖြတ်ခြင်းကို ဘုရားအနီးဝန်းကျင်တွင် လုံးဝမပြုလုပ်ဘဲ ယှောင်ကြည်ရသည်။ တခါတရံ မသိ၍သော်လည်းကောင်း၊ မထီမဲ့မြင်ပြု၍ အသက်သတ်ခြင်းကြုံလျှင် ပွဲတော်နိတွင် မိုးကြီးပြင်းစွာရွာခြင်းများဖြစ်ပေါ်တတ်သည်။ ဤသို့ မိုးရွာခြင်းနှင့်ကြုံတွိရလျှင် ဘုရားအနီးအသက်သတ်ခြင်းကြောင့် သွီးဆီးမိုးရွာခြင်းဖြစ်သည်ဟု လူကြီးသူမများက ပြောဆိုတတ်ကြပေသည်။
ပွဲတော်အတွင်း အန္တရာယ်ကင်းဝီးခြင်း
ဘုရားပွဲတော်ကျင်းပပြုလုပ်သော နှစ်ဆန်းတရက်နိနှင့် သင်္ကြန်အတက်နောက်ဆုံးနိ ဘုရားရီသပ္ပါယ်သောအချိန်များတွင်ကား လူထုပရိတ်သတ် အလွန်များပြားလှပေသည်။ ဤကံ့ကော်တောဘုရား ရီသပ္ပါယ်ရာတွင်လည်း အခြားဘုရားများကဲ့သို့ ရောက်လျှင်ရောက်ချင်း ရီသပ္ပါယ်ခြင်း ထုံးစိုင်မဟိပေ။ ရွာပေါင်းများစွာမှ တရွာပြီးတရွာ သီဆိုကခုန်တီးမှုတ်ပြီး အမွှီးနံ့သာရီချမ်းအိုးများ ကိုယ်စီရွက်၍ ဘုရားသိမ်တော်အား မိမိစိတ်ကြိုက် လှည့်ပတ်ပူဇော်ပြီးမှ ရီပ္ပါယ်ခြင်းပြုလုပ်လေ့ဟိသည်။ ဤသို့ ရီသပ္ပါယ်ရာတွင်လည်း စိတ်ဟိသလောက် တဦးလျှင် (၃) အိုး ၊ (၅) အိုး၊ (၉) အိုးထိလည်းကောင်း၊ တချို့ သက်စိအဖြစ်ဖြင့်လည်းကောင်း၊ ဘုရားအနီး နတ်ရီကန်ဟုခေါ်တွင်သော ရီကန်ငယ်မှခပ်ယူပြီး ရီသပ္ပါယ်နီသော ယောက်ျားများအားပီး၍ ရီသပ္ပါယ်ခြင်းပြုလုပ်သည်။ ဤသို့ဖြင့် နိခြင်း (၁) ချက်တီးလောက်မှ ညဇာသား (၅) ချက်တီးကျော် (၆) ချက်တီးရောက်မှ ရီသပ္ပါယ်ခြင်းပြီးစီးသည်။ မိမိရပ်ရွာသို့ နီဝင်ချိန်မှပင်ပြန်ကြရသည်။ လားရမည့်ခရီးမှာလည်း မနီးလှပေ။ အနီးဆုံးခရီးမှာ (၂) ဖာလုံ (၃) ဖာလုံ (၅) ဖာလုံခန့်ဟိပြီး အ၀ီးခရီးမှာ မိုင်အင်တန်ဝီးသော ခရီးကို ခြီကျင်လျှောက်ပြန်ရသည်။ ရွှေငွေလက်ဝတ်လက်စား မည်မျှပင်ဝတ်ဆင်စီကာမူ လုယက်ခြင်းများလုံးဝမဟိ။ အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းလည်းမဟိ။ ပကတိအီးအီးချမ်းချမ်းပွဲတော်ပြီးမြောက်သည်မှာ အလွန်အံ့သြဖွယ်ကောင်းသော ဘုရား၏တန်ခိုးတော်များပင်ဖြစ်သည်။
နိမိတ်တော်ပြခြင်း
တိုင်းပြည်ရေး၊ရပ်ရွာရေးများ ထိခိုက်ပျက်စီးမည့်အကြောင်းများပေါ်ပေါက်မည်ဆိုလျှင် ဤကံ့ကော်တောဘုရား ရုပ်ပွားတော်များမှ ချွေးတော်ကျခြင်း၊ မျက်လုံးတော်နီမြန်းခြင်း၊ မျက်နှာတော်အက်ကွဲကြောင်းထင်ခြင်းစသည့် မကောင်းသော အမင်္ဂလာနိမိတ်များ ပြတော်မူသည်။ ပထမကမ္ဘာစစ်ကြီးအတွင်းနှင့် ထီးကျိုးစည်ပေါက်သောအချိန်များတွင်လည်း အထက်ဖော်ပြပါ အတိတ်နိမိတ်များဖြစ်ပေါ်ကြောင်းကြားဖူးပေသည်။ ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးပြီးချိန်တွင်လည်း ဤကဲ့သို့ နိမိတ်ပြတော်မူ၍ မြို့ရောကျွန်းပါမကျန် အုံးအုံးကျက်ကျက် လားရောက်ကြည့်ရှုသည်ကို တွိမြင်ဖူးပါသည်။ ဤသည်မှာလည်း ထူးဆန်းအံ့သြဖွယ်သော ဖြစ်ရပ်များပေတည်း။
ဥာဏ်တော်ငယ်သော်လည်း ၀ါစဉ်တော်ကြီးခြင်း
ဤရှိဟောင်းပေါ်တော်မူ ကံ့ကော်တောဘုရားရုပ်ပွားတော်နှစ်ဆူမှာ ဥာဏ်တော်အကြီးတဆူနှင့် ဥာဏ်တော်အငယ်တဆူဖြစ်သည်။ ရှိအယင် မိဘဘိုးဘောင်များလက်ထက်ကတည်းကပင် ဤရုပ်ပွားတော်နှစ်ဆူတွင် မည်သည့်ရုပ်ပွားတော်က ဥာဏ်တော်ကြီးသည်၊ ငယ်သည်ဟူ၍ အတိအကျမသိပေ။ သတိမမူမိကြခြင်းကြောင့်ဖြစ်သည်။ ယခုကား ထူးခြားချက်ဟိခြင်းကြောင့် သတိပြုမိကြ၍ ဥာဏ်တော်ငယ်သော ရုပ်ပွားတော်ငယ်မှာ ၀ါတော်ကြီးကြောင်းသိရပေသည်။ အကြောင်းသော်ကား ကောဇာသက္ကရာဇ် (၁၃၃၃) ခုနှစ်တွင် မှန်စီရွှေချ ဖန်မှန်ပလ္လင်တော်ကြီး ပြုလုပ်ဆက်ကပ်လှူဒါန်းရန်အတွက် ယာယီပလ္လင်ပေါ်သို့ ရုပ်ပွားတော်ကြီးအား ဦးစွာပင့်ယူလာရန် သေချာစွာမှာကြားပြောဆိုသော်လည်း ရုပ်ပွားတော်အငယ်သာလျှင် ယာယီပလ္လင်ပေါ်သို့ ဦးစွာပင့်ယူလာခြင်းကို တွိရသည်။ ယင်းသို့ ပထမအကြိမ် ထူးခြားချက်ကိုတွိရခြင်းကြောင့် နောက်ထပ်ပြုလုပ်ရန်များကို အထူးဂရုစိုက်သတိထား၍ လုပ်ဆောင်ကြသည်။ မုခ်ဆောင် (၂) ခုနှင့် မှန်စီချယ်သော ပလ္လင်တော်မြတ်ကြီးပြုလုပ်ရာတွင် ရန်ကုန်မြို့မှ ပန်းရံကျွမ်းကျင်သောဆရာကြီးများအဖွဲ့နှင့် ကျောက်ဖြူမြို့မှ လက်သမားဆရာကြီးများကိုယ်တိုင်ပါဝင်၍ ပလ္လင်တော်မုခ်ပေါက်နှစ်ခုအား အနိမ့်အမြင့်တူညီရန် အထူးသတိထားတိုင်းတာ၍လုပ်ကိုင်စီကာမူ တောင်ဘက်ရုပ်ပွားတော်ငယ်၏ပလ္လင်တော်နှင့်မုခ်မှာ မြောက်ဘက်ပလ္လင်တော်ထက် သိသာစွာမြင့်နီကြောင်းတွိရသည်။ အကြိမ်ကြိမ်ချိန်ချတိုင်းတာပြုလုပ်ပါသော်လည်း အနည်းငယ်ခန့်သော်လည်းမြင့်နီ၍ လက်သမားများနှင့် ပန်းရံဆရာကြီးများမှာ လက်လျှော့၍ ဤအတိုင်းပြုလုပ်ရပေတော့သည်။ မှန်ပလ္လင်တော်ကြီးပြီးစီးသည့်အခါတွင်လည်း ရုပ်ပွားတော်ကြီးအား ပလ္လင်ပေါ်သို့ ဦးစွာပင့်ခိုင်းပြန်ရာ ပင့်ယူသူကလည်း ရုပ်ပွားတော်ကြီးကိုပင့်ယူသည်ဟုထင်သော်လည်း ရုပ်ပွားတော်ငယ်သာလျှင် မှန်ပလ္လင်အသစ်ကြီးအထက် ဦးစွာကြွရောက်တော်မူခြင်းကို တွိရပြန်သည်။ ဤသည်များကြောင့် ကံ့ကော်တောရုပ်ပွားတော် (၂) ဆူတွင် အငယ်ရုပ်ပွားတော်သည် အမှန်ပင် ၀ါတော်ကြီးမည်ဖြစ်ကြောင်းသိရသည်။ ဤအရာများမှာကား အလွန်ထူးဆန်းအံ့သြဖွယ်ရာများဖြစ်သည်။
နာမည်ကျော်ပြိန်းဟင်းအကြောင်း
ပြိန်းဟင်းများသည် ယားယံတတ်သော ဟင်းမျိုးဖြစ်၍ လူတိုင်းမစားဝံ့။ အလွန်ကောင်းသော ပြိန်းယဉ်မျိုးပင်လျှင် တခါတရံသွီးနှင့်မတည့်လျှင် ယားယံတတ်သည်။ ထို့ကြောင့် ပြိန်းဟင်းကို လူကြောက်ဟင်းဟုခေါ်သည်။ သို့သော် ဤကံ့ကော်တော်ဘုရားပွဲတော်တွင် ချက်ကျွေးသော ပြိန်းဟင်းမှာကား လုံးဝယားယံခြင်းမဟိ။ ဤသည်မှာ ကံ့ကော်တောဘုရား၏ ထင်ရှားသောအံ့ဖွယ်တည်း။ ဤဘုရားပွဲတော်တွင် ရှိအစဉ်အလာ ပြိန်းဟင်းမှလွဲ၍ မည်သည့်ဟင်းနှင့်မျှ ပြောင်း၍မကျွေး။ ဤဟင်းသည်သာ ပွဲတော်လက်စွဲဟင်းဖြစ်သည်။ ထောင်ပေါင်းများစွာသော ပွဲတော်လာပရိတ်သတ်များအတွက် ပြိန်းမျိုးကောင်း ပြိန်းယဉ်ဟင်းပင်များကို ပဇာအရပ်တွင် ရနိုင်ပါမည်နည်း။ ယင်းကြောင့် ပွဲတော်မလုပ်မှီ တပါတ်ခန့်ကြိုတင်၍ အရပ်တကာပေါက်သော ပြိန်းများအား လားရောက်ရှာဖွေကြရသည်။
ရှိအယင်က ဘုရားအနီးတွင် ပိန်းတောကြီးများဟိ၍ တခြားသို့ တကူးတကရှာဖွေရန်မလို။ ထိုသို့ အရပ်ရပ်မှရှာဖွေ၍ရသော ပြိန်းပင်များအားပိုင်းဖြတ်ပြီး ဒယ်အိုးကြီးများဖြင့် ဖိသိပ်ချက်ပြုတ်ထားသည်မှာ စားဝံ့စရာမဟိ။ သို့သော် ပြိန်းအိုးကျက်သည်နှင့် တအိုးပြီးတအိုးကုန်ကျလား၍ စောင့်ဆိုင်းနီရသည်။ ဤသည်တို့ကြောင့် ကံ့ကော်တောဘုရားဖူးဇောင်လားခြင်းကို ပြိန်ဟင်းစားရန်လားသည်ဟု တင်စားပြောဆိုသည်။ ကံ့ကော်တောဘုရား၏တန်ခိုးတော်ကား ထင်ရှားပေ၏တကား။
အံ့သြဖွယ်ရီကန်ငယ်
ဘုရားပွဲတော်များ ပြုလုပ်ကျင်းပရာတွင် ရီသည်အလွန်ကြီးသည်။ ရီမဟိသောအရပ်တွင်လည်းကောင်း၊ ရီနှင့်ဝီးလွန်းသောနီရာတွင်လည်းကောင်း ပွဲတော်လုပ်ရန် အလွန်ခက်ခဲသည်။ ယခုကံ့ကော်တောဘုရားရှိရာ ဂုံးချိန်ရွာနှင့် (၂) ဖာလုံ (၃) ဖာလုံခန့်ဝီးလေသည်။ အယင်ခါက ထိုရွာတွင်လည်း ရီတွင်းရီကန်များ မဟိသလောက်နည်းလှပေသည်။ မိမိအိမ်သုံးလက်ယက်သဲတွင်းငယ်များကိုသာ အသုံးပြုလေ့ဟိသည်။ နွီရာသီတန်းခူးလဆိုလျှင် ရီယှားချိန်ဖြစ်သည်။ ထို့ကြောင့် ကံ့ကော်တောဘုရားပွဲတော်တွင်လည်း ရီဒုက္ခဖြစ်မည်ထင်ရသော်လည်း ဘုရားတန်ခိုးတော်ကြောင့် ရီဒုက္ခကင်းသည်။ အကြောင်းသော်ကား သိမ်တော်အနီးမှ (၄) ပေခန့် အနက်ဟိသော ရီကန်ငယ်မှ အချိန်မရွီးခပ်ယူနိုင်ခြင်းကြောင့်ဖြစ်သည်။
ထိုရီကန်ငယ်အား လူတိုင်းက နတ်ရီကန်ဟုခေါ်သည်။ ၄င်းရီကန်ငယ်မှာ တခြားသောရီတွင်းရီကန်များကဲ့သို့ လူသူအများခပ်ယူနိုင်ခြင်းမဟိ။ တဦးတယောက်တည်းသာ ၀င်ရောက်ခပ်ယူနိုင်သော အလွန်ထူးဆန်းစွာပြုလုပ်ထားသော ရီကန်ငယ်မျိုးဖြစ်သည်။ ရီကန်ငယ်၏ပုံသဏ္ဏန်မှာလည်း လေးထောင့်ကျကျဆီထည့်သောကန်တော့ပုံကဲ့သို့ အထက်ကျယ် အောက်ကျိုင်းပြီး ရီအိုးတလုံးသာသာကန်ရုံ ဆန်းကြယ်စွာပြုလုပ်ထားသည်။ အတွင်းသို့ဆင်းနိုင်ရန် တန်းခါးငယ်နှစ်ပေါက်ဟိသည်။ ကန်တွင်းပတ်ပတ်လည် အုတ်ဟောင်းများကို လှီကားထစ်သဖွယ် ရီခပ်ဆင်းနိုင်ရန် ပြုလုပ်ထားသည်။ မည်မျှပင်ခပ်ယူစီကာမူ ကုန်ခမ်းခြင်း၊ နောက်ကျိခြင်းမဟိ။ ဤရီကန်ငယ်မှရီဖြင့် တပွဲလုံးလုံလောက်သည်။ မိန်းမများ ရီမခပ်ရ။ ယခုနောက်ထပ် လူအများခပ်ယူနိုင်သော ရီတွင်းကြီးနှစ်တွင်းနှင့် သံပိုက်လုံးတင် ရီလှောင်ကန်ကြီးများပါ ပြုလုပ်လှူဒါန်းထားကြပေသည်။
ကံ့ကော်တောဟုခေါ်တွင်ခြင်းနှင့် ကံ့ကော်ပင်များဦးခိုက်ခြင်း
ရှိအယင်က ဤနီရာတ၀ိုက် ကံ့ကော်ပင်များမှလွဲ၍ တခြားမည့်သည့်အပင်မျှမပေါက်။ ရာပေါင်းများစွာသော ကံ့ကော်ပင်များပေါက်ရောက်ပြီး အလွန်မွှီးကြိုင်သာယာသော တောအုပ်ဖြစ်ခြင်းကြောင့် ကံ့ကော်တောဟု ရှိအယင်ခါကပင် ခေါ်ဝေါ်သမုတ်ခြင်းဖြစ်သည်။
ဤပေါ်တော်မူဘုရားရုပ်ပွားတော်များအား သိမ်တော်ဆောက်၍ ကိုးကွယ်ကြသည့် အချိန်မှစ၍ ဟိသမျှသောကံ့ကော်ပင်များအားလုံးမှာ ဘုရားသိမ်တော်ဘက်သို့ ထူးဆန်းစွာ ကိုင်းညွတ်ဦးခိုက်ကြောင်းကြားဖူးသည်။ ယခုအခါ လီပြင်းမုန်တိုင်းဒါဏ် အကြိမ်ကြိမ်ခံရခြင်းအားဖြင့်လည်းကောင်း၊ ထို့ပြင် ထင်းခြွီသော တောခွတ်သမားများ၏ လက်ချက်ကြောင့် အပင်အနည်းငယ်ခန့်ကျန်ပြီးဖြစ်သည်။ ယခုကျန်ဟိနီသော ကံ့ကော်ပင် (၇) ပင်မှာလည်း သိမ်တော်ဘက်သို့ ကိုင်ညွတ်လျှက်ဟိသည်။ တိပြင်တရပ်မှာကား ကံ့ကော်သျှင်မြတ်နှစ်ဆူ၏ဘုရားပူဇော်ပွဲတော်သည် ကံ့ကော်ရနံ့ မွှီးထုံပြန့်သည့် ပန်းပွင့်ချိန်နှင့်တိုက်ဆိုင်နီခြင်းဖြစ်သည်။
ထူးထူးခြားခြား ဘုရားညီနောင် ပွဲညီနောင်။
ဘုရားညီနောင်ဟုခေါ်ဆိုအပ်သော ဤကံ့ကော်တော ပေါ်တော်မူရုပ်ပွားနှစ်ဆူ၏ တန်ခိုးတော်ထူးခြားမှုများမှာကား လွန်စွာများပြားလှပေသည်။ ဘုရားသိမ်တော်သည် ရွာနှင့်အင်တန်ဝီးသောတောထဲတွင်ဟိသော်လည်း မီးမသီ၊ ရီမခမ်း၊ ပန်းမညှိုး။ အချို့အချို့သောကုသိုလ်သျှင်များက ပွဲတော်နိတွင် စောစီးစွာထ၍ အာရုဏ်ဆွမ်းကပ်သော်လည်း ဆွမ်းဦးလျှက်ဟိကြောင်းပြောသည်။ ထို့ပြင် ထူးခြားချက်တရပ်မှာကား ပလ္လင်တော်တခုတည်းတွင် မုခ် (၂) ခုဖြင့် စံမြန်းတော်မူခြင်းဖြစ်သည်။ နောက်တကြောင်းအံ့ဖွယ်မှာ ကံ့ကော်တောဘုရားပူဇော်ပွဲကျင်းပသော နှစ်ဆန်း (၁) ရက်နိမှာပင် ကျောက်ဖြူမြို့မှ (၃) မိုင် (၂) ဖာလုံ ကွာဝီးသောနီရာတွင် ရှိဟောင်းကျောက်တလုံးဂူဘုရားပွဲတော်ကိုလည်း ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ကံ့ကော်တောဘုရားပွဲတော်ကဲ့သို့ မိုးထက် (၄) ချက်တီးမှ ညဇာသား (၄) ချက်တီးသည်အထိ တနိတာပွဲတော်ဖြစ်ပြီး စတုဒီသာကျွေးခြင်း၊ ရိုးရာကျင်ကိုင်ပွဲများဖြင့် စည်ကားသည်။ ထိုနိတွင် ကျောက်ဖြူမြို့တနယ်လုံးမှ ပွဲတော်နှစ်ခုလုံးသို့ ခေါက်တုံ့ခေါက်ပြန် လားရောက်ဖူးမျှော်ကန်တော့ခြင်းဖြင့် အလွန်စည်ကားပျော်ဖို့ကောင်းသည်။ ဤသည်မှာလည်း ကံ့ကော်တောသျှင်မြတ်များ၏အံဖွယ်များဖြစ်သည်။ ကျောက်တလုံးဂူဘုရားမှာလည်း အလွန်ထူးဆန်းစွာ ကျောက်တလုံးတည်းတွင် ဂူပေါင်းများစွာ၊ ဘုရားပေါင်းများစွာဖြင့် ရခိုင်ဘုရင်မင်းဘာကြီးလက်ထက် တည်ထားခခြင်းဖြစ်သည်။ ဤသို့တန်ခိုးတော်များအပေါင်းနှင့်ပြည့်စုံတော်မူသော ကံ့ကော်တောရှိဟောင်းပေါ်တော်မူဘုရားနှစ်ဆူ၏ ထူးခြားသောဖြစ်ရပ်အကြောင်းအရာများမှာ ပီထက်အက္ခရာ၊ ကျောက်ထက်အက္ခရာမဟိသော်ငြားလည်း အစဉ်အဆက် မိဘဘိုးဖီးဘီဘင်များပြောကြားခသောစကားများသည် ယခုတိုင် သမိုင်းတွင်လျှက်ဟိသည်။
နတ်လူသာဓုခေါ်စီသတည်း၊ သာသနာတော်အဓွန့်ရှည်ပါစီသောဝ်။
ဤကား ကံ့ကော်တောဘုရားသမိုင်းအကျဉ်းတည်း။
ကိုကားချက်။ ။ ရွှေဖြူခင်မြလတ်(အရီးဒေါ်မြလတ်) ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသမိုင်း။

ငါကရခိုင် 12/01/2009
မနှင်းဇီ
နင်ကမြန်မာ
ငါကရခိုင်
မျဉ်းပြိုင်နှစ်ကြောင်း
မဆုံကောင်းပါ
ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။
ဤကဗျာမှာ မနှင်းဇီအား ကိုသာကျော် နောက်ဆုံးပီးခသော ကဗျာဖြစ်သည်။ ဤကဗျာကို ပီးပြီးနောက် ကိုသာကျော်သည် သူချစ်သော မနှင်းဇီအားကြောခိုင်းပြီး ရန်ကုန်မှ သူ့မွီးရပ်မြီ ရခိုင်ပြည်သို့ အပြီးအပိုင်ထွက်ခွာလာခသည်။ ဘ၀နှင့်ပုံ၍ ချစ်ခရစွာဖြစ်လို့ ကိုသာကျော် မနှင်းဇီနှင့်ခွဲရစဉ်မှာ ရင်ဆို့အောင်ခံစားရသည်။
အပိုင်း (၁)
ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ် မြန်မာစာကျောင်းသားတဦးဖြစ်သော ရခိုင်သားကိုသာကျော်သည် သူနှင့်အတန်းတူ အချိန်တူ မြန်မာမချေ “မနှင်းဇီ” နှင့် ချစ်ရည်မျှခသည်။ သူရို့ချစ်ကျွမ်းဝင်ပုံကလည်း ဆန်းဆန်းချေဖြစ်သည်။ တယောက်နှင့်တယောက် နတ်ယင်းသွမ်းယင်း ရည်းစားဖြစ်လားခကတ်သည်။ မနှင်းဇီရို့ကျောင်းသူအုပ်စုက အတန်းထဲတွင် ကိုသာကျော်အပါအ၀င် ရခိုင်ကျောင်းသားများကို နာမည်ထုတ်မခေါ်ဘဲ “ခုနစ်ခိုင်” ဟုခေါ်သည်။ ရခိုင်မှ “ရကောက်” ကို “ခုနစ်ဂဏန်း” ဖြင့်အစားထိုးပြီး နတ်သည့်သွမ်းသည့်သဘော “ခုနစ်ခိုင်” ဟု ခေါ်ခြင်းဖြစ်သည်။
မနှင်းဇီသည် သူရို့အုပ်စုထဲတွင် အလှဆုံး၊ အသားမဖြူမညို နှာတံပေါ်လွင်ပြီး ရယ်လိုက်လျှင် ပါးချိုင့်ပေါ်သည်။ သူ့ပိုင် အချောအလှမချေက “ကိုသာကျော်” လို့ ခေါ်ဖို့အစား “ကိုခုနစ်ခိုင်” လို့ ခေါ်နီခါ ကိုသာကျော်က အောင့်သက်သက် ခံနီရသည်။ ထို့ကြောင့် ကိုသာကျော်လည်း “ခုနစ်ခိုင်” လို့ခေါ်စွာတုန့်ပြန်ဖို့ စကားလုံးလိုက်ရှာရပါတော့သည်။ ထိုအခါ စကားတလုံးကို ကိုသာကျော်လားတွေးမိသည်။
ထိုနိမှစ၍ မနှင်းဇီက “ကိုခုနစ်ခိုင်” လို့ခေါ်တိုင်း ကိုသာကျော်ငြိမ်ခံမနီ။ “ဟေ့ ကိုခုနစ်ခိုင် နီကောင်းလား” ဟု မနှင်းဇီးကမီးလာလျှင် ကိုသာကျော်က “မနှင်းဇီ” ကျွန်တော့်နာမည်က “ကိုခုနစ်ခိုင်” မဟုတ်ပါ။ ကိုချစ်ခိုင်ပါ။ ချစ်ကေခိုင်လွန်းလို့ “ကိုချစ်ခိုင်” လို့ခေါ်စွာပါ။ “ခုနစ်ခိုင်” လို့ မခေါ်ပါကဲ့။ “ကိုချစ်ခိုင်” လို့ နာမည်ပြောင်းခေါ်ပီးလို့ရပါဖို့လားစသဖြင့် ပြန်လှန်ရပါသည်။ ထိုအခါ မနှင်းးဇီမှာ မျက်လွှာချပြီး ဂေါင်းငုံ့လားတတ်သည်။ ထိုသို့ တဦးနှင့်တဦး နတ်ယင်းသွမ်းယင်းနှင့် ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ဦး နောက်ပိုင်းတွင် သမီးရည်းစားဖြစ်လားသည်။
အပိုင်း (၂)
ရည်းစားဘ၀ဖြစ်လားသောအခါ သူရို့နှစ်ဦး မိုးမမြင်လီမမြင် ပျော်သည်။ ကျောင်းပြီးလျှင် မနှင်းဇီကို လက်ထပ်ယူရန် ကိုသာကျော်က ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းတွင် ကိုသာကျော်က ကျောက်ဖြူမှ အမိအဖထံသို့ အကြောင်းကြားသည်။ မိခင်ဖြစ်သူ မိဒေါ်ညွန့် ရန်ကုန်ထိလိုက်လာပြီး မနှင်းဇီနှင့်တွိသည်။ စကားပြောသည်။ ချွေးမလောင်းကို အကဲခတ်သည်။ နောက်ပိုင်းတွင် စမ်းချောင်းသျှမ်းလမ်းမှ မနှင်းဇီရို့အိမ်ထိ လိုက်လည်သည်။ မနှင်းဇီမိဘများနှင့်လည်း တွိဆုံသည်။ အားလုံးအိုကေ အဆင်ပြေသည်။ ကိုသာကျော်ရို့ မိသားစုသည်လည်း ကျောက်ဖြူတွင် ထိပ်ထိပ်ကြဲဖြစ်သည်။ အသောက်အစားကင်းပြီး လူတဘက်သားကိုကူညီတတ်သော မိသားစုဖြစ်သဖြင့် လူချစ်လူခင်များသည်။
၎င်းအပြင် လူမျိုးရေးအစွဲကင်းသည်။ (ရခိုင်-မြန်မာ) ခွဲခြားမှုမဟိ။ အားလုံးမိသားစုတခုကဲ့သို့ သဘောထားသည်။ ကိုသာကျော်သည် ရခိုင်သားဖြစ်သော်လည်း ကျဉ်းမြောင်းသော အမျိုးသားအတွေးအခေါ်အယူအဆမဟိ။ သို့ဖြင့် မနှင်းဇီကို ရာသက်ပန်အိမ်ထောင်ဖက်အဖြစ် ကိုသာကျော် ရွီးချယ်လိုက်သည်။ ကိုသာကျော်နှင့် မနှင်းဇီအကြား မည်သည့်အဟန့်အတားမှမဟိ။ ချစ်သူများလျှောက်သောလမ်းသည်ကား ခရောင်လမ်းမဟုတ်၊ ပန်းခင်းသောလမ်းအတိဖြစ်သည်။
အပိုင်း (၃)
ထိုတနိ။ ထိုတနိကို ကြမ္မာငင်သောနိဟု ဆိုရဖို့လားမသိ။ ထိုနိတွင် ကိုသာကျော်နှင့် မနှင်းဇီရို့ လမ်းခွဲခရပါသည်။ ကိုသာကျော်နှင့်မနှင်းဇီရို့နှစ်ဦး ရွှေတိဂုံမြောက်ဘက်မုခ်မှ ဘုရားပေါ်သို့တက်လာလတ်သည်။ လမ်းဘေးပန်းသည်တဦးက ပန်းတိလန်းလန်းဆတ်ဆတ် ယူပါအုံးပြောလို့ ပန်းစည်း တယောက်တစည်းယူပြီး ဘုရားပေါ်တက်လာသည်။ မနှင်းဇီက င်္အဂါသမီးဖြစ်၍ င်္အဂါထောင့်တွင်ပန်းတင်ပြီး ရွှေတိဂုံစေတီကို လက်ညာရစ်ပတ်ယင်း အနောက်ဘက်စေတီရင်ပြင်တော်အနီး အနောက်ပြည်ရခိုင်ကုန်သည်ကြီးများတန်းဆောင်တွင် နှစ်ယောက်သားထိုင်သည်။
နီမညှိုးသိမ့်သဖြင့် ဘုရားပေါ်တွင် လူကြဲနီသည်။ အချေနှစ်ယောက်က မိခင်ဖြစ်သူနှင့်အတူ တန်းဆောင်အရိပ်ခိုပြီး ခွာစာကျွေးနီသည်။ ခွာချေတိကလည်း အချေလက်ထက်တက်ပြီး အစာစားလိုက် ပျံလိုက်နားလိုက် မြင်ရသောမြင်ကွင်းသည် ချစ်ဖို့အလွန်ကောင်းသည်။ ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ယောက်စလုံး အချေတိ ခွာစာကျွေးနီရာသို့ မျက်စိရောက်လားသည်။ မနှင်းဇီက ကိုသာကျော်ကို စပြောသည်။ “ကိုကို အချေတိ ကကောင်းချစ်ဖို့ကောင်းရေ” ကိုသာကျော်ကလည်း သဘောတူ ဂေါင်းညှိတ်ယင်း “ဟုတ်တေ မနှင်းဇီ အချေတိ ကကောင်းချစ်ဖို့ကောင်းရေနှန်း” ဟုဆိုသည်။
ထိုမှတဆင့် သားသမီးမွီးလာပါက ယောက်ျားချေနှင့် မမချေ “ပဇာကို ပိုကြိုက်တေလဲ” ဟု မနှင်းဇီက မီးသည်။ ကိုသာကျော်က ယောက်ျားချေဘဲမွီးမွီး သမီးချေဘဲမွီးမွီး သားသမီးဖြစ်သဖြင့် ချစ်ရမည်ဖြစ်ကြောင်းပြောသည်။ ထိုမှတဆင့် သားသမီးများမွီးလာပါက။ သားသမီးများ၏နာမည်ကိစ္စသို့ ရောက်လာသည်။ ထိုအခါ ကိုသာကျော်က “ကိုယ့်သားတိကို ရခိုင်နာမည်စစ်စစ် “သာထွန်းဦး“ ၊ “ကျော်လှဦး” စသည်ဖြင့် နာမည်ထားချင်ကြောင်းပြောသည်။ မနှင်းဇီမျက်နှာ ကိုသာကျော်စကားကြောင့် အနည်းငယ်ပျက်လားသည်။ “ဇာဖြစ်စွာလဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “အေနာမည်တိ မဖြစ်နိုင်ထင်ရေ ကိုကို” ဟုဆိုသည်။
ကိုသာကျော်က “ဇာဖြစ်လို့လဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “စိတ်မဟိပါကဲ့ ကိုကို မနှင်းဇီက သားချေတိနာမည်ကို မြန်မာနာမည်ဖြစ်တေ “ကျော်စွာမြင့်” ၊ “ဇော်လွင်မြင့်” ယင်းပိုင် နာမည်တိရာထားချင်စွာပါ။ ဇာဖြစ်လို့လဲဆို ကိုကို့သားတိနာမည်ကို ရခိုင်ပိုင်ထားကေ ကိုကိုသားတိ ဇာခါလည်း ရာထူးကြီး၊ အစိုးရထိပ်ပိုင်းရာထူးတိကို ရလီဖို့မဟုတ်ယာ။ မနှင်းဇီက သားချေတိကို စစ်ဗိုလ်ချုပ်ကြီးတိ၊ နိုင်ငံတော်အကြီးအကဲတိ ဖြစ်ချင်စွာ။ နာမည်တခုကြောင့် မနှင်းဇီသားချေတိ အနာဂါတ်တက်လမ်း ပိတ်မလားစီချင်ပါ ကိုကို”။ ကိုသာကျော်၏နှလုံးသား ဆားနှင့်အတို့ခံရပိုင် ခံစားလားရသည်။
ဖနောင့်ကသွီး ငယ်ထိပ်တက်လားသည်။ “ဟုတ်လား မနှင်းဇီ၊ အေတိုင်းပြည်မှာ ရခိုင်နာမည်ထားစွာနှင့် အစိုးရထိပ်ပိုင်းရာထူးကို မရနိုင်ပျာလား။ စစ်ဗိုလ်ချုပ်ကြီးတိ မဖြစ်နိုင်ပျာလား။ နိုင်ငံတော်အကြီးအကဲ မဖြစ်နိုင်ပျာလား” ကိုသာကျော်က ရင်ဆို့ဆို့ပြောသည်။ မနှင်းဇီသည် အ၀ီးတနီရာသို့ကြည့်ယင်း ပြောလာသည်။ “ဟုတ်တေ ကိုကို ။ အေချင့် အမှန်ပါ။ မနှင်းဇီ ကိုကို့ကို စမချစ်ခင်ကပင် အေကိစ္စကို အယင်စိုင်းစားပြီးသားပါ။ အထူးသဖြင့် သားသမီးတိ အနာဂါတ်ခရီး။ ရခိုင်သားတယောက်နှင့်ရရေ မနှင်းဇီသားသမီးတိ အေတိုင်းပြည်မှာ ဇာပိုင်လူရာဝင်လဲဆိုစွာကိုပါ”။ ကိုသာကျော် နားလည်လိုက်ပါပျာ။
မနှင်းဇီ၏စကားလုံးများသည် ကိုသာကျော်၏နှလုံးသားကို မျှားချွန်းချွန်းနှင့် တချက်ချင်းထိုးနီရေပိုင် ခံစားမိသည်။ ကိုသာကျော် ဇာလည်းဆက်ပြောချင်ပျာ။ ထိုနိက မနှင်းဇီကို သူ့အိမ်သျှမ်းလမ်းထိ ကိုသာကျော်လိုက်ပို့သည်။ သို့သော် စကားတခွန်းမပြောဖြစ်။ ချစ်သူနှစ်ဦး၏အိမ်အပြန်လမ်းရီးသည် ဆိတ်ငြိမ်လွန်းလှ၏။ မနှင်းဇီရို့အိမ်သို့ရောက်သော်လည်း စကားတခွန်းမျှမပြောမဆိုဘဲ လှည်းတန်းအခန်းသို့ ကိုသာကျော် လှည့်ပြန်လာလတ်သည်။ လာလမ်းတလျှောက် ကိုသာကျော်၏အတွေးအာရုံကို မနှင်းဇီ၏စကားလုံးများက ကြီးစိုးထားသည်။ နှလုံးသားဖြင့်ရင်း၍ချစ်ရပါသော်လည်း ဘ၀ကား မနှင်းဇီကို လက်ထပ်ရန်မဖြစ်နိုင်တော့။ ကိုသာကျော် နားလည်သဘောပေါက်လိုက်သည်။
(နိဂုံး)
မိုးလင်းသောအခါ ကိုသာကျော် မနှင်းဇီရို့အိမ်သို့လားပါသည်။ မနှင်းဇီက အိမ်တန်းခါးဖွင့်ပီးသည်။ ကိုသာကျော်အိမ်ထဲဝင်ရန် စိတ်မဟိတော့ပါ။ အသင့်ရွီးယူလာသောကဗျာနှင့် မနှင်းဇီ အမှတ်တရပီးထားခသောပစ္စည်းများကို မနှင်းဇီလက်ထဲ ပီးအပ်ယင်း ကိုသာကျော် မနှင်းဇီကို ကြောခိုင်းလိုက်ပါသည်။
မနှင်းဇီ နင်ကမြန်မာ ငါကရခိုင် မျဉ်းပြိုင်နှစ်ကြောင်း မဆုံကောင်းပါ ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။
(ကွန်ချုပ်ကေ)

မြောက်ဦးနန်းတော်ကုန်း
12/01/2009
မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန်တည်ဆောက်ခသည်မှာကား
မူလနဂိုရ်အားဖြင့်
ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိလျှက်တည်ခသော ကျောက်ဆောင်ကျောက်သားမြီခံမြီများဖြစ်သည်။
နန်းတော်ကုန်းပတ်လည်
စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်များဖြင့်တံတိုင်းပြုကာ အမာခံလျှက် ကေဇာသက္ကရာဇ်
(၇၉၂) ခု တော်သလင်းလဆန်း (၁) ရက်တလဂုင်္နီနိ၊ ခရစ်သက္ကရာဇ် (၁၄၃၀)
ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်သည်။
ပထမဆုံးမြောက်ဦးခေတ်ထီးနန်းတော်ကို မင်းစောမွန်မင်းများလက်ထက် အုတ်တံတိုင်းများဖြင့်သာ အောက်ခြီချလျှက် တည်ဆောက်ခခြင်းဖြစ်သည်။ မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်လက်ထက်ရောက်သောအခါ၌ကား ကျောက်အမာခံတံတိုင်းများဖြင့်ထပ်မံပြီးသော် ခိုင်ခံ့ကြီးကျယ်စွာတည်ဆောက်သည်။
သို့ဖြစ်ပါ၍ ရခိုင်မဟာရာဇဝင်တော်ကြီးလင်္ကာတွင် (စောမွန်ပျင်ပြု၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး) ဟုလည်းကောင်း။ (မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လှာပြုလစ်၊ သက္ကရာဇ်ကား၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း) ဟူ၍လည်းကောင်း တွိရသည်။
နန်းတော်ကုန်း၏အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံးအမြင့်မှ အောက်ဆုံးအဆင့်ထိပေပေါင်း (၅၀) မြင့်သည်။ တတိယအဆင့်၏ တောင်မှမြောက်သို့ ပေပေါင်း (၁၆၀၆) ပေဟိသည်။ အရှိမှအနောက်သို့ ပေပေါင်း (၁၇၄၀) ပေ ဟိသည်။ တံတိုင်းများအောက်ခြီတွင် ကျောက်သား (၇) ပေထုထည်ဟိသည်။ တံတိုင်းများ၏အထက်ပိုင်းထုထည်မှာ (၄) ပေဖြစ်သည်။ ပထမနှင့် ဒုတိယတံတိုင်းအကွာအဝီးမှာ ပေပေါင်း (၂၃၇) ပေ ရှည်သည်။ အပေါ်ဆုံးအထက် နန်းရင်ပြင်၏အကျယ်အဝန်းမှာ (၆၅၆) ပေကျယ်ဝန်းသည်။ အရှိဘက်အဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၂၃၃) ပေဟိသည်။ ၎င်းမှ တတိယအဆင့်တန်းခါးသို့ (၁၆၆) ပေဟိသည်။
အပေါ်ဆုံးအထက်နန်းရင်ပြင်၏ မြောက်မှတောင်သို့ အလျားပေပေါင်း (၆၇၉) ပေ ကျယ်သည်။ တောင်ဘက် တတိယအဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၁၃၈) ပေဟိသည်။ ၎င်းမှ ပထမအဆင့်တန်းခါးသို့ ပေပေါင်း (၄၅၀) ကွာဝီးသည်။ တန်းခါးများ၏ဝင်ပေါက်မှာ (၁၀) ပေစီကျယ်ဝန်းသည်။ တံခါးတဘက်တချက်စီ၏ တန်းခါးဘောင်များမှာ
(ဂ) ပေစီ ရှိသို့ထိုးထွက်လျှက် တည်ဟိသည်။ တံတိုင်းများထုထည်အထူမှာ (၇) ပေ (၆) လက်မစီဟိပြီး (၁၂) ပေစီ မြင့်သည်။ တန်းခါးများ၏အတွင်းဘက်နံရံများ၌ မြီကြီးသည် တပေခန့်အကွာ ကျောက်တုံးကြီးများနှင့် (၈) ပေအမြင့်ဟိသော ကျောက်တုံးကြီးတွင် (၅)လက်မဟိသော အပေါက်တပေါက်စီကို ထွင်းလုပ်ပြုပျင်တပ်ဆင်ထားသည်။
ထိုတန်းခါးပေါက်များကို ပိတ်ဖွင့်နိုင်ရန်အတွက် အရှင်တန်းခါးတပ်ဆင်ထားခြင်းဖြစ်သည်။ နန်းတော်၏အနောက်ဘက် ဒုတိယနှင့် တတိယတံတိုင်းအကြားတွင် ကျုံးများဟိသည်။ အရှိတောင်ဘက်တွင် ဗဟိုရ်စည်တော်ထားဟိသော စည်တော်ကိုအချိန်မှန်ယွန်းသော(ယွန်းထောင်) ခေါ် (ရွန်းတောင်) တည်ဟိသည်။ တောင်ဘက်တွင် (ဝယိုင်သာ) ခေါ် (ဥယျာဉ်တော်) ဟိသည်။
နန်းတော်၏အရှိဘက် ဒုတိယအဆင့်တွင် နန်းတွင်းသူနန်းတွင်းသားများသောက်သုံးကုန်သော သောက်ရီကန် (နန်းသားကန်) တည်ဟိသည်။ ယခုအခါ ထိုကန်ကို (နံသာကန်) ဟုခေါ်ဆိုသည်။ ယခုနန်းတော်ကုန်း၏အရှိဘက်ဆင်းလမ်း (နန်းကျောက်လှီကား) နှင့် အနောက်ဘက် နန်းကုန်းအဆင်းလှီကားရို့မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ (မြောက်ဦးနန်းတော်ကုန်းအားဖောက်ပြီးသော် ရှိနောက်တောက်လျှောက်ပိုင်းပြီး လမ်းလုပ်ရန်စီစဉ်ခသည်။ တမြို့လုံးကကန့်ကွက်ဆန္ဒပြသဖြင့် လမ်းမဖောက်လုပ်ဘဲရပ်တန့်ကာ ယခင်မင်းဆင်းလမ်းလှီကားကိုပတ်၍ အရှိအနောက်တဖြောင့်တည်း ကျောက်လှီကား (၂) ခုကို တပ်ဆင်ထားခခြင်းဖြစ်သည်။
ရခိုင်မင်းများလက်ထက် နန်းတော်ကုန်းသို့အဆင်းအတက်ကျောက်လှီကား အစစ်အမှန်နီရာများသည်ကား အနောက်ဘက်၌ ယခုပါတီယူနစ်ယုံးဟောင်းအရှိဘက် ကျောက်လှေကားဆင်းလမ်းတခု၊ ၎င်းနှင့် အရှိဘက်သို့တဖြောင့်တည်း နန်းသားကန်တော်ဘက်သို့ဆင်းလမ်း ကျောက်လှီကားတခုဖြစ်သည်။
ရှိမင်းများသည် ဤနန်းတော်ကုန်းသို့ အရပ်လေးမျက်နှာမှ ဆင်းတက်နိုင်စီရန်အတွက် အရပ်လေးမျက်နှာတွင် ကျောက်လှီကားတန်းခါးပေါက် (၄) ခုကို တွိမြင်ကတ်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်မြို့တည် ဗိသုကာကျမ်း၌ဖော်ပြထားသည်မှာ-
(ခုနစ်ရာကိုးဆယ်၊ စွန်းဝယ်နှစ်ဖော်၊ လတော်သလင်း၊ လျှံဝင်းထွန်းညီး၊ ထွက်ပြီးနီတက်၊ ဆန်းတရက်၌၊ မြောက်ဦးမြို့သာ၊ တည်ခြင်းရာကား၊ တောင်ညိုကုက္ကား၊ နှစ်ပါးတူညီ၊ ဘုမ္မိနက်သန်၊ မြီကြန်သင့်ရာ၊ ယင်းသည်မှာလည်း၊ အကာအင်းသီး၊ ထားတုံပြီးမှ၊ တည်ထမြို့နန်း၊ ကန်စန်းကန်လဂ်၊ တထောင်ဘက်ကို၊ မပျက်ထိုရော်၊ ဆက်တက်သော်ကား၊ အရာထောင်သောင်း၊ ကျိန်းခန်းအောင်း၏) ဟူ၍ပင်လျှင် ပါဟိသည်။ ဤမြောက်ဦးမြို့နန်းတော်ကုန်းကို တံတိုင်းသုံးတန် ဝိုင်းကာရံလျှက် ထိုတံတိုင်းများအကြားတွင်လည်း ကျုံးတော်များထားဟိသည်။
မြို့တံတိုင်းများအထက်ဝယ်လည်း မြင်းစီးသူရဲဗိုလ်ပါများစီးနင်းလားလာလှုပ်လျှားနိုင်အောင် စီမံပြုလုပ်ထားသည်။ မြို့ကျောက်တန်းခါးများကိုလည်း ခိုင်လုံစွာဖြင့် ခမ်းနားကြီးကျယ်စွာ တည်ဆောက်စီမံထားခသည်။ ထို့ကြောင့် မြောက်ဦးမြို့တော်ကြီးသည် ထိုအချိန်ထိုအခါက အိမ်ခြီပေါင်းများစွာနှင့် ကြက်ပျံမကျစည်ကားခသည်။ သို့ဖြစ်ပါ၍ ခရစ်အေဒီ (၁၅) ရာစုမှ (၁၆) ရာစုထိကာလအတွင်း အလွန်ချမ်းသာကြွယ်ဝသော ကမ္ဘာ့အဆင့်မှီ သမိုင်းတွင်ထင်ရှားသော (The City Of MraukK Oo) မြို့ကြီးတမြို့ဖြစ်ပေတော့သည်။
ဓညဝတီဦးအောင်ဇေယျ
(သမိုင်းသုတေသီ)
အငြိမ်းစားကျောင်းဆရာကြီး
မြောက်ဦးမြို့

No comments:
Post a Comment